အပိုင်း (၃)ငါအော်ပြောလိုက်တာလား

411 49 1
                                    

Unicode
သက္ကရာဇ် ၁၈၇၃
"Jeonအိမ်ရှေ့စံကိုဂုဏ်ပြုပါတယ်
Jeonအိမ်ရှေ့စံသက်တော်ရာကျော်ရှည်ပါစေ"

တိုင်းပြည်တစ်ခုလုံးပဲ့တင်ထပ်နေတဲ့သြဘာသံတွေ။
ထိုသြဘာသံတွေက ပြည်သူတွေအမြဲတမ်းချီကျူးနေတဲ့
စကားလုံးတွေ။
ပြည်သူတွေကလမ်းကြောင်းလေးအတိုင်းရပ်နေကြပြီး
အထပ်ထပ်အခါခါရွာသွန်းနေသလိုဖြစ်နေတဲ့နှင်းဆီပွင့်ဖတ်တွေ။
အနက်ရောင်မြင်းကြီးကိုစီးနှင်ပြီးပြည်သူတွေကိုကြည့်နေတဲ့
သူ့ရဲ့မျက်နှာမှာသွေးတွေအပြည့်။
အနက်ရောင်မြင်းကြီးနင်းနေတဲ့ နှင်းဆီပွင့်ဖတ်တွေကိုမြင်တော့
မျက်ခုံးတွေတွန့်ချိုးသွားပြီး
မြင်းကြိုးကိုကိုင်ထားတဲ့လက်တွေတင်းခနဲ။
"မင်းတို့ကို ငါပြောထားတယ်မလား
ငါပန်းတွေကိုမမြင်ချင်ဘူးလို့
ခုရှင်းလင်းစမ်း"
"စိုးရွံ့မိပါတယ်
နှင်းဆီပွင့်ဖတ်တွေကို မိဘုရားခေါင်ကြီးကစီစဥ်ခိုင်းလို့ပါ"
အမြဲတမ်းကြားနေရတဲ့အဖြေအတွက်
သူမေးခွန်းတွေအခါခါမေးနေမိတုန်း။
မြင်းကိုအလျင်မြန်ဆုံးစီးနှင်ပြီးထွက်သွားတဲ့ အိမ်ရှေ့စံလေး။
မိဘုရားခေါင်ကြီးရဲ့ဇွဲလုံ့လက စွမ်းအားကြီးတာကို။
အခုလည်းအိမ်ရှေ့စံလေးရဲ့စိတ်နှလုံးအေးချမ်းမယ်လို့ထင်လား
နောက်က ရဲမက်တွေဆွဲခေါ်လာတဲ့အခြားတိုင်းပြည်ရဲ့မင်းမျိုးနွယ်တွေကသက်သေ။
သောကပူလောင်ခြင်းတရားတွေကိုဖန်တီးခဲ့ပြန်ပီ။

