အပိုင်း (၄)

397 54 1
                                    

Unicode

"လျိုဂူဂျောင်တိုင်းပြည်ရဲ့ မိဘုရားခေါင်ကြီးနဲ့
အိမ်ရှေ့မင်းသားလေးတို့ ကြွချီလာပါပြီ"
တစ်တိုင်းပြည်လုံးကိုဖုံးလွှမ်းနိုင်တဲ့ အသိပေးချက်လေး။
ညီလာခံကိုတစ်လှမ်းခြင်းဝင်လာတဲ့ မိဘုရားခေါင်ကတော့
အလှပဆုံးအပြုံးကိုဆင်မြန်းပြီးကြွကြွရွရွဝင်လာပေမဲ့
သူမရဲ့သားတော် မျက်နှာကိုကြည့်လိုက်တော့
ပျက်ယွင်းသွားသော မျက်နှာတော်လေး။
မျက်ခုံးနှစ်ခုကိုထိလုနီးပါးကျုံထားပြီး
ဘယ်သူ့ကိုမဆိုပြာကျမတတ်ကြည့်နေတဲ့ သူမရဲ့သားတော်။
သူမကတော့လှောင်ရယ် ရယ်လိုက်တော့တယ်
သူမရဲ့သားတော်က ခဏကြာရင်ဒီလိုမျက်နှာတော်မျိုး ရှိတော့မှာမဟုတ်လို့လေ။
သားတော်ရဲ့ပူလောင်ခဲ့တဲ့နေ့ရက်တွေကုန်ဆုံးတော့မှာပါ
သူမ ရောက်လာခဲ့ရင်ပေါ့။
သူတို့ကိုစီစဥ်ပေးထားတဲ့နေရာတွေမှာဝင်ထိုင်ဖို့လုပ်တော့
မင်းကြီးက နှုတ်ဆက်စကားစဆိုလာသည်။
"မိဘုရားခေါင်နဲ့အိမ်ရှေ့မင်းသားလေးကို
ဂျူဂျိုမင်တိုင်းပြည်ကနေ ကြိုဆိုပါတယ်"
"ကျွန်မတို့လည်း အခုလိုဆုံတွေ့ရတာ ဝမ်းသာမဆုံးပါ
ကျွန်မတို့ရဲ့တိုင်းပြည်နှစ်ပြည်ချစ်ကြည်ရေးနဲ့ပတ်သက်ပြီး
ကျွန်မတို့ရဲ့တောင်းဆိုချက်ကိုလက်ခံပေးမယ်မလား မင်းကြီး"
"လက်ခံပါတယ် မိဘုရားခေါင်ကြီး
မိဘုရားခေါင်ကြီးဘက်ကနေတောင်းဆိုလာတာကို
ကျွန်ုပ်တို့တိုင်းပြည်တစ်ခုလုံးကဝမ်းသာနေတာပါ"
"မင်းသမီးလေး Park Yoonရော"
"ရှိပါတယ် မိဘုရားခေါင်ကြီး
ရံရွေတော်...မင်းသမီးလေးကိုခေါ်လာလို့ရပြီ"
"အမိန့်တော်အတိုင်းပါ မင်းကြီး"
မိဘုရားခေါင်ကြီးက အခုထက်ထိအားလုံးကိုအမြင်မကြည်ကြည့် နေတဲ့သားတော်ကိုကြည့်နေမိသည်။
သားတော်ရဲ့မျက်ဝန်းတို့က ချက်ချင်းဝိုင်းစက်ပြီးအရောင်ပြောင်းသွားတာကိုမြင်လိုက်ရတော့ အံံံ့သြသွားတာက မိဘုရားခေါင်ကြီး။
သားတော်ကြည့်နေတဲ့ နေရာဆီသူမမျက်လုံးတွေရောက်သွားတော့
ဝင်းလက်သွားတဲ့ သူမမျက်လုံးတစ်စုံ။
အံ့သြဖို့ကောင်းလိုက်တာ။
ဒီလိုမျိုးအသက်ဝင် သေသပ်နေအောင်ဆွဲနိုင်တဲ့သူမျိုး
ဒီကမ္ဘာပေါ်မှာရှိလို့လား။
ပန်းချီကရိုးရိုးရှင်းရှင်းလေး။
ပန်းချီကိုနှစ်ပိုင်းခွဲထားတာက စိတ်ဝင်စားစရာ။
လက်ယာဘက်မှာဆွဲထားတဲ့ပန်းချီလေးက
အနီရောင်မီးတောက်တွေကြား
အနီရောင်ဝတ်ရုံတောက်ကို
ဆင်မြန်းထားတဲ့ယောကျာ်းသားတစ်ယောက်။
ထိုလူသားလေးက အနီရောင်ဓါးတစ်လက်ကိုတင်းတင်းကျပ်ကျပ်ကိုင်ထားတယ်
လက်ဝဲဘက်ပန်းချီလေးမှာတော့ ဆန့်ကျင်ဘက်။
နှင်းစက်တွေကျနေတဲ့ဆောင်းရာသီလိုမျိုး။
အဖြူရောင်ဝတ်ရုံတော်ကို ဆင်မြန်းထားတဲ့လူသားလေးကနတ်သားလေးလိုအဆင်အယင်မျိုး။
