Unicode
"ဘာကိုလိုက်ဖက်ရမှာလဲ...
ခင်ဗျား မြင်နေလို့လား..."ပွဲတော်က ဆူညံနေပေမဲ့
မီးတောက်လေးအသံဟာ ညံခနဲ။ပွဲတော်ရှိပြည်သူတွေဟာ မောင့်ကိုခနဲမျှသာ
ကြည့်ပြီး သူတို့ဘာသာ ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲနေပါသည်။မပျော်နိုင်တာကJeon။
"Jeon..."
"မ..မမြင်ရပေမဲ့လိုက်ဖက်မယ်လို့ထင်လို့ပါ
သခင်လေး...ကျွန်တော်မျိုးမ မှားသွားပါတယ်""တောင်းပန်ဖို့မလိုပါဘူး အဒေါ်ကြီး
ဒီဟာလေး ဝယ်ချင်လို့ ရောင်းပေးလို့ရမလား..."တစ်ကိုယ်လုံးဖုံးကွယ်ထားလို့ရခဲ့ပေမဲ့
စကားသံလှလှလေးတွေကို တားလို့မမှီခဲ့။အဒေါ်ကြီးရဲ့ပါးစပ်ဟ ကြောင်အနေမှုမှာ
ဒေါသတွေဟာ ထိန်းလို့မရတော့။ဝတ်ရုံတော်အနွမ်းလေးထဲက အထုတ်ကို
အားပြင်းပြင်းနဲ့ပစ်ချခဲ့ပေမဲ့
ဆံထိုးလေးကိုတော့ နူးနူးညံညံလေး
ယူနေတဲ့သူဟာ နားလည်ရခက်သား။ဆိုင်ရှင်အဒေါ်ကြီးမှာ ကြောင်အအ။
"သောက်အုံးမလားJeon"
ဆန်အရက်ဆိုင်ရဲ့သီးသန့်အခန်းထဲ
ကြွေခွက်လေးကို မြှောက်ကာ ရီဝေဝေ
ကြည့်နေပုံလေးက မသောက်ဘဲမူးချင်စရာ။ပါးမို့မို့လေးနီရဲလာလျက်။
ဆန်အရက်သောက်မှဖြစ်မယ် ဆိုတဲ့
အမိန့်သံတွေကြား မီးတောက်လေး
ပူလောင်ခဲ့ပေမဲ့ မငြင်းနိုင်ခဲ့ပါ။
နိယာမပုံသေနည်းတွေလို။ဆံနွယ်အရှည်လေးတွေကြောင့်
စိတ်ရှုပ်နေပုံရတဲ့ အဖြူရောင်လေး။"ဘာဖြစ်လို့လဲ...မကောင်းလို့လား
ကိုယ်တော်အသစ်မှာလိုက်မယ်...
ခဏစောင့်..""ပူတယ်Jeon..."
လည်ပင်းနားတစ်ဝိုက်က ဆံနွယ်တွေကိုဖယ်နေတာမို့ မီးတောက်လေးက ဆံနွယ်အားလုံးကို
နောက်သို့ရှင်းပေးလိုက်သည်။"ရရဲ့လားMin"
မျက်နှာလေးကိုကြည့်ပြီး မေးလိုက်ပေမဲ့
ဖြူဝင်းနေတဲ့လည်ပင်းတစ်ဝိုက်လာ နီရဲနေလျက်။
YOU ARE READING
Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေး
FanfictionUnicode ကြယ်တာရာ ကောင်းကင်းကြီးအောက် လမင်းကြီးကို မျက်ကွယ်ပြုပြီး ကြာပန်းဖြူတွေကိုင်ထားတဲ့ ကိုယ်တော်ရဲ့အဖြူရောင်လေးကို နမ်းပါရစေ။ Jeon မင်းကြီး သူရိန်နေမင်းရဲ့ အရှိန်အဝါကိုသက်သေပြုပြီး ဓားကိုင်ထားတဲ့ အရှင့်ရ...