Unicode
"သမီးတော်လေးYoonရဲ့လက်ထပ်ပွဲမတိုင်ခင်
သားတော်လေးMinရဲ့လက်ထပ်ပွဲ အရင်လုပ်မယ်"
"ဘာလို့မင်းသား လေးရဲ့လက်ထပ်ပွဲကို
အလောတကြီး စီစဥ်ရတာလဲ မင်းကြီး"
"ငါကိုယ်တော်ကို ဝေဖန်နေတာလား"
ညီလာခံထဲ မင်းကြီးရဲ့အသံကဟိန်းခနဲ။
မင်းကြီးရဲ့တစ်ခါမှမမြင်ဖူးတဲ့ ဘဝစာမျက်နှာတွေလားမသိ အမတ်တွေကတအံ့တသြ။
မင်းကြီးရဲ့ မျက်ဝန်းတစ်စုံက
ဒေါသေတွေထက် စိုးရိမ်မှုတွေကြီးစိုးနေတာ။
တကယ်တော့ မင်းကြီးရဲ့မျက်ဝန်းတစ်စုံဘယ်ကမလဲ။
စိတ်နှလုံးထဲ ဘယ်လောက်တောင်ပူလောင်နေလဲဆိုတာ
မင်းကြီးကိုယ်တိုင်အသိ။
"အိပ်မက်က အမှန်ဖြစ်လာချင်မှဖြစ်လာမှာပါ" တဲ့
ဘယ်သူအာမခံနိုင်လဲ မဖြစ်လာနိုင်ဘူးဆိုတာ။
သားတော်လေးသာ အနားမှာမရှိရင်ဆိုတဲ့စိတ်က
မင်းကြီးကို မီးတောင်ထဲဆွဲချသလို ပူပူလောင်လောင်။
တစ်ကိုယ်ကောင်းဆန်ပြီး သားတော်လေးရဲ့ဆန္ဒကိုဘာလို့မမေးသလဲဆိုရင်
အိပ်မက်ထဲမှာ မြင်းပေါ်လိုက်ပါသွားတဲ့သားတော်က
ကြောက်စရာမျက်လုံးပိုင်ရှင်ရဲ့ခါးကို တင်းတင်းဖက်ပြီးလိုက်ပါသွားတာက သူလိုလားတယ်ဆိုတဲ့သဘောမလား။
အရာရာကို သားတော်လေးစိတ်တိုင်းကျ။
မင်းကြီးတစ်ခွန်းမှ မကန့်ကွက်ဖူးသလို
မင်းကြီးကိုယ်တိုင်ကလည်းလိုက်နာတာမလို့။
သားတော် သမီးတော်တွေအများကြီးရှိပေမဲ့
နီတာရဲကလေးလေးကိုပွေ့ချီလိုက်တဲ့အချိန်ကစပြီး
မေတ္တာတွေဆိုတာ အတိုင်းထက်အလွန်ပေါက်ဖွားလာတာ။
လမ်းလျှောက်ခါစအရွယ်ရောက်တော့
မင်းကြီးခမျာ ပြာပြာယာယာဂရုလိုက်စိုက်တော့
ကြင်ယာတော် Yoonကတောင် အမြင်ကတ်တဲ့အထိ။
အရွယ်ရောက်လာတာကို ကြည့်ပြီး
မင်းကြီးမှာ ကြည်နူးလို့မဆုံး။
အိပ်မက်တွေခြောက်ခြားလာတုန်းကလည်း
မင်းကြီးခမျာ နေမကောင်းဖြစ်ရတဲ့အထိ။
မင်းသားလေးကို အနားမှာရှိစေချင်တာက
မင်းကြီးရဲ့အတ္တ။
"စိုးရွံမိပါတယ် မင်းကြီး
မင်းသားလေးရဲ့ဆန္ဒကလည်း အရေးကြီးတယ်မဟုတ်လား"
"သားတော်က ငါကိုယ်တော် စကားကိုနားထောင်မှာပါ
ညီလာခံသိမ်းမယ်"
