အပိုင်း (၇)

398 54 1
                                    

Unicode
"ဘာလို့ဆိုးနေရတာလဲ အိမ်ရှေ့စံ"
မျက်လုံးတွေကိုတည့်တည့်ကြည့်ပြီးပြောလိုက်တဲ့သူကြောင့်
မီးတောက်နေတဲ့မျက်လုံးတွေ ဝိုင်းခနဲ။
ဒီလူသားက ကိုယ့်ကိုတိုက်ခိုက်ရမှာမလား။
ဘာလို့ သနားတဲ့မျက်လုံးတွေနဲ့ကြည့်နေရတာလဲ။
လဲကျနေတဲ့မင်းကြီးဟာ ချက်ချင်းဆိုသလိုထလာပြီး
သူ့ရဲ့သားတော်ကိုသူ့နောက်ပို့ပစ်လိုက်တယ်။
မီးတောက်လေးရဲ့မျက်လုံးတွေချက်ချင်းပြောင်းလဲသွားကာ
မင်းကြီးကိုတွန်းဖယ်ပြီး အိမ်ရှေ့စံလေးကိုဆွဲခေါ်သွားတော့သည်။
ဆွဲခေါ်သွားတဲ့မီးတောက်လေးရဲ့လည်ပင်းပေါ်ကျလာတဲ့
အေးစက်စက်အရာတစ်ခု။
ဓားရှည်ကိုင်ထားတဲ့မင်းကြီးဟာ ဘာကိုမှ
မကြောက်တော့တာကြောင့်
အိမ် ရှေ့စံ ဆိုတဲ့ဖြစ်တည်မှုရဲ့လည်ပင်း ပေါ်ဓားသွားတင်ထားတာ။

"အိမ်ရှေ့စံ Jeon အခုချက်ချင်းသားတော်
လက်ကိုလွှတ်လိုက်ပါ"
Jeonဟာ မဲ့ပြုံးလေးတစ်ခုပြုံးလိုက်ကာ
မင်းကြီးကိုကြည့်လျက်။
"ဘယ်လို မိုက်မဲမှုမျိုးလဲ
အိမ် ရှေ့စံကိုထိပါးရဲတာက"
မင်းကြီးရဲ့လက်ထဲက ဓားကိုပုတ်ထုတ်လိုက်တော့
ဓားဟာ အပေါ့လွင့်သွားပြီး အိမ်ရှေ့စံက
ချက်ချင်းဓားကိုဆုပ်ကိုင်လိုက်ကာ
မင်းကြီးရဲ့လည်ပင်းပေါ်ပြန်တင်လိုက်တော့
"မလုပ်နဲ့"
အဖြူရောင်လေးရဲ့အသံဟာ နန်းရေပြင်တစ်ခုလုံးကြားနိုင်တဲ့အထိ။
မီးတောက်လေး အသံလားရာကြည့်လိုက်တော့
စိုးရိမ်မှုတွေပြည့်နေတဲ့သူရဲ့မျက်လုံးတွေဟာငိုချတော့မလိုဖြစ်နေတော့ မီးတောက်လေးရဲ့ဒေါသတွေဘယ်ပျောက်သွားမှန်းမသိ။
ငိုမချဘဲ တင်းခံနေတဲ့မျက်လုံးတွေဟာ မင်းသားဆိုတဲ့
ဂုဏ်ကြောင့်လား။
ငိုမချပါနဲ့ မလိုက်ဖက်လို့
နောက်ပြီး ကိုယ်တော့်ရင်ထဲကအရမ်းနာကျင်ရလို့။
ဘာကြောင့်လည်းတော့မသိပေမဲ့ ကိုယ်တော်မကြည့်ရဲလို့ပါ။

