Unicode
"သတ်လိုက်......
ကိုယ်တော့်ရဲ့နောက်ဆုံးအချိန်အထိရှိပေး....
ပြီးရင် ထားခဲ့လို့ရပြီ"ရူးမိုက်လိုက်လေခြင်း.....
မလုပ်နိုင်မှန်းသိနေရက်နဲ့.......။"မေ့သွားနေတာ.....Minကမလုပ်နိုင်ဘူးဆိုတာ"
ဓားကို ကိုင်ခိုင်းနေရာကနေ
လက်လေးတွေကိုလွှတ်ချလိုက်ပြီး
သူ့ရင်ဘက်ဆီဦးတည်လိုက်တဲ့သူဟာ
သေရမှာကို မကြောက်ပုံ။လက်တွေကိုဆွဲထားခဲ့ပေမဲ့
အားကြီးလွန်းသူကြောင့် ဓားသွားဟာ
သူ့ရဲ့ဘယ်ဘက်ရင်အုံဆီရောက်သွားခဲ့ပြီ။ဒီအခြေအနေ ဒီအဖြစ်အပျက်ကို ရပ်စေနိုင်မဲ့
တစ်ခုတည်းသောအရာက........"တော်ပါတော့......တော်လိုက်ပါတော့....."
ငိုချလိုက်ရုံမှတပါး တစ်ခြားနည်းလမ်းတွေကို
မမြင်တော့ပါ။
ဒီလူသားအကြောက်ဆုံးအရာက
မျက်ဝန်းပြာပြာလေးတွေစိုစွတ်ခြင်းဆိုတာကို
သိတာမို့ရွေးချယ်လိုက်ခြင်း။ဓားလေးကို လွှတ်ချလိုက်ကာ ချက်ချင်းအားနည်းသွားသလိုဆောင်လိုက်တဲ့အသွင်ဟာ
သူသိပ်ကြောက်နေပါတယ် ဆိုတဲ့သက်သေပါ။"မငို....မငိုပါနဲ့......
တောင်းပန်ပါတယ်.....
ကိုယ်တော်အရှုံးပေးပါတယ်.....
ကြိုက်တဲ့နေရာ သွားလို့ရပါတယ်
ဒါပေမဲ့ ကိုယ်တော်ကိုတော့ခေါ်သွားပါ"ထွက်သွားမယ်.....ကြောက်ရွံ့ခြင်းတွေဆီကနေ ရုန်းထွက်ကာ ထွက်သွားမယ်လို့
ဘယ်လောက်ပဲဆုံးဖြတ်ပြီးခဲ့ပါစေ......
ဒီလူသားဘယ်လောက်ပဲခယတောင်းပန်ပါစေ
မျက်လုံးစုံမှိတ်ပြီး ထွက်သွားမယ်လို့ဘယ်လောက်ပဲအားတင်းထားပြီးဖြစ်ပါစေ........
ခြောက်ခြားနေတဲ့မျက်နှာလေးကို
မြင်ပြီးကတည်းက တွေဝေနေခဲ့ပြီးသား။
ဒီလိုလုပ်ရပ်မျိုးကို လုပ်လိမ့်မယ်လို့
မစဥ်းစားခဲ့မိတာ အမှန်ပါ။ဘယ်ဘက်ရင်အုံဆီက ဘယ်လောက်ပဲ
သွေးတွေအများကြီးစီးကျနေပါစေ
မျက်စိရှေ့က လူသားလေးနဲ့ယှဥ်ရင်
အရာအားလုံးဟာ အဓိပ္ပါယ်မဲ့လျက်။
အပြာရောင်မျက်လုံးလေးတွေဟာ
တည်ငြိမ်နေရင် အရမ်းကြည့်လို့ကောင်းသလို
မမြင်ရတော့လောက်အောင် ပြုံးပြနေလျှင်လည်း
လှလွန်းနေတာဟာ စင်စစ်သဘာဝတရားထက်တောင် ပြည့်စုံလွန်းနေတာမျိုး။
ဒါပေမဲ့ မျက်ရည်ဆိုတဲ့ အရာလေးတွေဖြစ်တည်လာရင်တော့ မြင်ရသူတွေအဖို့
နာကျင်ရစေသားလို့ ဆုတောင်းထားသလိုမျိုး။
YOU ARE READING
Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေး
FanfictionUnicode ကြယ်တာရာ ကောင်းကင်းကြီးအောက် လမင်းကြီးကို မျက်ကွယ်ပြုပြီး ကြာပန်းဖြူတွေကိုင်ထားတဲ့ ကိုယ်တော်ရဲ့အဖြူရောင်လေးကို နမ်းပါရစေ။ Jeon မင်းကြီး သူရိန်နေမင်းရဲ့ အရှိန်အဝါကိုသက်သေပြုပြီး ဓားကိုင်ထားတဲ့ အရှင့်ရ...