သိပ်မြတ်နိုးဖွယ်ရာ။
စောင်းကိုတီးခတ်နေတဲ့လူသားလေး။
သိပ်ကိုအေးချမ်းစရာ။
ပန်းချီလေးရဲ့ထူးခြားချက်က
လက်ဝဲဘက်မှာရှိနေတဲ့နှင်းတွေဟာ
လက်ယာဘက်ပန်းချီတွေဆီမှာအနည်းငယ်ရှိနေတယ်။
သိပ်ကိုလက်ရာပြောင်မြောက်လွန်းတယ်။
သူမငေးကြည့်နေစဥ်မှာ
ထွက်လာသော သားတော်ရဲ့အမိန်သံတစ်ခု
"ဒီပန်းချီကို ငါကိုယ်တော်လိုချင်တယ်"
ရုတ်တရက်ထွက်လာတဲ့အသံကြောင့်အားလုံးကကြောင်ကြည့်နေကြပေမဲ့ မင်းကြီးကတော့
"အိမ်ရှေ့စံကလိုချင်လို့လား
ဒါပေမဲ့ ဒီပန်းချီက သားတော်Minဆွဲထားတာလေ
သားတော်Minပိုင်တဲ့အရာဆိုတော့
သူခွင့်ပြုမှပေးလို့ရမှာ"
သားတော်Min
Minဆိုတဲ့နာမ်စားလေး။
သိပ်နားထောင်လို့ကောင်းတယ်။
စာအုပ်ပိုင်ရှင်လား။
အဆမတန်ခုန်လာတဲ့ နှလုံးသားတစ်စုံက
ထိန်းချုပ်ဖို့ခက်ခဲစွာ။
"တွေ့ချင်တယ် ပန်းချီဆွဲထားတဲ့သူကို"
"ဒါပေမဲ့ သမီးတော်ကလာတော့မှာလေ
ခဏကြာမှ..."
"ငါကိုယ်တော်က စောင့်ရတာမကြိုက်ဘူး
ဘယ်မှာလဲ သူက"
ပိုင်စိုးပိုင်နင်း ယဥ်ကျေးမှုမရှိ ပြောဆိုနေတဲ့သူကိုအားလုံးက
ဒေါသထွက်နေကြပေမဲ့ ဘယ်သူမှမထုတ်ပြရဲကြ။
ဘယ်သူမို့လို့လဲ တိုင်းပြည်တိုင်းရဲ့ဧကရာဇ်လေ။
"သားတော်Minကအခုချိန်ဆို ကြာပန်းကန်မှာရှိလောက်တယ်
ဒါပေမဲ့ သားတော်က..."
စကားမဆုံးသေး လှည့်ထွက်သွားတဲ့ အိမ်ရှေ့စံ။
ဘာအကြောင်းရာကြောင့်ဒီလိုအလျင်လိုနေရတာလဲ
သူ့ရဲ့ရဲမက်တွေကို မျက်စပစ်ပြပြီး
စေလွှတ်လိုက်တယ်
သားတော်Minကို နာကျင်အောင်လုပ်မှာစိုးလို့။
မိဘုရားခေါင်ကတော့ သားဖြစ်သူထွက်သွားခါနီး
မြင်လိုက်ရတဲ့ မျက်ဝန်းတစ်စုံကြောင့်
အတွေးတွေဆက်တိုက်ဝင်နေဆဲ။
ညီလာခံကထွက်လာစဥ် ဘယ်ကိုသွားရမယ်မှန်းမသိ။
ညီလာခံနဲ့ဝေးတဲ့နေရာတစ်ခုရောက်တော့
ကြားလိုက်ရတဲ့သံစဥ်တွေ။
ဘာကထွက်လာတဲ့ သံစဥ်တွေမှန်းမသိ။
ဘယ်တူရိယာက ထွက်လာတဲ့သံစဥ်ဆိုတာလည်းမသိ။
မီးတောက်လေးသိခဲ့တာက တစ်ခါမှမကြားဖူးသည့်သံစဥ်လေး။
စိတ်လှုပ်ရှားနေတာလည်း ဘယ်ပျောက်သွားမှန်းမသိ။
သံစဥ်တွေကတော့ ရင်ဘက်ထဲနေရာပြည့်ဝင်ယူနေလေရဲ့။
အရမ်းကိုအေးချမ်းလွန်းတယ် သိပ်သာယာလွန်းတယ်။
နားထောင်ရတာ သိပ်ကျေနပ်စရာ။
နှလုံးသားတွေလည်း ပုံမှန်တိုင်းခုန်နေစဲ။
မီးတောက်လေးရဲ့ခြေလှမ်းတွေက ညီလာခံမှထွက်လာတဲ့ခြေလှမ်းတွေနဲ့ကွဲပြားစွာ။
တစ်လှမ်းခြင်းလှမ်းနေတဲ့မီးတောက်လေးရဲ့ခြေလှမ်းတွေက
တကယ့်ကို အေးချမ်းနေပုံ။
မီးတောက်လေး စိတ်ကြည်လင်နေခဲ့သည်။

Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေးWhere stories live. Discover now