အပိုင်း (၁)မတူညီတဲ့ဖြစ်တည်မှုနှစ်ခု Part (1)

1.4K 78 0
                                    

"ဘာလို့ဒီနေ့မိုးခြိန်းသံတွေက အရင်နေ့တွေထက်ပိုကျယ်လောင်နေရတာလဲ"

"ဒီနေ့ မိဘုရားခေါင်ကြီးမွေးဖွားမဲ့နေ့လေ"

"ဟုတ်လား ငါတို့တော့ဘယ်လောက်တောင်ဒုက္ခခံရဦးမလဲမသိဘူး နန်းသွေးမထိန်းကားတော့တာ မိဘုရားငယ်ကျိန်စာတိုက်ကတည်းကဆို၁၀နှစ်ကျော်တောင်ရှိပြီ နန်းသွေးထိန်းကားလာပြန်တော့လဲ တိုင်းပြည်တစ်ခုလုံးဒုက္ခမျိုးစုံခံရတော့တာပဲ"

အသက်ရွယ်လတ်ပိုင်း မိန်းမသားနှစ်ဦးက မိုးခြိန်းနေတာ မကြာခင်မိုးရွာတော့မယ်ဆိုတာသိလို့
ရောင်းချနေသော ​ကြွေခွက်လေးတွေက်ိုကောက်သိမ်းရင်း
နန်းသွေးရတာလဲ သူတို့အတွက်ကံမကောင်းကြောင်းပြောဆိုနေ၏။ဘေးနားကစျေးသည်တွေကလည်းနန်းသွေးကိုစော်ကားရကောင်းလားဆိုပြီးဒေါသမထွက်ကျဘူး။ဒေါသထွက်ဖို့မပြောနဲ့ သူတို့အတွက်တော့ဒါဟာသူတ်ို့နေတိုင်းပြောနေတဲ့ လက်သုံးစကားတစ်ခုလိုတောင်ဖြစ်နေပြီ။
ဒီစိတ်ပျက်စရာစကားတွေဖြစ်လာတဲ့ အခြေခံအရင်းမြစ်က

သက္ကရာဇ် ၁၃၅၄
လျိုဂူဂျောင် တိုင်းပြည် Jeonမျိုးစက်အုပ်စိုးစဥ်ကာလ
Jeonမင်းဆက်၏တတိယမြောက်မျိုးဆက် Jeon Soo Gyi အုပ်ချုပ်နေစဥ်ကာလက တိုင်းပြည်ဟာအရမ်းကျော်ကြားပြီး တိုင်းသူပြည်သားတွေငြိမ်းချမ်းစွာနေထိုင်နိုင်ခြင်းတွေသည် ရှင်ဘုရှင်ရဲ့ဘုန်းကံတွေကြောင့်ပေါ့။အရမ်းကိုအေးချမ်းလွန်းတဲ့တိုင်းပြည်မှာကံဆိုးခြင်းတွေကြုံလာတော့မယ်ဆိုတာ ဘယ်သူကထင်မှာလဲ။
အရှင်ဘုရင်ကြီးမှာမိဘုရားခေါင်ကြီးနဲ့မိဘုရားတစ်ပါးရှိတယ်။
အရှင်ဘုရင်ကြီးရဲ့ ကြင်ဖက်တွေက တစ်ယောက်နဲ့တစ်ယောက်မနာလိုမုန်းတီးမှုတွေအလျင်းမရှိ
ညီအစ်မတွေလို တစ်ယောက်ကိုတစ်ယောက်ချစ်ခင်ပြီး လေးစားကြသည်။Jeonနန်းတော်ကြီးဟာ ထိုအချိန်အထိတော့အေးအေးချမ်းချမ်းပါပဲ။မုန်တိုင်းမလာခင်လေပြေအရင်လာတယ်ဆိုမျိုးပေါ့။
မိဘုရားငယ်ဟာတိုင်းပြည်ရဲ့ပထမဆုံးနန်းသွေးလေးကိုလွယ်ထားရတဲ့အချိန်ရောက်တော့ မင်းကြီးသာမက ဧကရီနဲ့အတူနန်းတော်တစ်ခုလုံးကမိဘုရားကိုအရမ်းဂရုစိုက်ခဲ့သည်။ဒါပေမဲ့ကံဆိုးစွာ နန်းသွေးဟာမိန်းကလေးဖြစ်နေခဲ့တော့ မိဘုရားဟာနန်းတော်ကိုစွန့်ခွာမလား ကိုယ့်ရင်သွေးကိုအသေခံမလား မိဘုရားဟာရွေးရခက်ခဲ့ပါသည်။
ဒီဥပဒေဟာအရင်မင်းကြီးတွေလက်ထက်ထဲကကျင်သုံးလာတဲ့အစဥ်အလာ။မိဘုရားဟာသူ့၏အစ်မ​တော်ကဲ့သို့ချစ်ခင်ရတဲ့မိဘုရားခေါင်​ကြီးကိုမင်းကြီးကိုနားချဖို့ကူညီတောင်းခဲ့တော့မိဘုရားခေါင်ကြီးဟာမင်းကြီးကိုနားချခဲ့သည်။မင်းကြီးဟာသူ့ရင်သွေးလေးနဲ့မိဘုရားကိုချစ်သော်လည်း တည်ဆဲဥပဒေကိုချိုးဖျက်လျှင် အပြစ်ဒဏ်က ဘုရင့်ထီးနန်းသာ။
သူ မမက်ပေမဲ့ထီးနန်းသာမှူးမတ်တွေလက်ထဲရောက်သွားရင်ခံရမှာက အပြစ်မဲ့တဲ့ပြည်သူပြည်သားတွေ။
သူတစ်ကိုယ်ကောင်းမဆန်ချင်ပါ။ဒါကြောင့်မို့ဘုရင်ဟာထိုဥပဒေအတိုင်း မိဘုရားကိုရွေးခိုင်းခဲ့သည်။
မိဘုရားဟာ သူ့အရမ်းချစ်ရတဲ့မင်းကြီးနဲ့ သူတို့နှစ်ယောက်ရဲ့သွေးသားဖြစ်တည်မှု တို့ကိုရွေးချယ်ရာမှာ မိဘုရားသည်အရမ်းနာကြည်းခဲ့ပါသည်။
"မငဲ့ညှာတော့ဘူးလား မင်းကြီး
နှမတော်က မင်းကြီးချစ်ရတဲ့ မိဘုရားပါ။
နှမတော်နေရာမှာအစ်မတော်ဆိုရင်ရော
မင်းကြီးရဲ့ဆုံးဖြတ်ချက်ကဒီအတိုင်းပဲလား။
သေချာတာက မင်းကြီးကအစ်မတော်ရဲ့လက်ကိုဆွဲပြီး
ရင်သွေးလေးကိုရင်မှာပိုက် နန်းတော်ကထွက်ပြီး သာယာတဲ့မိသားစုခရီးလမ်းကိုသွားမှာမလား"

Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေးDove le storie prendono vita. Scoprilo ora