"Minကြောင့်မလား
ဒီလိုတွေလုပ်နေရတာလေ"
အဖြူရောင်လေးရဲ့စကားတွေကိုတော့ ပြန်ဖြေဖို့အင်အားမရှိခဲ့။
ဘဝမှာ ပထမဆုံးအားနည်းမှု။
ထိုအားနည်းမှုဖြစ်လာရတဲ့အရင်းမြစ်က
သိပ်ရယ်ချင်စရာ သိပ်လည်းနာကျင်စရာ။
တိုက်ပွဲတွေမရေတွက်နိုင်အောင်ဆင်နွှဲခဲ့တယ်။
လူတွေလည်း မရေတွက်နိုင်အောင်သတ်ခဲ့တယ်။
ထို့သို့သော်ဖြစ်တည်မှုကို အားနည်းစေတာက
မျက်လုံးပြာပြာလေးတွေရဲ့ငိုချတော့မယ့် မျက်ရည်တွေတဲ့လေ။
ငိုများသာငိုချလိုက်ရင်တော့ အိမ်ရှေ့စံကမ္ဘာပျက်ရပြီ။
သိပ်ကိုလွှမ်းမိုးနိုင်တဲ့ ဖြစ်တည်မှုလေး။
"ကျေးဇူးပြုပြီး...ဘယ်သူ့ကိုမှနာကျင်အောင်မလုပ်ပါနဲ့
အိမ်ရှေ့စံရဲ့သဘောအတိုင်း လိုက်လျောပေးမှာမို့"
"တကယ်လိုက်လျောပေးမှာလား Min"
"ဘယ်သူ့ကိုမှမတိုက်ခိုက်တော့ဘူးဆိုရင်ပေါ့"
"လာ....လိုက်ခဲ့"
"ခဏ...ခဏလေးအချိန်ပေးပါလား"
ပြန်ဖြေမလာဘဲ အခြားတစ်ဖက်လှည့်သွားတဲ့သူဟာ
ခပ်တည်တည်ပါပဲ အခုထိသူ့ကိုမကြည့်ပဲခေါင်းငုတ်ထားတုန်း။
"သားတော် မလိုက်ပါနဲ့နော်"
"ခမည်းတော်...တော်ဝင်မျိုးနွယ်တစ်ခုလုံးကို
သားတော်ကြောင့် ဒုက္ခမရောက်စေချင်ဘူး
သားတော်ကို နားလည်ပေးပါနော်"
"ဒါပေမဲ့ သားတော်..."
"လာလို့ရနေပြီ Min"
လက်တစ်ဖက်ကိုဆွဲခေါ်သွားတဲ့မီးတောက်လေးက
အဖြူရောင်လေးရဲ့ခွင့်ပြုချက်ကိုမယူခဲ့။
မယူခဲ့ဘူးဆိုတာထက် ယူရမယ်လို့မသိခဲ့တာပါ။
တသက်လုံး အနိုင်ယူခဲ့တဲ့သူဟာ
ဘယ်သူ့ကိုမဆို ပိုင်စိုးပိုင်နင်းပါပဲ။
မြင်းလေးကိုစီးပြီးထွက်သွားတဲ့ သူ့ရဲ့သားတော်ဟာ
အိမ်မက်ထဲကအတိုင်း ကြောက်စရာမျက်လုံးပိုင်ရှင်ရဲ့ခါးကို
ဖက်ထားပြီး သူ့ကိုပြုံးပြသွားလေရဲ့။
သူ့ရဲ့ဆုံးဖြတ်ချက်တွေဟာ အလွဲလွဲအမှားမှား။
မှားယွင်းတဲ့ဆုံးဖြတ်ချက်ရဲ့အကျိုးဆက်အနေနဲ့
ရလိုက်တဲ့အပြစ်ဒဏ်က သူ့ရဲ့သားတော်က
ထားရစ်ခြင်းတဲ့လား။
ကံကြမ္မာက ဖန်တီးပြီးသား
ဇာတ်အိမ်တစ်ခုမှာ ဇာတ်ပို့တစ်ခုအနေနဲ့
ပါဝင်ခဲ့တာလား။

Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေးWhere stories live. Discover now