အပိုင်း (၁၆)

324 43 3
                                    

Unicode

"ဒီလျှောက်တင်လွှာတွေကို မီးရှို့လိုက်"

ကြောက်စရာမျက်လုံးတွေနဲ့ခပ်တင်းတင်းမျက်နှာထားကြောင့် အမတ်တို့အသက်တောင်
မရူရဲကြ။
တစ်ဦးတည်းသော သူတော့မပါခဲ့။

"အမိန့်ထုတ်ပြန်မယ်
ဒီလျှောက်တင်လွှာတွေတင်တဲ့သူ သေဒဏ်"

"စိုးရွံမိပါတယ် မင်းကြီး"

ပြာပြာသလဲ ပြိုင်တူဆိုလိုက်ကြတဲ့
အမတ်တွေဟာ ဒူးထောင်ချလျက်။

"မင်းကြီး ပြန်လည်သုံးသပ်ပေးပါ
မင်းကြီးက ငယ်ရွယ်သေးတဲ့ဆိုပေမဲ့
နန်းသွေးက မရှိမဖြစ်လိုအပ်တာမို့....."

"တိတ်စမ်း"

အကြောက်အလန့်မရှိ လျှောက်တင်လိုက်တဲ့
သူဟာ တော်ဝင်အတွင်းဝန်လီ။

"စိုးရွံမိပါတယ် မင်းကြီး"

"ငါကိုယ်တော်ရဲ့အမိန့်ကိုလွန်ဆန်ချင်တာလား"

"မဟုတ်ရကြောင်းပါ မင်းကြီး"

"ညီလာခံသိမ်းမယ်....."

ခြေလှမ်းကျဲကြီးတွေနဲ့ထွက်သွားတဲ့သူကို
ကြည့်ပြီး မဲ့ပြုံးလေးပြုံးလိုက်တဲ့အတွင်းဝန်။

"ဘယ်လောက်ရှောင်နိုင်မလဲ ကြည့်ရသေးတာပေါ့"

ခြေဦးတည့်ရာသာ လျှောက်လှမ်းနေမိသည်။
ဘယ်ကိုဦးတည်နေမှန်းမသိ။
ထီးနန်းဆက်ခံတဲ့သူမှာ မျိုးဆက်ရှိရမှာတော့ သိပေမဲ့
တစ်ကိုယ်ကောင်းဆန်ချင်မိသည်။
မွေးလာကတည်းကနေ အခုအချိန်အထိ
ပိုင်ဆိုင်မှုလေးကလွဲပြီး တစ်ခြားဘယ်သက်ရှိကိုမှ
မတွေးပေးခဲ့ဘူးတာမို့ ဤအကြောင်းအရာကို
ဒေါသထွက်နေသော်ငြား ပူပန်မှုတော့မရှိခဲ့။
ဒေါသထွက်ရခြင်းရလည်း တစ်ခြားမဟုတ်ခဲ့။
ပိုင်ဆိုင်မှုလေးကို အဝေးပို့ဖို့လုပ်နေတာ
အသိသာကြီးမဟုတ်လား။
အမတ်တစ်ဦးချင်းစီရဲ့သွေးတွေကို
ဓားသွားထက်မှာမြင်ချင်ပေမဲ့
ပိုင်ဆိုင်မှုလေးက ကြိုက်မှာမဟုတ်။

ခြေလှမ်းတွေရဲ့ဦးတည်ရာအတိုင်း
လျှောက်လှမ်းနေတုန်း ကြားလိုက်ရတဲ့
တူရိယာသံဟာ စောင်းသံ။
ပထမဆုံးကြားဖူးခြင်းမဟုတ်သော်လည်း
နောက်ထပ်အကြိမ်ကြိမ်အခါခါကြားရဖို့
မျှော်လင့်ခဲ့တာမလား။

Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေးWhere stories live. Discover now