အပိုင်း (၈)

396 52 7
                                    

Unicode
သဘာဝကို လုံးဝမကြိုက်တဲ့အိမ်ရှေ့စံဟာ
သဘာဝအရောက်ဖြစ်တည်လာတဲ့ ဖြစ်တည်မှုတွေကို
သူလုံးဝသဘောမကျခဲ့တာပါ။
ဒါပေမဲ့ သဘာဝကဖန်းတီးထားသလိုဖြစ်နေတဲ့
ခါးတွေကိုဖက်ထားတဲ့ လူသားလေးကိုတော့
အိမ်ရှေ့စံက သဘောကျနေလေရဲ့။
သိပ်အထူးဆန်းကြီးတော့ မဟုတ်ခဲ့။
အဖြူရောင်လေးရဲ့ ဖြစ်တည်မှုကို
မတပ်မက် တဲ့သူမရှိ။
မတပ်မက်ရဲတာ နဲ့ ဖြစ်တည်မှုလေးကိုတန်ဖိုးထားတာပဲရှိတာ။
မီးတောက်လေးကတော့
တပ်မက်မှုကိုလက်ကိုင်စွဲထားပြီး
ဖြစ်တည်မှုကို တန်ဖိုးထားဖို့မေ့နေလေရဲ့။

နန်းတော်တံခါးကို စဝင်လာတဲ့အချိန်က
နေညိုရောင်တောင်သန်းနေပြီလေ။
ဝေးကွာလွန်းတဲ့ တိုင်းပြည်နှစ်ခုကြားအိမ်ရှေ့စံဟာ
ဘယ်လိုစီးနှင်လာလည်းမသိ။
နန်းတော်တံခါးရှေ့အရောက် ချက်ချင်းဆိုသလို
မြင်းကိုရပ်လိုက်တော့ ခါးတွေကိုဖက်ထားတဲ့လက်တွေက
ပြန်ရုပ်သိမ်းသွားလေရဲ့။
ဒီလိုဖြစ်မယ်မှန်းသိရင် မရပ်လိုက်။
ဒါပေမဲ့ မရပ်လို့ကလည်းမဖြစ်သေး။
ညရောက်ခါနီးဆိုပေမဲ့ လမ်းတွေမှာပြည်သူ
ပြည်သားတွေကတော့ ရှိနေမှာပဲလေ။
မှောင်နေတဲ့အခြေအနေမှာတောင်
မျက်နှာလေးမြင်သွားဖို့မပြောနှင့်။
ကျောပြင်လေးကိုတောင် မြင်ခွင့်ပြုမှာမဟုတ်။
ချက်ချင်းဆိုသလို လက်တစ်ဖက်က
အနောက်ကအဖြူရောင်လေးရဲ့လက်ကိုဆွဲကာ
နောက်လက်တစ်ဖက်က အဖြူရောင်လေးရဲ့ခါးကိုဖက်လိုက်ပြီး ဆွဲလှည့်လိုက်တော့သည်။
သေးငယ်လွန်းတဲ့ အဖြူရောင်လေးဟာ
မီးတောက်လေးရဲ့ ရင်ခွင်ထဲတန်းခနဲ။

ဒီတစ်ခါတော့ အဖြူရောင်လေးဟာ
အငြိမ်မခံခဲ့။
ဒီလိုမျိုးခွင့်ပြုချက်မရှိပြုမှုနေတာ
ဘယ်လိုတောင် ရဲတင်းနေတာလဲ။
"ဘာလုပ်မလို့လဲ!!!"
အော်ပြောလိုက်တဲ့အဖြူရောင်လေးကြောင့်
မီးတောက်လေးမျက်လုံးတွေ ဝိုင်းခနဲ။
ဒီလူသားလေးကလည်း ဒီလိုလေးအော်တတ်ပါလား။
ဒါပေမဲ့ ဘေးနားကကြောင်ကြည့်နေတဲ့ကလေးတစ်ယောက်နဲ့
အမျိုးသမီးတစ်ယောက်ကြောင့် မျက်ခုံးတွေတွန့်ကျုံ့သွားပြီး
အသက်ရှုသံတွေတောင်မြန်လာတော့သည်။
"မကြည့်နဲ့ ကြည့်တဲ့မျက်လုံးဖောက်ပစ်မယ်
မကြားစေနဲ့ ကြားတဲ့နားရွက်ကို ဖြတ်ပစ်မယ်"
ပြောလိုက်တဲ့သူကတော့
တကယ်လုပ်မယ်ဆိုတာ မီးလိုတောက်နေတဲ့
မျက်လုံးတွေကသက်သေ။
ကြားလိုက်ရတဲ့အဖြူရောင်လေးကတော့
တစ်ကိုယ်လုံးတုန်ရီနေလေရဲ့။
ဒါသူ့ဘဝမှာပထမဆုံးကြားလိုက်ရတဲ့
မနှစ်မြို့ဖွယ်စကားလုံးတွေ။
ပထမဆုံးကြားလိုက်ရတဲ့ မကြားချင်ဆုံးစကားတွေက
နှုတ်ခမ်းပါးတွေဆီက။
ဒီလူသားနောက်ကို လိုက်လာတာဟာ ဒီလိုမျိုးတွေကြားဖို့လား။

Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေးWhere stories live. Discover now