Unicode
"Jeon မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ"
"Jeon မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ"
"Jeon မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ"နန်းတော်ရဲ့အပြင်ဘက်ထိတောင်ကြားနိုင်တဲ့
သြဘာသံတွေ ဆုတောင်းပေးခြင်းတွေ။
အိမ်ရှေ့စံ ထီးနန်းဆက်ခံလိုက်ခြင်းအခမ်းအနား။
နဂါးဝတ်ရုံတော်ကို လွှမ်းခြုံထားတဲ့
Jeonမင်းကြီးဟာ အလုံးစုံကျက်သရေတွေ
အပြည့်။Jeonမျိုးဆက်ရဲ့ တတိယမြောက်ဆက်ခံသူ
Jeon Jungkook။ပလ္လင်ပေါ်မှာထိုင်နေတဲ့သူဟာ
တကယ့်ကို အရှိန်အဝါအပြည့်။"ကိုယ်ရံတော်ဟန်"
"အမိန့်ရှိပါ မင်းကြီး"
"ကိုယ်တော်စီစဥ်ခိုင်းထားတာ လုပ်ပြီးပြီလား"
"ဟုတ် အမိန့်တော်အတိုင်း ဆောင်ရွက်ထားပါတယ်"
ပလ္လင်ပေါ်မှာ ထိုင်နေတဲ့သူဟာ တစ်စုံတစ်ယောက်ကိုစောင့်နေပုံ။
"အခမ်းအနားက ဘယ်အချိန်ပြီးမှာလဲ"
"ခဏကြာရင်ပြီးတော့မှာပါ မင်းကြီး"
"နန်းဆောင်မှာ အထိန်းတော်ကြီး
သူ့ကိုစောင့်ရှောက်နေရဲ့လား ""စောင့်ရှောက်နေပါတယ် မင်းကြီး"
"စိတ်မချလိုက်တာ"
သူမတူသော ဘုန်းကံတွေကြောင့်
ထီးမွေနန်းမွေကို ဆက်ခံခဲ့ရသော
သူဟာ ထီးနန်းကို စိတ်ဝင်စားမဲ့အစား
နန်းဆောင်ကိုပဲ ပြန်ချင်နေတဲ့ သူ။စိတ်မချလိုတဲ့အကြောင်းပြချက်နဲ့
ဂနာမငြိမ်နိုင်တဲ့သူ။အခမ်းအနားထဲ ဝင်လာတဲ့သူတွေကြောင့်
ကိုယ်ရံတော်နားကပ်ကာ"သူတို့တွေကို နန်းဆောင်ဆီခေါ်လာခဲ့"
"အမိန့်တော်အတိုင်းပါ မင်းကြီး"
ကျေနပ်သလိုအပြုံးလေးဟာ
သိပ်မထင်ပေါ်ပေမဲ့ အိမ်ရှေ့စံကျေနပ်နေခဲ့တာ။"Min"
နန်းဆောင်တံခါးဝကိုကြည့်လိုက်တော့
နေရောင်လေးတွေနဲ့အတူ တောက်ပလွန်းနေတဲ့
အိမ်ရှေ့စံ။
နှုတ်ခမ်းပါးလေးမှာ စွဲမက်ဖွယ်အပြုံးလေးနဲ့အတူ
မျက်နှာလေးမှာလည်း ရွှင်လန်းနေလျက်။
ESTÁS LEYENDO
Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေး
FanficUnicode ကြယ်တာရာ ကောင်းကင်းကြီးအောက် လမင်းကြီးကို မျက်ကွယ်ပြုပြီး ကြာပန်းဖြူတွေကိုင်ထားတဲ့ ကိုယ်တော်ရဲ့အဖြူရောင်လေးကို နမ်းပါရစေ။ Jeon မင်းကြီး သူရိန်နေမင်းရဲ့ အရှိန်အဝါကိုသက်သေပြုပြီး ဓားကိုင်ထားတဲ့ အရှင့်ရ...