အပိုင်း (၁၁)

353 54 4
                                    

Unicode
"Min
ဘာဖြစ်လို့လဲ မကြိုက်ဘူးလား
ကိုယ်ပြန်လဲခိုင်းလိုက်မယ်
Min ကြို​က်တာပြောလေ
ကိုယ်တော်ပြင်ခိုင်းလိုက်မယ်"

တည်ခင်းထားတဲ့ဟင်းလျာတွေကိုကြည့်နေတဲ့အဖြူရောင်လေးရဲ့မျက်နှာမှာ အလိုမကျမှုတွေများနေလေရဲ့။
မျက်နှာလေးစူပုတ်နေတော့ အသဲယားသလို
စိတ်လည်းပူနေတဲ့အိမ်ရှေ့စံ။

မေးတာကိုပြန်ဖြေဖို့လုပ်နေတဲ့သူဟာ
မျက်ခုံးလေးတွေကျုံ့ထားလေရဲ့။

"အိမ်ရှေ့စံ ဒီလိုဟင်းလျာတွေကိုအမြဲ
သုံးဆောင်နေကျလား"

"အင်း....အသားတွေကသန်မာစေတယ်လေ
Min မကြိုက်ဘူးလား ကိုယ်တော်တခြားအသားတွေနဲ့လဲခိုင်းလိုက်မယ်လေ"

"Min မစားတော့ဘူး အိမ်ရှေ့စံ"
ကောင်းကောင်း သုံးဆောင်ပါ

ထွက်သွားဖို့လုပ်နေတဲ့သူဟာ ဘာအ​ကြောင်းကြောင့်မှန်း အိမ်ရှေ့စံလေးမသိ။

"Min ဘာဖြစ်လို့လဲ
အသား မစားတာလား"

ဘာမှမပြောဘဲ တိတ်ဆိတ်နေတဲ့သူဟာ
ဝန်ခံနေသလို။

"အထိန်းတော်ကြီး!!!"

ခပ်ဝေးဝေးမှာရပ်နေတဲ့ အထိန်းတော်ကြီးကိုခေါ်လိုက်ကာ

"ဟင်းလျာတွေအကုန်ပြန်ယူသွားလိုက်
ဒီနေ့ကစပြီး အသီးအရွက်တွေပဲ သုံးဆောင်တော့မယ်"

"ဟမ်"

သူ့နားကိုပင်သူမယုံ။
အသားဟင်းတွေမရှိရင် သောင်းကျန်းတဲ့သူက..။
ဘေးနားကိုကြည့်လိုက်တော့
ပြုံးယောင်သန်းနေတဲ့ လူသားလေးတစ်ဦး။

"ငါပြောတာမကြားဘူးလား
အခုချက်ချင်း အသားမပါတဲ့ဟင်းလျာတွေလိုချင်တယ်"

"အမိန့်...အမိန့်တော်အတိုင်းပါ အိမ်ရှေ့စံ"

ရဲရဲတောက်မျက်လုံးပိုင်ရှင်လေးက
အဖြူရောင်လေးကို ပြန်ကြည့်လာတော့
ပကတိဖြူစင်နေတဲ့မျက်လုံးဝိုင်းဝိုင်းတွေ။

"Min ထိုင်လေ
Min အဲလိုဟင်းလျာတွေမသုံးဆောင်ဘူးဆိုရင်
ကိုယ်တော်လည်း မသုံးဆောင်တော့ဘူး"

စိတ်ကျေနပ်မှုဟာ အလုံးအရင်း။
ဒီလူသားလေးအပေါ် ဝေဖန်ရေးသားထားတဲ့
စာအုပ်လေးကိုတောင် ဝေဖန်နေခဲ့တဲ့သူဟာ
အသက် ၁၀နှစ်အရွယ်ကလေးဘဝတုန်းက...။
ဒီလူသားလေးက ဆိုးတာတော့မှန်ပေမဲ့တခြားသူတွေဝေဖန်နေသလိုမျိုးမဟုတ်ဘူးဆိုတာကို
အဖြူရောင်လေးက သက်သေပြချင်နေခဲ့တာ။

Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေးWhere stories live. Discover now