Unicode
"Min နိုးပြီလား
ကိုယ်တော်မျက်နှာ သန့်စင်ဖို့စီစဉ်လာတယ်"
မနက်တုန်းက တစ်နေ့လုံးမြင်းစီးလာခဲ့ရတဲ့
အဖြူရောင်လေးဟာ တကယ့်ကိုပင်ပန်းနေတာ။
ဂျူဂျိုမင်တိုင်းပြည်မှာတုန်းက ဆိုရင်
အဖြူရောင်လေးဟာ နန်းတော်အပြင်ကိုတောင်မထွက်ခဲ့။
နိုးလာတာနဲ့ချက်ချင်းမထသေးဘဲ အိပ်ဆောင်ပေါ်ငုတ်တုတ်
ထိုင်နေတော့ ရေဇလုံနဲ့ပဝါကိုင်ပြီးဝင်လာတဲ့ အိမ်ရှေ့စံ။နေပါဦး ဒါတွေကို လျိုဂိုဂျောင်တိုင်းပြည်မှာ ကိုယ်ဘာသာလုပ်ရတာလား။
တော်ဝင်မျိုးနွယ်တွေက ဒီလိုတွေလုပ်စရာမလိုဘူးမလား။သူကလွဲလို့ပေါ့။
ဒါပေမဲ့ တိုင်းပြည်ချင်းမှ မတူတာ။မိမိနှင့်ပတ်သက်သည့်ကိစ္စအဝဝကို
အဖြူရောင်လေးက သူ့ဘာသာလုပ်ခဲ့တာ။
တော်ဝင်မျိုးနွယ် ဆိုပေမဲ့ပေါ့။အဖြူရောင်လေးစဉ်းစားနေစဉ်မှာပင် သူ့လက်ကိုကြည့်မိလိုက်တော့
ဆေးထည့်ထားတာပဲ
ငါတော်တော် အိပ်ပျော်သွားပါလား။
"ဘာတွေ တွေးနေတာလဲ Min"
"ဘာမှမဟုတ်ပါဘူး ဒီအတိုင်း..."
အခုမှနီးကပ်ကပ်လေးမြင်လိုက်ရတဲ့အခါ
သိသိသာသာချိုင့်ဝင်နေတဲ့ မျက်လုံးဝိုင်းဝိုင်းတွေ။
အဖြူရောင်လေး မေးလိုက်ချင်ပေမဲ့
မနေ့ကတန်ဖိုးမဲ့တဲ့အပြုအမူတွေကိုပြန်မြင်လာတော့
မမေးချင်။
ဒီလောက်လေးမေးတာ ဘာဖြစ်မှာမို့လို့လဲ ဆိုတဲ့စိတ်အခံလေးကရှိနေပြန်။
စိတ်တွေက ဒီလူသားနဲ့ပတ်သက်လာရင်
အမြဲတွေဝေနေတုန်း။
နောက်ဆုံးတော့ စိတ်ပိုင်းဖြတ်လိုက်ပြီး"အိမ်ရှေ့စံ ညတုန်းကအိပ်မပျော်ဘူးလား"
"ဟုတ်တယ်....ကိုယ်တော်အိပ်မပျော်ဘူး"
ခေါင်းလေးသာ ငြိမ့်ပြသွားတဲ့အဖြူရောင်လေးကြောင့်
အိမ်ရှေ့စံလေး တွေခနဲ။
ဒီလူသားလေးမှာ သိပ်လှတဲ့စာမျက်နှာတွေက
အချိန်မရွေးထွက်လာတတ်ပါလား။
သိပ်လှလွန်းတဲ့ စာမျက်နှာတွေမှာ အိမ်ရှေ့စံလေး
တွေခနဲ ငေးခနဲပါပဲ။နန်းဆောင်ကိုလိုက်ကြည့်နေတဲ့ အဖြူရောင်လေးရဲ့
မျက်လုံးတွေဟာ မနက်ခင်းရဲ့နေရောင်ခြည်တွေလိုပါပဲ။
သိပ်လှတယ် နွေးထွေးလွန်းတယ်
ကြည်လင်အေးချမ်းလွန်းတယ်။
VOUS LISEZ
Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေး
FanfictionUnicode ကြယ်တာရာ ကောင်းကင်းကြီးအောက် လမင်းကြီးကို မျက်ကွယ်ပြုပြီး ကြာပန်းဖြူတွေကိုင်ထားတဲ့ ကိုယ်တော်ရဲ့အဖြူရောင်လေးကို နမ်းပါရစေ။ Jeon မင်းကြီး သူရိန်နေမင်းရဲ့ အရှိန်အဝါကိုသက်သေပြုပြီး ဓားကိုင်ထားတဲ့ အရှင့်ရ...