အပိုင်း (၁၉)

299 42 2
                                    

Unicode

"မင်းဘာစကားတွေပြောနေတာလဲ.......!!!!!!!"

ဘေးနားက ဓားကိုဆွဲယူကာ
ကိုယ်ရံတော်ရဲ့လည်မြိုပေါ်တင်လိုက်မိသည်။

ရင်ထဲကို နစ်ဝင်လွန်းတဲ့စကားလုံးတွေကြောင့်
အသက်ရှုသံတွေမမှန်တော့ပါ။
မျက်ဝန်းတွေဝိုင်းစက်သွားကာ
ပါးပေါ် လိမ့်ဆင်းလာတဲ့မျက်ရည်ဟာ
ခပ်မြန်မြန်။

မဟုတ်တာတွေ.....နားကြားမှားတာပါ.....
အခုလိုအခြေအနေမျိုး ဖြစ်နေရမှာမဟုတ်ဘူးလေ။

"သားတော်"

ပုခုံးပေါ် လာတင်လိုက်တဲ့
မယ်တော်ရဲ့လက်တွေဟာတုန်ရီနေသလို
ခပ်အက်အက်ရယ်။
ဒီကိုယ်ရံတော်ရဲ့စကားကိုယုံနေတာလား။

ဓားကို ကိုင်ထားတဲ့လက်တွေဟာ
အင်အားမရှိတော့ လွှတ်ချလိုက်မိသည်။
မြန်ဆန်သော ခြေလှမ်းတွေဟာ
ဦးတည်ရာတစ်ခုတည်း။
မှုးမတ်တွေဟာလည်း လိုက်ပါလာခဲ့သည်။
မယ်တော်ကြီးကတော့ သတိလျစ်မေ့မြောသွားတော့သည်။

ဘယ်ဘက်ရင်အုံပေါ်က ခုန်နေတဲ့နှလုံးကို
စမ်းမိတော့ ဟားတိုက်ရယ်လိုက်မိသည်။
ကိုယ်တော့်နှလုံးခုန်နေသေးတာပဲ့...........
မဟုတ်လိုက်တဲ့စကားတွေနဲ့.....ကိုယ်တော်ကို
စနောက်နေကြတာပါ။

နှလုံးခုန်သံတွေကိုလည်း နားထောင်ရင်း
ဥယာဥ်ဆီပြေးလာတဲ့ မင်းကြီးရဲ့ခြေလှမ်းတွေ
တုန်ရီနေခဲ့သည်။

ဥယာဥ်ထဲက မြစ်ဆီရောက်တော့

"Min......."

Minဆိုတဲ့ခေါ်သံနဲ့အတူ ဒူးထောက်ချလိုက်တဲ့သူ။
နောက်ကနေလိုက်ပါလာတဲ့ သူတွေဟာလည်း
ဒူးထောက်ပြီး

"စိတ်လျော့တော်မှုပါ မင်းကြီး"

"ငါကိုယ်တော်က ဘာကိုစိတ်လျော့ရမှာလဲ
ထွက်သွားစမ်း..........
သူမရှိရင် မဖြစ်ဘူးလို့ပြောခဲ့ရဲ့သားနဲ့........
သူမို့လို့.......
ကိုယ်တော် မင်းကိုသွားခွင့်မပေးထားဘူးလေ
ထွက်သွားရင်တော့ ကိုယ်တော်ပါလိုက်မှာ....."

မြစ်ထဲခုန်ချဖို့ လုပ်တော့
အေးစက်နေတဲ့လက်ရဲ့ဖမ်းဆုပ်ခြင်းကို
ခံလိုက်ရသည်။
ကြည့်လိုက်မိတော့
ဝေဝါးနေတဲ့ မြင်ကွင်းနဲ့ ရူရှိုက်မိတဲ့ရနံ့ကြောင့်
မြက်ခင်းပေါ် ဒူးထောက်ချကာ
ခြေထောက်လေးတွေကို ထွက်ပြေးမှာ
စိုးသည့်အလား ဖက်တွယ်ထားနေပြန်သည်။

Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေးحيث تعيش القصص. اكتشف الآن