အပိုင်း (၂၄)

283 36 1
                                    

Unicode
"ဆန်အရက်လုပ်မလို့လေ..."

"မလုပ်နဲ့တော့...ကိုယ်တော်မှာရှိတယ်...
အထိန်းတော်ကြီး သွားယူပေး..."

"Minကို ကူပေးဦးလေ"

ကူပေးဆိုတော့လည်း ချက်ချင်းအနားဆီ
သွားလိုက်ကာ ဆန်ကို ရေစိမ်ထားတဲ့အိုးအား
မ ကူနေပါသည်။

အထိန်းတော်ကြီးဟာ အလိုက်တသိထွက်သွားလျက်။

"အဖုံးကို လုံအောင် ပိတ်ပေး Jeon"

"Min ဝတ်ရုံတော်သွားလဲသင့်တယ်နော်
ရေတွေစိုရွဲနေပြီ"

ထဖို့လုပ်ပြီးမှ တစ်ခုခုကို ပြန်တွေးမိ၍
ပြန်ထိုင်လိုက်ကာ...

"Jeon ဝတ်ရုံတော်တွေကို ပြန်သွားယူလို့ရမလား
ဒီက ဝတ်ရုံတော်တွေက အဆင်မပြေသလို
ဖြစ်နေတာမို့..."

ဝိုင်းစက်သွားတဲ့ မျက်ဝန်းလေးတွေဟာ ဘယ်တော့မှ ပြင်လို့မရခဲ့။

"မသွားယူလို့ရမလား...
ကိုယ်တော်အကောင်းဆုံးဝတ်ရုံတော်ကို
ပြင်ဆင်ပေးမယ်လေ..."

ကလေးလေးတစ်ယောက်ကို ချော့နေသလိုလေး။
Jeonရဲ့စာမျက်နှာလှလှလေးတွေဟာ
သိပ်ကိုရိုးရှင်းလွန်းပါသည်။

"အင်း..."

ဝတ်ရုံတော်လဲဖို့ ထလိုက်ကာ
လဲဖို့နေရာကိုသွားနေသည့် တစ်လျှောက်လုံး
ရယ်ချင်စိတ်ကို မနည်းထိန်းနေရပါသည်။

ချစ်ဖို့ကောင်းနေရသလား Jeonရယ်။

"Minစိတ်ဆိုးသွားလား..."

"ကိုယ်တော်ကလေ
ဒီအတိုင်းပြန်မလွှတ်ချင်တာမို့"

"အထဲထိ ဝင်လာမလို့လားJeon"

"မဟုတ်...ပြန်ထွက်လာရင်
ကိုယ်တော်သေသေချာချာလေး ရှင်းပြပါ့မယ်"

"Minနားလည်ပါတယ်"

ဝတ်ရုံတော်ကိုလဲပြီး ထွက်လာကာ
ဆံနွယ်တွေအားလုံးကို ချထားတာမို့
တစ်မျိုးလေး လှနေပြန်သည်။
ရွှေဝါရောင် ဆံနွယ်တွေဟာ တောက်ပလျက်။

Jeonဟာ အကြာကြီး ငေးနေခဲ့တာပါ။
ရွှေဝါရောင် ဆံနွယ်တွေကြား
မျက်နှာလှလှလေးဟာ ပိုထင်းနေလျက်။

Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေးTempat cerita menjadi hidup. Temukan sekarang