"ဘာလို့ဒီနေ့မိုးခြိန်းသံတွေက အရင်နေ့တွေထက်ပိုကျယ်လောင်နေရတာလဲ"
"ဒီနေ့ မိဘုရားခေါင်ကြီးမွေးဖွားမဲ့နေ့လေ"
"ဟုတ်လား ငါတို့တော့ဘယ်လောက်တောင်ဒုက္ခခံရဦးမလဲမသိဘူး နန်းသွေးမထိန်းကားတော့တာ မိဘုရားငယ်ကျိန်စာတိုက်ကတည်းကဆို၁၀နှစ်ကျော်တောင်ရှိပြီ နန်းသွေးထိန်းကားလာပြန်တော့လဲ တိုင်းပြည်တစ်ခုလုံးဒုက္ခမျိုးစုံခံရတော့တာပဲ"
အသက်ရွယ်လတ်ပိုင်း မိန်းမသားနှစ်ဦးက မိုးခြိန်းနေတာ မကြာခင်မိုးရွာတော့မယ်ဆိုတာသိလို့
ရောင်းချနေသော ကြွေခွက်လေးတွေက်ိုကောက်သိမ်းရင်း
နန်းသွေးရတာလဲ သူတို့အတွက်ကံမကောင်းကြောင်းပြောဆိုနေ၏။ဘေးနားကစျေးသည်တွေကလည်းနန်းသွေးကိုစော်ကားရကောင်းလားဆိုပြီးဒေါသမထွက်ကျဘူး။ဒေါသထွက်ဖို့မပြောနဲ့ သူတို့အတွက်တော့ဒါဟာသူတ်ို့နေတိုင်းပြောနေတဲ့ လက်သုံးစကားတစ်ခုလိုတောင်ဖြစ်နေပြီ။
ဒီစိတ်ပျက်စရာစကားတွေဖြစ်လာတဲ့ အခြေခံအရင်းမြစ်ကသက္ကရာဇ် ၁၃၅၄
လျိုဂူဂျောင် တိုင်းပြည် Jeonမျိုးစက်အုပ်စိုးစဥ်ကာလ
Jeonမင်းဆက်၏တတိယမြောက်မျိုးဆက် Jeon Soo Gyi အုပ်ချုပ်နေစဥ်ကာလက တိုင်းပြည်ဟာအရမ်းကျော်ကြားပြီး တိုင်းသူပြည်သားတွေငြိမ်းချမ်းစွာနေထိုင်နိုင်ခြင်းတွေသည် ရှင်ဘုရှင်ရဲ့ဘုန်းကံတွေကြောင့်ပေါ့။အရမ်းကိုအေးချမ်းလွန်းတဲ့တိုင်းပြည်မှာကံဆိုးခြင်းတွေကြုံလာတော့မယ်ဆိုတာ ဘယ်သူကထင်မှာလဲ။
အရှင်ဘုရင်ကြီးမှာမိဘုရားခေါင်ကြီးနဲ့မိဘုရားတစ်ပါးရှိတယ်။
အရှင်ဘုရင်ကြီးရဲ့ ကြင်ဖက်တွေက တစ်ယောက်နဲ့တစ်ယောက်မနာလိုမုန်းတီးမှုတွေအလျင်းမရှိ
ညီအစ်မတွေလို တစ်ယောက်ကိုတစ်ယောက်ချစ်ခင်ပြီး လေးစားကြသည်။Jeonနန်းတော်ကြီးဟာ ထိုအချိန်အထိတော့အေးအေးချမ်းချမ်းပါပဲ။မုန်တိုင်းမလာခင်လေပြေအရင်လာတယ်ဆိုမျိုးပေါ့။
မိဘုရားငယ်ဟာတိုင်းပြည်ရဲ့ပထမဆုံးနန်းသွေးလေးကိုလွယ်ထားရတဲ့အချိန်ရောက်တော့ မင်းကြီးသာမက ဧကရီနဲ့အတူနန်းတော်တစ်ခုလုံးကမိဘုရားကိုအရမ်းဂရုစိုက်ခဲ့သည်။ဒါပေမဲ့ကံဆိုးစွာ နန်းသွေးဟာမိန်းကလေးဖြစ်နေခဲ့တော့ မိဘုရားဟာနန်းတော်ကိုစွန့်ခွာမလား ကိုယ့်ရင်သွေးကိုအသေခံမလား မိဘုရားဟာရွေးရခက်ခဲ့ပါသည်။
ဒီဥပဒေဟာအရင်မင်းကြီးတွေလက်ထက်ထဲကကျင်သုံးလာတဲ့အစဥ်အလာ။မိဘုရားဟာသူ့၏အစ်မတော်ကဲ့သို့ချစ်ခင်ရတဲ့မိဘုရားခေါင်ကြီးကိုမင်းကြီးကိုနားချဖို့ကူညီတောင်းခဲ့တော့မိဘုရားခေါင်ကြီးဟာမင်းကြီးကိုနားချခဲ့သည်။မင်းကြီးဟာသူ့ရင်သွေးလေးနဲ့မိဘုရားကိုချစ်သော်လည်း တည်ဆဲဥပဒေကိုချိုးဖျက်လျှင် အပြစ်ဒဏ်က ဘုရင့်ထီးနန်းသာ။
သူ မမက်ပေမဲ့ထီးနန်းသာမှူးမတ်တွေလက်ထဲရောက်သွားရင်ခံရမှာက အပြစ်မဲ့တဲ့ပြည်သူပြည်သားတွေ။
သူတစ်ကိုယ်ကောင်းမဆန်ချင်ပါ။ဒါကြောင့်မို့ဘုရင်ဟာထိုဥပဒေအတိုင်း မိဘုရားကိုရွေးခိုင်းခဲ့သည်။
မိဘုရားဟာ သူ့အရမ်းချစ်ရတဲ့မင်းကြီးနဲ့ သူတို့နှစ်ယောက်ရဲ့သွေးသားဖြစ်တည်မှု တို့ကိုရွေးချယ်ရာမှာ မိဘုရားသည်အရမ်းနာကြည်းခဲ့ပါသည်။
"မငဲ့ညှာတော့ဘူးလား မင်းကြီး
နှမတော်က မင်းကြီးချစ်ရတဲ့ မိဘုရားပါ။
နှမတော်နေရာမှာအစ်မတော်ဆိုရင်ရော
မင်းကြီးရဲ့ဆုံးဖြတ်ချက်ကဒီအတိုင်းပဲလား။
သေချာတာက မင်းကြီးကအစ်မတော်ရဲ့လက်ကိုဆွဲပြီး
ရင်သွေးလေးကိုရင်မှာပိုက် နန်းတော်ကထွက်ပြီး သာယာတဲ့မိသားစုခရီးလမ်းကိုသွားမှာမလား"
YOU ARE READING
Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေး
FanfictionUnicode ကြယ်တာရာ ကောင်းကင်းကြီးအောက် လမင်းကြီးကို မျက်ကွယ်ပြုပြီး ကြာပန်းဖြူတွေကိုင်ထားတဲ့ ကိုယ်တော်ရဲ့အဖြူရောင်လေးကို နမ်းပါရစေ။ Jeon မင်းကြီး သူရိန်နေမင်းရဲ့ အရှိန်အဝါကိုသက်သေပြုပြီး ဓားကိုင်ထားတဲ့ အရှင့်ရ...