အပိုင်း (၁) part (2)

478 66 1
                                    

သက္ကရာဇ် ၁၃၅၄
ဂျူဂျိုမင်တိုင်းပြည်
"ဘာလို့ ပန်းတွေအရမ်းပွင့်နေရတာလဲ
မိုးကောင်းကင်ကလည်း မိုးတိမ်တွေကင်းစင်လိုက်တာ
ငှက်​လေးတွေကလည်း နန်းတော်နားမှာဝဲပြီးဘာလို့တေးသံသာသာတွေထုတ်လွှင့်နေရတာလဲ"

"ရှင်မသိဘူးလား ဒီနေ့ကငါတို့အရမ်းလေးစားရတဲ့ ကြင်ယာတော်Yoonရဲ့ နန်းသွေးလေးမီးဖွားမဲ့နေ့လေ"

"အော် မေ့နေလိုက်တာ ငါတို့ရဲ့ကံကောင်းခြင်းလေးက ဒီနေ့ငါတို့ဆီရောက်လာတော့မှာပဲ"

"ဟုတ်တယ် မင်းသားငယ်လေး ငါတို့တိုင်းပြည်ဆီရောက်လာတော့မယ်
​တော်ဝင်သွေးတွေအများကြီးရှိပေမဲ့ ငါတို့ရဲ့အခုရောက်လာမဲ့
တော်ဝင်သွေးလေးက ဧကန်မုချငါတို့ကို ပျော်ရွှင်စေမှာ"

ဟင်းသီးဟင်းရွက်တွေရောင်းနေတဲ့ စျေးသည်လင်မယားနှစ်ဦးပြုံးပြုံးကြီးပြောနေတာကို ကျန်စျေးသည်တွေနဲ့စျေးဝယ်သူတွေကလည်းပြုံးပြီးနားထောင်နေသည်။
ရောက်လာတော့မယ် တော်ဝင်သွေးလေးကိုအားလုံးကစောင့်မျှော်နေသလို တိုင်းပြည်ရဲ့ မင်းကြီး Park Min Hyun
ကလည်း မီးဖွားနေတဲ့ကြင်ယာတော်ရဲ့အခန်းရှေ့မှာခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်။သူ့သည်သားတော်တွေသမီးတော်တွေမီးဖွားခဲ့တုန်းကဒီလောက်စိတ်မလှုပ်ရှားခဲ့ပါ။
ဘာလို့ဒီတော်ဝင်သွေးလေးကိုစိတ်ပူနေရတာလဲဆိုတာ
သူကိုယ်တိုင်လည်းမသိပါ။သေချာတာကတော့သူမှမဟုတ်ပါဘူး တစ်တိုင်းပြည်လုံး တော်ဝင်သွေးလေးကိုဆုံးရှုံးချင်မှာမဟုတ်ဘူး။
ဘာလို့လဲဆိုတော့ ကြင်ယာတော်မှာနန်းသွေးတည်ကတည်းက
တစ်တိုင်းပြည်လုံးအဘက်ဘက်မှာအောင်မြင်ကျော်ကြားပြီး
တိုင်းသူပြည်သားတွေရဲ့စိတ်ထဲမှာမကောင်းတဲ့စိတ်အလျင်းမှမရှိအောင် ပြုလုပ်နိုင်တဲ့နန်းသွေးလေးဖြစ်နေလို့ပေါ့။
"မွေးပါပြီ မင်းကြီး သားတော်လေးပါ"

