Unicode
မင်းသမီးဟာ ချစ်ရတဲ့သူနဲ့ရွှေလက်တွဲရတာကို
အပျော်ကြီးပျော်ခဲ့ပေမဲ့ တစ်ဖက်မှာတော့..."ကံတရားကလည်း အဆန်းကြီး...
ဒီလို အဆင့်နိမ့်တဲ့မျိုးရိုးကိုမှ အိမ်ရှေ့စံဖြစ်တင်မြှောက်ရတယ်လို့...""စုတ်တံတောင်မှန်အောင်မကိုင်တတ်ဘဲနဲ့
တိုင်းပြည်တစ်ခုလုံးကို ဘယ်လိုကိုင်တွယ်မှာလဲ""ဒါလေးတောင် မလုပ်နိုင်ဘူးလား
ဓားတစ်ချောင်းတောင် မမနိုင်ဘဲနဲ့
ဘယ်လိုလုပ် ရန်သူကိုတိုက်ခိုက်မှာလဲ"နူးညံ့တဲ့နှလုံးသားပိုင်ရှင်ပါ...။
ဘဝတစ်လုံး သံစဥ်တွေကြားနေပျော်လာခဲ့တဲ့
သူမို့ အိမ်ရှေ့စံဆိုတဲ့ဂုဏ်ပုဒ်တွေ အရှိန်အဝါတွေ
အရည်အချင်းတွေကြား အနုပညာရှင်လေးဟာ
ညိုးညိုးငယ်ငယ်ပါ။အမတ်တွေရဲ့လှော်ရယ်သံတွေ မထီမဲ့မြင်အပြုအမူတွေကြား စောင်းတီးသမားလေးရဲ့
ဘဝဟာ ရေစုန်မြောခဲ့ရသည်။အနုပညာရှင်လေးဘဝ အရမ်းခက်ခဲခဲ့သည်။
"ဒါလေးလှလား အထိန်းတော်
ဒါလေးကရော...ဒါလေး...""လှပြီးသားပါ မင်းသမီးလေးရယ်
ညရောက်တိုင်း ပြင်ဆင်ရတာ
မမောဘူးလားမင်းသမီးလေး...""မောင်တော်လာတော့မှာလေ..."
အထိန်းတော်ကြီးပြုံးလိုက်သည်။
မင်းသမီးလေးအရမ်းပျော်နေသည်။
မြတ်နိုးရတဲ့အမျိုးသားလေးက
ကြည်ကြည်ဖြူဖြူ လက်ထပ်ပေးတဲ့အပြင်
သူမအပေါ်လည်း ကောင်းပေးသည်။"အိမ်ရှေ့စံရောက်နေပါတယ် မင်းသမီးလေး"
အထိန်းတော်ကြီးက အလိုက်သိစွာပင်အပြင်ထွက်သွားပေးခဲ့သည်။
အိမ်ရှေ့စံဟာ အဆောင်တော်ထဲဝင်လာပြီး
အပေါ်ဝတ်ရုံကို ချွတ်လိုက်ကာ
ကုတင်ပေါ်လဲလျောင်းလိုက်ပြီး မျက်လုံးတွေအား
မှိတ်ထားလိုက်သည်။မင်းသမီးလေးက အိမ်ရှေ့စံရဲ့လက်မောင်းလေးတွေအား နှိပ်နှယ်ပေးနေသည်။
အိမ်ရှေ့စံဟာ ထိုအမူအကျင့်အား လက်ထပ်ပြီး
ယနေ့အချိန်ထိ ပြုမူခဲ့သည်။
ČTEŠ
Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေး
FanfikceUnicode ကြယ်တာရာ ကောင်းကင်းကြီးအောက် လမင်းကြီးကို မျက်ကွယ်ပြုပြီး ကြာပန်းဖြူတွေကိုင်ထားတဲ့ ကိုယ်တော်ရဲ့အဖြူရောင်လေးကို နမ်းပါရစေ။ Jeon မင်းကြီး သူရိန်နေမင်းရဲ့ အရှိန်အဝါကိုသက်သေပြုပြီး ဓားကိုင်ထားတဲ့ အရှင့်ရ...