အပိုင်း (၂၆)

350 36 3
                                    

Unicode
"တောင်းပန်ပါတယ်
ဘယ်အရာက မင်းကိုဝမ်းနည်းအောင်
လုပ်သည်ဖြစ်စေ အဲတာကကိုယ်တော့အမှားမို့
ကိုယ်တော်တောင်းပန်ပါတယ်..."

Flash Back

မ"င်းသားလေးJiminဆီ သခင်မလေးလီက
အကြောင်းကြားစာပို့လိုက်လို့ပါ"

"မင်းကြီးရဲ့အမိန့်ကို လွန်ရဲနေတာလား
ဒီနန်းဆောင်ရှေ့ ဘယ်သူမှဖြတ်မလျှောက်ရဘူးလေ"

"ကျွန်တော်မျိုးမကို ခွင့်လွှတ်ပါ အထိန်းတော်ကြီး
သခင်မလေးလီက ပို့ခိုင်းလိုက်လို့ပါ"

"မင်းသားလေး အနားယူနေတယ်
နောက်ပြီး မင်းကြီးရဲ့အမိန့်ကလည်းရှိသေးတယ်"

"ကူညီပေးပါအထိန်းတော်ကြီး...
ဒီစာ မင်းသားလေးဆီမရောက်ရင်
ကျွန်တော်မျိုးမ သေရပါလိမ့်မယ်"

"ဘယ်လိုပဲဖစ်ဖြစ် မကူညီနိုင်..."

"အထိန်းတော်ကြီး..."

မင်းသားလေးနန်းဆောင်ဆီ အတင့်ရဲစွာ
ဝင်လာတာနဲ့တင် အပြစ်ကရှိနေပြီးပြီ။
သခင်မလေးလီနဲ့မကြာတုန်းကပဲ
ပြသာနဖြစ်ထားတာမို့ ဒါဟာ ဘယ်လိုမှလုပ်ဆောင်လို့မသင့်တဲ့အရာ။

ပြတ်ပြတ်သားသာ နှင်ထုတ်ဖို့လုပ်ကာမှ
နန်းဆောင်ထဲကထွက်လာတဲ့မင်းသားလေးရဲ့
စကားတစ်ခွန်း။

"ဘာဖြစ်နေတာလဲအထိန်းတော်ကြီး"

"ဟို...ဟိုသခင်မလေးလီဆီက
အကြောင်းကြာစာရောက်လာလို့ပါ"

ခဏတာတတိဆိတ်သွားတဲ့နန်းဆောင်ထဲက
မင်းသားလေးကြောင့် အထိန်းတော်ကြီး
ပြန်ခိုင်းဖို့လုပ်ခဲ့ပေမဲ့...

"ယူလာခဲ့အထိန်းတော်ကြီး...
ကိုယ်တော်ဖတ်ကြည့်ချင်လို့..."

"ဒါပေမဲ့...မင်းကြီးက..."

"အထိန်းတော်ကြီး..."

"အမိန့်တော်အတိုင်းပါ"

အထိန်းတော်ကြီးက အမှာစာကိုယူကာ
နန်းဆောင်ထဲဝင်လာတော့
လက်လေးထောက်ကာ
မျက်လုံးလေးတွေ မှိတ်ထားတဲ့သူ။
အရင်လိုပြင်ပြင်ဆင်ဆင်မဟုတ်ဘဲ
ဒီအတိုင်း ခပ်နွမ်းနွမ်းထိုင်နေပုံလေးဟာ
အဆင်မပြေသလိုလေး။

Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေးOù les histoires vivent. Découvrez maintenant