အပိုင်း (၁၀)

413 56 3
                                    

Unicode
"အိမ်ရှေ့စံ"
အိမ်ရှေ့စံရဲ့အနောက်ကနေပေါ်လာတဲ့အသံပိုင်ရှင်ကိုအစောင့်တွေ ကြည့်လိုက်မိသည်။
ကြည့်လိုက်မိတဲ့ အစောင့်တွေရဲ့အမှားမဟုတ်။
မကြည့် ကြည့်အောင်ဆွဲဆောင်နိုင်လွန်းတဲ့
အဖြူရောင်လေးရဲ့အသံက အံ့သြစရာ။
အိမ်ရှေ့စံဟာ အနောက်ကနေကြားလိုက်ရတဲ့အသံကြောင့် ပျာယာခတ်သွားပြီး
အနောက်ကလူသားလေးကို ရင်ခွင်ထဲ
ဆွဲသွင်းလိုက်တော့သည်။
အစောင့်တွေမြင်သွားလို့ မကောင်းတဲ့စိတ်တွေနဲ့
ပြစ်မှားကြမှာ သူသိပ်ကြောက်နေတာ။
ရင်ခွင်ထဲက အဖြူရောင်လေးရဲ့ ရင်ခုန်သံတွေဟာ ထိန်းမနိုင်သိမ်းမနိုင်။

"အားလုံး ထွက်သွားကြတော့"

အမိန့်သံဆုံး ထွက်သွားကြတဲ့သူတွေဟာ
တန်းခနဲ။
"အိမ်ရှေ့စံ"
ရင်ခွင်ထဲက ခေါ်သံတိုးတိုးလေးကြောင့်
အိမ်ရှေ့စံ လွှတ်ပေးလိုက်သည်။
"ကိုယ်တော်..."

"ရပါတယ် အိမ်ရှေ့စံမှာလည်းအကြောင်းပြချက်ရှိမှာပေါ့.....သွားကြမယ်လေ"
"အင်း ကိုယ် လမ်းပြပေးမယ်"
ကိုယ် ဆိုတဲ့နာမ်စားလေးကြောင့်
ပြုံးမိသွားတဲ့ အဖြူရောင်လေး။
မနက်ခင်းနေရောင်ခြည်နုနုတွေဖြာကျနေတဲ့အချိန် ခြေလျင်ဖြင့်သွားနေကြတဲ့သူနှစ်ဦးမှာ
အရှိန်အဝါကိုယ်စီနဲ့။
အနီရောင်လေးမှာ အပြာရောင်အနည်းငယ်ရောနေတဲ့ဝတ်ရုံတော်လေးကို ဝန်ဆင်ထားတဲ့
အိမ်ရှေ့စံနဲ့
အဖြူရောင်ဝတ်ရုံတော်မှာ ပန်းဆီရောင်လေးရောဝတ်ထားတဲ့ အဖြူရောင်လေး။
အိမ်ရှေ့စံခေါ်ဆောင်ရာနောက်လိုက်လာတော့
မွှေးပျံ့နေတဲ့အနံသင်းသင်းတွေဟာ ပတ်ဝန်းကျင်ကိုဖုံးလွှမ်းထားသလို။

မျက်စိရှေ့ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အဖြူရောင်လေးအံံ့သြနေလေရဲ့။
ပန်းတွေ.....ရောင်စုံဖူးပွင့်နေကြတာ
ဘယ်လောက်တောင် စိုက်ပျိုးထားသလဲ မသိ
မျက်စိတစ်ဆုံး မြင်နေရတာ။

ဂျူဂျိုမင်မှာလည်း ဥယာဥ်ရှိပေမဲ့
သည်လောက်တော့ မများပြားလှ။

ပန်းရနံ့တွေက စိတ်ကြည်လင်စေသလို
သူ့ကိုကြည့်နေတဲ့ မျက်လုံးဝိုင်းဝိုင်းပိုင်ရှင်က
ပြုံးနေလေရဲ့။
မူပိုင် မျက်လုံးဝိုင်းဝိုင်းတွေက
အေးချမ်းလွန်းနေလိုက်တာ။
မျက်ဝန်းလေးတွေက ဒီလိုဖြစ်နေမှပေါ့။
ဘယ်လောက်တောင် အေးချမ်းလိုက်လဲ။

Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေးDonde viven las historias. Descúbrelo ahora