မင်းကြီးဟာ အထိန်းတော်ချီလာတဲ့သူ့ရဲ့သားတော်လေးကိုဖွဖွလေးချီပြီးကြည့်လိုက်တာအခါ အရမ်းစိတ်လှုပ်ရှားနေတဲ့သူ့ရဲ့စိတ်ထဲလေပြေလေးဖြတ်သွားမလို ငြိမ်းအေးသွားသည်ကိုခံစားလိုက်ရတယ်။ဒီလူသားလေးက ဘယ်လို လေးလဲ။အသားအရေလေးတွေကဘာလို့သာမာန်ကလေးပေါက်စလေးတွေနဲ့မတူဘဲအရမ်းနူးညံနေရတာလဲ။နှာတံလေးတွေကလည်းထူးခြားလိုက်တာ တစ်ခါမှမမြင်ဖူးဘူး။ ပါးလေးတွေကလည်းဆန်မုန့်လေးတွေလိုဖောင်းဖောင်းလေး။လက်ကလေးတွေကိုကိုင်ကြည့်လိုက်တော့ လက်သေးသေးလေးတွေပဲ။ခြေထောက်ရဲ့ခြေချောင်းလေးတွေကလည်း အသဲယားစရာလေးတွေ မင်းကြီးဟာ မွေးကင်းစမျက်လုံးမှိတ်ထားသောနီတာရဲလေးက်ိုကြည့်ပြီးအသဲယားနေတဲ့အချိန်ဖြေးဖြေးလေးဖွင့်လာတဲ့မျက်တောင်လေးတွေ။မျက်တောင်လေးတွေကအစ လှစရာလိုလို့လား ကလေးလေး။မင်းကြီးဟာ မျက်တောင်လေးတွေအောက်မှာရှိတဲ့မျက်လုံးမှေးမှေးလေးတွေကိုမြင်တော့ သူ့ရဲ့မျက်နှာပြင်မှာသူကိုယ်တိုင်တောင်မသိဘဲနဲ့ အပြုံးလှလှလေးတစ်စုံပေါ်လာသည်။ဘေးနားက အထိန်းတော်ကြီးမှာလည်းထိုနည်းတူစွာပေါ့။အပြုံးလှလှလေးတစ်စုံရေးဆွဲရခြင်းက သူတို့စိတ်နှလုံးတွေထဲမှာစိတ်ချမ်းသာခြင်းတွေ အေးချမ်းခြင်းတရားတွေဖြတ်သန်းသွားလို့ပေါ့။
"အထိန်းတော်ကြီး မြင်ရဲ့လား သားတော်ရဲ့မျက်လုံးလေးတွေကို"
"မြင်ပါတယ် မင်းကြီး"
"သားတော်ရဲ့မျက်လုံးတွေက ဘာလို့ကြည့်လိုက်တာနဲ့စိတ်နှလုံးကိုငြိမ်းချမ်းစေတာလဲ ထူးဆန်းလိုက်တာ"
"မင်းကြီးကိုဂုဏ်ပြုပါတယ် ထူးဆန်းသောသားတော်လေးကိုပိုင်ဆိုင်ရလို့"
"ငါကိုယ်တော် ကျေနပ်အားရလိုက်တာ"
"အထိန်းတော်ကြီး"
"အမိန့်ရှိပါ မင်းကြီး"
"ညီလာခံအစည်အဝေးခေါ်လိုက်"
"ဟုတ်ကဲ့မင်းကြီး"
အထိန်းတော်ကြီးထွက်သွားတော့ သူရဲ့လက်မောင်းထက်မှာငြိမ်ငြိမ်လေးနေပြီး သူကိုစိုက်ကြည့်နေတဲ့သားတော်လေးကို ကြည့်မဝနိုင်အောင်ဖြစ်နေတော့တယ်။
"ဖမည်းတော်ဘဝမှာ ဘယ်သူ့ကိုမှကျေးဇူးမတင်ဖူးဘူး
ဒါပေမဲ့ဘဝမှာပထမဆုံးကျေးဇူးတင်ချင်တဲ့သူက သားတော်ကိုပဲ
ကျေးဇူးတင်ပါတယ် ခမည်းတော်ရဲ့သားတော်လေးဖြစ်မွေးဖွားလာပေးလို့"
သူကျေးဇူးတင်လိုက်တော့ သူကိုစိုက်ကြည့်နေတဲ့သားတော်ရဲ့မျက်လုံးလေးတွေအရောင်တောက်လာပြီး နှုတ်ခမ်းထူထူလေးတစ်စုံက သူကိုအလှပဆုံးပြုံးပြလာသည်။
"နားလည်နေတာလား ကလေးလေး
ချစ်ဖို့ကောင်းလိုက်တာ"
မင်းကြီးဟာကလေးလေးကို စကားစမြည်ပြောနေတုန်း
"ညီလာခံအဆင့်သင့်ဖြစ်နေပါပြီ မင်းကြီး"
"ဟုတ်လား ညီလာခံဆီသွားကြရအောင် ကလေးလေး"
မင်းကြီးဟာကလေးကိုလက်ကချီထားပြီးညီလာခံသို့ကြွချီလာသည်။မှုးမတ်အားလုံးဟာ ခေါင်းငုံ့ထားပေမဲ့ မင်းကြီးချီထားတဲ့မင်းသားလေးကိုအားလုံးကမြင်ချင်နေကြတယ်။
မင်းကြီးပလ္လင်ပေါ်ရောက်တော့
"မှုးမတ် ကြီးတို့ဖြစ်ပျက်နေကြတာ ကြည့်လို့မကောင်းပါလား"
"စိုးရွံမိပါတယ်မင်းကြီး မင်းသားလေးကိုမြင်ချင်တဲ့စိတ်ကြောင့်ပါ"
"ကိုယ်တော်သိပါတယ် မောင်မင်းတို့ကြည့်နိုင်ပြီ"
မင်းကြီးဟာ မှုးမတ်တို့ကြည့်နိုင်အောင် သူ့လက်တွေကိုအောက်သို့နည်းနည်းလျှေချလိုက်သည်။မှုးမတ်တို့ကအပြုံးကိုယ်စီချိတ်ဆွဲပြီး
"ဂုဏ် ပြုပါတယ် မင်းကြီး"
အားလုံးပြိုင်တူညီစွာ ဂုဏ်ပြုလိုက်ပြီးနောက်
"မင်းကြီး ကံကြမ္မာဟောဆရာကြီးကိုခေါ်ထားပြီးပါပြီ"
"သားတော်လေးရဲ့ကံကြမ္မာကိုဘယ်သူ့ကိုမှမဖတ်ခိုင်းဘူး
ငါကိုယ်တော်ထင်တယ် သားတော်လေးဟာသူ့ကံကြမ္မာကို သူကိုယ်တိုင်ပဲစီမံမယ်ဆိုတာ
နောက်ပြီးသားတော်လေးရဲ့နာမည်ကို ငါကိုယ်တိုင်ပေးမယ်
ငါကိုယ်တော်ရဲ့သားတော်ဟာ ဉာဏ်ရည်ထက်မြက်မယ်ဆိုတာ ငါကိုယ်တော်ယုံကြည်တယ်
Park Jimin ဉာဏ်ပညာအရည်အချင်းဟာ မိုးကောင်းကင်ထိတောင်ရောက်တယ်လို့ အဓိပ္ပါယ်သက်ရောက်တယ်"

Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေးOnde histórias criam vida. Descubra agora