"မင်းကြီးသက်တော်ရာကျော်ရှည်ပါစေ"
ညီလာခံသိမ်းပြီးတော့
မင်းကြီးရဲ့ခြေလှမ်းတွေက မင်းသားလေးရဲ့နန်းဆောင်ဆီ။
မင်းကြီးနန်းဆောင်တံခါးဝမှာရပ်နေတာ
အတော်ကြာပြီ။
သားတော်လေးကို ဘယ်လိုရင်ဆိုင်ရမှာလဲ။
အခုထိ အဆင်သင့်မဖြစ်သေး။
မနေ့တုန်းကမှ ချထားတဲ့အစောင့်တွေကြောင့်
သားတော်စိတ်အနှောက်အယှက်ဖြစ်မှာအသေအချာ။
စိုးရိမ်မှုတွေကြောင့်ရပ်နေမိတဲ့မင်းကြီး။
"ဂျိန်း"
ပွင့်လာသောနန်းဆောင်တံခါးနှင့်အတူ
သားတော်လေး။
"ခမည်းတော် ရောက်နေတာလား
ဘာလို့မဝင်တာလဲ"
သူ့ကိုမေးခွန်းတွေမေးပြီး အပြုံးတွေနဲ့ကြိုဆိုနေတဲ့
သားတော်ဟာ တည်တည်ငြိမ်ငြိမ်။
"သားတော်ကို ပြောစရာရှိလို့
ရောက်လာတာ"
"ဒါဆို ခမည်းတော် အထဲကိုကြွပါ"
အကြမ်းရည်သောက်နေတဲ့ မင်းကြီးဟာ
ဘယ်လိုစကားစရမှန်းမသိ။
မင်းသားလေးကလည်း အကြမ်းရည်တွေကိုဆက်သောက်နေဆဲ။
လေထုသည် အေးစက်လျက်။
"ဟို....သားတော်....."
"လက်ထပ်ပွဲ ကိစ္စကိုပြောမလို့လား ခမည်းတော်"
"ဟုတ်တယ် သားတော်
သားတော်ကို မတိုင်ပင်မိတာ
ခမည်းတော် တောင်းပန်ပါတယ်"
"ရပါတယ် ခမည်းတော်
ခမည်းတော်ရဲ့ဆုံးဖြတ်ချက်ကို
သားတော်ကလိုက်နာရမှာပေါ့"
"ကျေးဇူးပါ ခမည်းတော်ရဲ့ဆန္ဒကိုလိုက်လျောပေးလို့"
"ခမည်းတော်မှာပြောစရာမရှိတော့ဘူးဆိုရင်
သားတော် စာကြည့်ဆောင်သွားချင်လို့"
"သွားလေ သားတော်
ခမည်းတော်လည်း ပြန်တော့မှာ"
"ဒါဆို သွားခွင့်ပြုပါဦး ခမည်းတော်"
အဲဒီနေ့လေးမှာတော့ တစ်နေ့လုံးစာကြည့်ဆောင်မှာ
ထိုင်နေတဲ့အဖြူရောင်လေးနဲ့ဓားရေးလေ့ကျင့်နေတဲ့ မီးတောက်လေး။
YOU ARE READING
Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေး
FanfictionUnicode ကြယ်တာရာ ကောင်းကင်းကြီးအောက် လမင်းကြီးကို မျက်ကွယ်ပြုပြီး ကြာပန်းဖြူတွေကိုင်ထားတဲ့ ကိုယ်တော်ရဲ့အဖြူရောင်လေးကို နမ်းပါရစေ။ Jeon မင်းကြီး သူရိန်နေမင်းရဲ့ အရှိန်အဝါကိုသက်သေပြုပြီး ဓားကိုင်ထားတဲ့ အရှင့်ရ...