"သားတော်ကိုကြိုဆိုပါတယ်"
နန်းတော်ရဲ့တံခါးမှာစောင့်နေတဲ့ ခမည်းတော်နဲ့မယ်တော်
မျက်နှာတော်တွေက သူပြန်လာတိုင်း ဝမ်းသာတယ်ရယ်လို့မရှိ။
"ဂုဏ်မပြုဘူးလား မယ်တော်နဲ့ခမည်းတော်"
"ဘာအရာကိုဂုဏ်ပြုစေချင်တာလဲ သားတော်"
"သားတော် တိုင်းပြည်၁၅ပြည်ကိုသိမ်းပိုက်ပြီးနေပြီ
မယ်တော်တို့က သားတော်အောင်လံလွှင့်ပြီးလာတိုင်း
မပျော်ရွှင်သလိုပဲ"
"ဘာကိုပျော်ရွှင်ရမှာလဲ အခြားတိုင်းပြည်ရဲ့ပူဆွေးဝမ်းနည်းခြင်းတွေသယ်လာတဲ့ သားတော်ကိုမယ်တော်တို့က ဝမ်းသာတကြီး
ပွေ့ဖက်ပေးရမှာလား"
"မယ်တော်တို့ အမြဲတမ်းဒီစကားတွေကိုပဲပြောနေတော့မှာလား
သားတော်မှားတာပါ အမှတ်မရှိအခါခါမေးနေမိတာကို"
ခပ်ရွဲ့ရွဲ့စကားတွေပြောပြီး နန်းတော်ထဲဝင်တော့မဲ့သားတော်က
ကျောခိုင်းပြီးပြောလာတဲ့စကား
"မယ်တော်တို့ ဒီစကားကိုနောက်တစ်ခါလောက်ပဲပြောရတော့မှာပါ
သားတော်ကလည်း နောက်ဆုံးတစ်ခါအနေနဲ့ပြန်မေးဦးမှာပါ"
ကျောခိုင်းကာထွက်သွားတဲ့သားတော်ရဲ့ကျောပြင်ကိုကြည့်ပြီး
မျက်ရည်တွေဝဲနေတဲ့မိဘုရားခေါင်ကိုဖက်ထားလိုက်တဲ့မင်းကြီး။
"သားတော်က ပူဆွေးခြင်းရဲ့လက္ခဏာလား"
"သားတော်ရဲ့အေးချမ်းမှုလေးကို ဘယ်မှာရှာရမလဲ"
မင်းကြီးရဲ့အမေးစကားကြောင့်ရုတ်တရက်သတိရပြီး
ပြေးထွက်သွားတဲ့ မိဘုရားခေါင်ကြီး။
"သားတော်"
"မယ်တော်ဘာလာလုပ်တာလဲ
သားတော်နားတော့မယ်"
"သားတော် ၁၀နှစ်သားတုန်းကမယ်တော်လက်ဆောင်ပေးလို့
သားယူခဲ့တဲ့စာအုပ်လေးမှတ်မိလား"
မယ်တော်ကစာအုပ်တွေအများကြီးလက်ဆောင်ပေးပေမဲ့
မယ်တော်စိတ်ကျေနပ်ရုံသာ ယူလာခိုင်းခဲ့ပြီးတစ်ခါမှမဖတ်။
မယ်တော်ပြောတဲ့စာအုပ်ကို သူသိတာပေါ့
စာမျက်နှာအနည်းငယ်သာရေးသားထားပေမဲ့
စာလုံးရေတွေအလွတ်ရတဲ့အထိ သူဖတ်ခဲ့တာ
ဖတ်တိုင်းလည်း စိတ်တွေကတစ်မျိုးတစ်ဖုံ။
ဖတ်နေတုန်းခဏလေးအတွင်းမှာစိတ်ချမ်းသာရပေမဲ့
အခြားအချိန်တွေမှာအမြဲတမ်းပူလောင်နေမြဲ။
"မယ်တော် ဘာလုပ်ဖို့လဲ"
"မယ်တော်ကြည့်ချင်တာလေးရှိလို့ပါ
မယ်တော်ကိုခဏပြပါလား"
"ခဏပဲနော်"
"အင်း ခဏပဲ"
သားတော်ဟာအိပ်ယာကုတင်ဆီသွားပြီး ခေါင်းအုပ်အောက်က
ယူလိုက်တဲ့စာအုပ်လေးက သပ်သပ်ရပ်ရပ်လေး။
သားတော်ဟာခုထိစာအုပ်လေးကိုလက်နှစ်ဖက်နဲ့ကိုင်တုန်း။
သိပ်စွမ်းထက်တဲ့ စာအုပ်လေး။
သူဆီပေးလာတဲ့စာအုပ်လေးကို ယူပြီး
စာအုပ်အဖုံးရဲ့ထောင့်တစ်နေရာကြည့်လိုက်တော့
Park Yoon Soo ဂျူဂျိုမင်တိုင်းပြည်ရဲ့မင်းသမီး
မိဘုရားကြီးဟာအရမ်းအံ့သြသွားတယ်
ဒါက သားတော်မသိမ်းပိုက်ရသေးတဲ့၁၆မြောက်တိုင်းပြည်။
ကံကြမ္မာကဆန်းကြယ်သား။
"သားတော် မနက်စာကိုမယ်တော်နဲ့လာတည်ခင်းပါလား"
ရုတ်တရက်ဖိတ်ခေါ်လိုက်တဲ့
မယ်တော်ကြောင့်ကြောင်အ သွားပေမဲ့လည်း
သူပြန်မမေး။
"သားတော် လာခဲ့ပါ့မယ်
မယ်တော် စာအုပ်ပြန်ပေးလို့ရပြီ"
သားတော်ပြောတော့မှ စာအုပ်လေးကို သားတော်လက်ထဲအပ်ပြီး
ထွက်သွားတဲ့မိဘုရားခေါင်ကြီး။
Jeonလည်း ကြောင်အနေပေမဲ့ သိပ်အများကြီးမစဥ်းစား။
စာအုပ်လေးရဲ့အဖုံးကိုဖွင့်လိုက်ပြီး
နံဘေးစောင်းလေးကနေကြည့်လိုက်တော့
နှုတ်ခမ်းပါးတစ်စုံ နှစ်ခြိုက်စွာပြုံးလာသည်။
ဘယ်သူမှမမြင်ဖူးတဲ့ သူ့ရဲ့မူပိုင်အပြုံး။
"Minတဲ့လေ
ဘယ်လိုတောင် တစ်လုံးတည်းလဲ
Minဆိုတာနာမ်စားလေးလား"

Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေးWhere stories live. Discover now