အပိုင်း (၂၀)

296 41 2
                                    

Unicode
"ကြင်ယာတော်ရွေးပွဲကို
ရပ်ဆိုင်းလို့မဖြစ်ပါဘူး မယ်တော်ကြီး"

"တိုင်းပြည်ရဲ့မယ်တော်ကြီးအနေနဲ့
ငါ့အမိန့်ကို လွန်ဆန်ချင်တာလား"

ခပ်နွေးနွေးလေးဖြစ်နေတဲ့ ရေနွေးကြမ်းကြွေခွက်လေးကို ကိုင်ကာ တည်ငြိမ်နေတဲ့အသံလေးမှာ
အေးစက်မှုတွေအပြည့်နဲ့ပြောနေတဲ့
မယ်တော်ကြီး............။

"ကျွန်တော်မျိုး အတွင်းဝန်လီ မလွန်ဆန်ရဲပါဘူး
ဒါပေမဲ့ ပြည်သူတွေရဲ့အမြင်တွေကလည်း
ရှိနေသေးတာမို့ ပြန်လည်သုံးသပ်တော်မူပါ"

ရေနွေးခွက်ကို ချလိုက်ကာ
စားပွဲပေါ်မှာတင်ထားတဲ့ ပန်းအိုးလေးမှ
အရွက်စိမ်းစိမ်းတွေကို ထိတွေ့နေသည်။

"အမတ်တွေရဲ့ သမီးတွေထဲကနေ
တိတ်တဆိတ်ရွေးချယ်မှာမို့ အတွင်းဝန်က
စီစဥ်ထားလိုက်ပါ"

"အနောက်ဆောင်ရဲ့ အုပ်ချုပ်မဲ့သူကို
တိတ်တဆိတ်ရွေးမယ် ဆိုတာက
မသင့်တော်ပါဘူး မယ်တော်ကြီး"

"အတွင်းဝန်......."

စားပွဲခုံပေါ် ရိုက်ချလိုက်တဲ့ လက်လေးတွေဟာ
တုန်ရီနေလျက်။
ဒေါသထွက်နေတဲ့ မျက်ဝန်းတွေဟာ
တစ်ခါမှ မမြင်ဖူးခဲ့ပါ။
Jeonမင်းကြီးရဲ့ဒေါသမျက်ဝန်းတွေနဲ့
တူနေတာမို့ နန်းဆောင်ထဲရှိ ရံရွေတော်တွေနဲ့
အတွင်းဝန်းပါ ခေါင်းငုံ့ကြတော့သည်။

"စိုးရွံမိပါတယ် မယ်တော်ကြီး"

"ပြန်လို့ရပြီ အတွင်းဝန်"

အတွင်းဝန်ထွက်သွားတော့မှ သူမဟာ
သက်ပြင်းတစ်ချက်ချလိုက်မိသည်။

"မယ်တော်ကြီး လက်ကိုဆေးလိမ်းပေးပါ့မယ်"

"ခဏကြာရင် သားတော်Minဆီသွားမှာမို့
အဆင်သင့်ပြင်ထားပါ"

ဆောင်းလေပြေတွေ နန်းဆောင်ထဲ ဝင်လာတော့
မျက်လုံးလေးတွေကို မှိတ်ချလိုက်မိသည်။
နှင်းတွေကို သဘောမကျပေမဲ့
မင်းကြီးက သဘောကျနေတော့
နှမတော်လည်း မကြိုက်ပေမဲ့ မြတ်နိုးနေမိတယ်။

လေပြေတွေကို သဘောကျမိတာလည်း
ချစ်ရသူကြောင့်ပါ။

"Minဆေးက မခါးပါဘူး
ကိုယ်တော့်ကို ယုံ"

Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေးTempat cerita menjadi hidup. Temukan sekarang