အပိုင်း (၁၃)

330 51 1
                                    

Unicode

"Min"

"ပြောလေ အိမ်ရှေ့စံ"

ရေကန်ချည်းကိုပဲ့ကြည့်နေတဲ့
အဖြူရောင်လေးဟာ
သူ့ကို ငေးကြည့်နေတဲ့ မျက်လုံးဝိုင်းဝိုင်းတွေကိုတော့
သတိမပြုမိခဲ့။

"Min အရမ်းမှောင်နေတယ်
နန်းဆောင်ပြန်ရအောင်နော်"

"အိမ်ရှေ့စံကြောက်နေတာလား"

ရေကန်ပြင်ကြီးဘေးမှာ ဒူးနှစ်ယောက်ကို
လက်လေးတွေနဲ့ပိုက်ပြီး
ရေပြင်ကိုငေးကြည့်နေတဲ့
အဖြူရောင်လှလှလေး။

"ဟားဟား......
Minလည်း ရယ်စရာပြောတတ်တာပဲ"

"ဟုတ်လား....
ဒါကနည်းနည်းတော့ ရယ်စရာကောင်းတယ်နော်"

ပြောလည်းပြောတတ်ပါ့ဗျာ။
တလောကလုံးက မော့မကြည့်ရဲလောက်အောင်
ကြောက်ရတဲ့သူကို သေးသေးလေးက
ကြောက်နေတာလား တဲ့လေ။

"မပြန်ချင်သေးဘူး အိမ်ရှေ့စံ
လမင်းကြီးက အရမ်းလှတယ်မလား
ဒါပေမဲ့ရေပြင်ထက်က လမင်းကြီးက ပိုလှနေသလားလို့"

"မလှပါဘူး.....
ကောင်းကင်ထက်က လမင်းကြီးရော
ရေပြင်ထက်က လမင်းကြီးရော မလှတော့ပါဘူးဗျာ"

"အိမ်ရှေ့စံနော်....
Minသဘောကျတဲ့အရာတွေဆို
အိမ်ရှေ့စံက သဘောမကျဘူး မလှဘူးဆိုတာကြီးပဲ့
လမင်းကြီးကို မလှဘူးဆိုတာကတော့
နည်းနည်းလွန်တယ်လို့မထင်ဘူးလား"

"လမင်းကြီးက မလှပါဘူး
လမင်းသေးသေးလေးကသာ
အရူးအမူးလှတာ"

"လမင်းသေးသေးလေး"
နားမလည်သလိုလေး ကြည့်လာတော့
မီးတောက်လေးဟာ ပြုံးစိစိ။

"အိမ်ရှေ့စံနော်...."
သဘောပေါက်သလိုလေးဖြစ်သွားတော့
မူပိုင်ပါးဖောင်းဖောင်းလေးတွေ နီရဲလာပြီး
နှုတ်ခမ်း​​လေးကို ဖွဖွလေးကိုက်ချလိုက်တဲ့သူ။

ပါးလေးတွေနီရဲလာရင်
အိမ်ရှေ့စံအသဲယားသလို
နှုတ်ခမ်းထူထူလေးတွေကိုမြင်ရင်
ပြေးပေါက်မရှိတော့။

လမင်းကြီးကို ကြည့်ရင်း
အိပ်ပျော်သွားတဲ့သူဟာ
အိမ်ရှေ့စံလေးရဲ့ပုခုံးပေါ်မှာ။

Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေးOù les histoires vivent. Découvrez maintenant