အပိုင်း (၁၇)

290 37 0
                                    

Unicode

"သားတော်....."

"ပြောစရာ ရှိလို့လား မယ်တော်"

"မျိုးဆက်ကိစ္စ....."

တုန်ခါသွားတဲ့လက်ကလေးတွေ။
အဖြူရောင်လေးရဲ့လက်ကလေးတွေအပြင်
ခန္ဓာကိုယ်မှာပါ အင်အားမရှိတော့။
လွတ်ကျသွားတဲ့ တူလေးဟာ သက်သေ။

"အမတ်တို့ကတော့ မွှေချက်ပဲ
ဒီနေ့ဟာ မင်းတို့ရဲ့သေနေ့ပဲ"

ဒေါသ မီးတွေနဲ့တောက်လောင်နေတဲ့
မျက်လုံးတွေဟာ တကယ့်ကိုစူးစူးရဲရဲ။
ထထွက်သွားကာ သေသင့်တဲ့သူတွေကို
ငရဲလောက်မျှခံစားရအောင်
သူတို့တွေဆီသွားဖို့လုပ်တော့
ဖွဖွလေး......တကယ့်ကိုဖွဖွလေး ဆွဲခံလိုက်ရတဲ့
ဝတ်ရုံစလေး။
ဆွဲထားတဲ့ လက်ကလေးကိုကြည့်လိုက်တော့
တုန်တုန်ရီရီ။

ကမ္ဘာကြီး ပြိုကျသွားလို့ရတယ်
တိုင်းပြည်ကြီး ပျက်ဆီးသွားပါစေ
ဘယ်သူသေသေ ဂရုစိုက်မှာမဟုတ်။
ဒါပေမဲ့.....ဒါပေမဲ့လက်သေးသေးလေးတွေ
တုန်ရီနေလို့ကတော့ မဖြစ်။

"Min"

ဆွဲထားတဲ့လက်ကလေးကို ဆုပ်ကိုင်လိုက်ကာ
မျက်နှာလေးကို ကြည့်လိုက်တော့
အဖြူရောင်လေးက သူ့ကိုကြည့်မနေ။

တည်ငြိမ်နေတဲ့မျက်လုံးပြာလေးတွေနဲ့
ပန်းသီးလေးတွေကို အလှဆင်ထားတဲ့
ပန်းကန်ကိုသာ ကြည့်နေလျက်။

"Min ကိုယ်တော်.......
ဒီအတိုင်း.....ဒေါသထွက်သွားတာမို့......."

မီးတောက်လေးထင်နေတာက
တစ်ပါးသူကို နာကျင်အောင်လုပ်တော့မှာကို
မကြိုက်လို့ လက်လေးတွေတုန်ရီနေတာလို့ထင်နေခဲ့တာ။

"Min ဗိုက်မပြည့်သေးတာမို့
ဆက်စားရအောင် Jeon"

အေးစက်နေတဲ့အသံကြောင့်
ခဏတာကြောင်အ သွားပေမဲ့
ပြန်ထိုင်လိုက်မိသည်။

ချစ်ရသူရဲ့စကားလုံးတိုင်းက
အမိန့်။

မိမိရှေ့မှာရှိနေတဲ့ သားတော်နဲ့
မင်းသားလေးတို့ကို ​ကြည့်ကာသူမမှာစိတ်မကောင်းဖြစ်နေလေသည်။
သားတော်ရဲ့ချစ်ခြင်းမေတ္တာပြည့်နေတဲ့ မျက်ဝန်းလေးတွေဟာ သူဘယ်လောင်ချစ်တတ်နေကြောင်းသက်သေ။
တည်ငြိမ်အေးချမ်းလွန်းတဲ့မင်းသားလေးရဲ့
လက်ကလေးတွေတုန်ရီနေတာက
ချစ်ရသူကို ဆုံးရှုံးရမှာကြောက်လို့။
သူမအနေနဲ့တော့ ဘာမှမစွမ်းသာခဲ့။
တိုင်းပြည်ရဲ့မယ်တော်ကြီးအနေနဲ့
မျိုးစက်ကိစ္စကိုလစ်လျူရှုလို့မရတာမို့
သူမ ကန့်ကွက်ဖို့မသင့်ခဲ့။

Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေးWhere stories live. Discover now