အပိုင်း (၁၂)

352 51 5
                                    

Unicode
နန်းဆောင်ပြန်တဲ့လမ်းမှာ အိမ်ရှေ့စံဟာ
အရမ်းခက်ထန်နေသလို
လှုပ်ရှားနေတဲ့မျက်ဝန်းတစ်စုံဟာ
ဂနာမငြိမ်။
ပိုင်ဆိုင်မှုလေးကို
ပြန်ပို့လိုက်ဖို့ပြောတော့
အိမ်ရှေ့စံခမျာ သိသိသာသာတုန်လှုပ်နေခဲ့တာ။
ချစ်တဲ့အကြောင်း ပိုင်ဆိုင်ချင်တဲ့အကြောင်း
လက်မလွှတ်နိုင်ကြောင်း အဖန်ဖန်ပြောနေပေမဲ့
အခုမှ နူးညံ့ဟန်ပြုနေတဲ့နှလုံးသားလေးကတော့
ထွက်သွားခဲ့ရင်ရော ဆိုတဲ့အတွေးတွေမှာ
အိမ်ရှေ့စံ အသက်ရှုလို့မရတော့။

နန်းဆောင်ကိုပြန်နေတဲ့အိမ်ရှေ့စံရဲ့ခြေလှမ်းတွေ
အနည်းငယ်တုန်ရီနေခဲ့သည်။

"Min"

ခမည်းတော်ထံစာလွှာလေးတစ်စောင်ပို့ဖို့ပြင်ဆင်နေတဲ့ အဖြူရောင်လေးဟာ
စားပွဲခုံလေးမှာ ဘယ်လိုရေးရမလဲဆိုပြီးစဥ်းစားနေလေရဲ့။
ဘယ်လောက်ကြာမယ်မှန်း မသိတဲ့အခြေအနေတစ်ခုမို့ အတိအကျမရေးချင်ပါ။
အဆင်ပြေပါတယ် ဆိုတဲ့စာသားလေး ရေးဖို့ကိုတောင်အနိုင်နိုင်။
ဘယ်လိုရှင်းပြရမှာလဲ ဆိုတာလည်းမသိ။
သူကိုယ်တိုင်တောင် ဘာကြောင့်ဒီလူသားအနားမှာနေချင်နေမှန်းတောင်မသိတာ။
အကျိုးအ​ကြာင်းဆီလျော်အောင် ရေးဖို့ကိုသာ
အဖြူရောင်လေးက အာရုံရနေတာ။
နန်းဆောင်တံခါးပွင့်သံလေးတောင်မကြားမိလိုက်။

နူးညံ့နေတဲ့ခေါ်သံလေးမှာ စိုးရိမ်မှုတွေ ကိန်းအောင်းနေသလိုပဲ။
ရင်းနှီးနေတဲ့ခေါ်သံလေးကြောင့် ကြည့်လိုက်မိတော့။
ညှိုးနွမ်းပင်ပန်းနေသလို ဖြစ်နေတဲ့ အိမ်ရှေ့စံဟာ
သူ့ဆီပြေးလာကာ ရင်ခွင်သေးသေးလေးထဲ
ခေါင်းတိုးဝင်လာတော့ အဖြူရောင်လေးလန့်သွားပြီး တွန်းထုတ်ဖို့လုပ်တော့ ငိုသံလေးတွေနှောနေတဲ့ အသံသြသြတစ်ခု။

"ဖက်ထားပေးပါ....ကျေးဇူးပြုပြီး"

ဖက်ာထားပေးလိုက်တော့လည်း တင်းတင်းဖက်လာတဲ့သူလေး။

"အိမ်ရှေ့စံ..."
အချိန်အနည်းငယ်ကြာလာတော့ ပြန်မော့ကြည့်လာတဲ့မျက်နှာလေးမှာ မျက်ရည်တွေအပြည့်။

"Min...ဘာလုပ်နေတာလဲ"

ခပ်တည်တည်မေးလာတဲ့သူဟာ
ဝတ်ရုံတော်နဲ့မျက်နှာကိုသုတ်ပြီး
အစပိုင်းအချိန်တုန်းက ရင်ခွင်သေးသေးလေးထဲ
တိုးဝင်နေတဲ့သူမဟုတ်သလို။

Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေးWhere stories live. Discover now