Unicode
ခမ်းနားကာလှပနေတဲ့နန်းဆောင်ကြီးထဲ
ခေါက်တုံ့ခေါက်ပြန်လျှောက်နေတဲ့သူက
နဂါးဝတ်ရုံတော်ကြီးကိုဝတ်ဆင်ထားလေရဲ့။
မျက်နှာပေါ်မှာလည်းစိုးရိမ်မှုတွေအပြည့်။
"မင်းကြီး ကြင်ယာတော်Yoon ကြွလာပါပြီ"
"ဝင်လာခိုင်းလိုက်"
နန်းဆောင်ထဲဝင်လာတဲ့ကြင်ယာတော်Park က
"မင်းကြီးကို ဂါရဝပြုပါတယ်"
အရမ်းကိုစိတ်လှုပ်ရှားနေသည့်မင်းကြီးက
အရိုအသေပြုနေတဲ့ ကြင်ယာတော်ရဲ့ပုခုံးတွေကိုဖွဖွလေးကိုင်ပြီး
ဘေးနာမှာရှိတဲ့စားပွဲပေါ်ထိုင်စေသည်။
"နှမတော်ကို ကိုယ်တော်ရဲ့အိပ်မက်ကြောင်းကိုပြောဖူးတယ်မလား
နောက်ပြီးအနီရောင်တွေဝတ်ဆင်ထားတဲ့လူသားလေးနှစ်ယောက်
တစ်ယောက်က သားတော်Min
နောက်တစ်ယောက်က ဘယ်သူမှန်းမသိပေမဲ့ မျက်လုံးတွေကိုသိတယ်လို့ပြောခဲ့တယ်မလား"
စကားနည်းတဲ့မင်းကြီးက စကားတွေတရစပ်ပြောနေလိုက်တာ။
မင်းကြီးရဲ့စိုးရိမ်မှုက မျက်နှာပေါ်မှာအထင်သား။
မင်းကြီး ဒီအိပ်မက်ကိုမက်ခဲ့တာက
တော်တော်ကြာပြီလေ။
အိပ်မက်အကြောင်းကိုလည်းသူကလွဲပီးဘယ်သူ့ကိုမှမပြောခဲ့။
မင်းကြီးက အဲဒီအိပ်မက်ကြောင့်နေမကောင်းဖြစ်ခဲ့တယ်။
သူ့ကိုကြည့်ခဲ့တဲ့မျက်ဝန်းတွေကိုကြောက်လို့တဲ့လေ။
နောက်ပြီး သားတော်လေးကိုသူအနားကနေဆွဲခေါ်သွားလို့တဲ့လေ။
"မင်းကြီးရဲ့အိပ်မက်ကကြာခဲ့ပြီလေ
အခုမှ ဘာလို့..."
"မြင်ခဲ့တယ် ကြောက်စရာကောင်းလွန်းတဲ့မျက်ဝန်းတစ်စုံ
အိပ်မက်ထဲကလိုဒေါသထွက်နေတဲ့မျက်ဝန်းမျိုးမဟုတ်ပေမဲ့
တူနေသလိုပဲ"
မင်းကြီးရဲ့မျက်လုံးတွေဂနာမငြိမ်။
မင်းကြီးရဲ့အေးစက်နေတဲ့လက်ဖဝါးလေးကိုကြင်ယာတော်က
ဆုပ်ကိုင်လိုက်ပြီး
"အိပ်မက်ဆိုတာက အမှန်တွေကြီးပဲမဟုတ်ဘူးလေ
နောက်ပြီးမျက်ဝန်းတွေဆိုတာကလည်း တစ်ဦးနဲ့တစ်ဦးမတူပေမဲ့
လုံးဝမတူတာတော့မဟုတ်ဘူးလေ
သားတော်ကလည်းနှမတော်တို့နားအမြဲရှိနေမှာလေ
မင်းကြီးကိုအတွေးမများစေချင်ဘူး"
သူမ နှိမ့်သိမ့်ပေးလိုက်တော့လည်းငြိမ်ငြိမ်လေးနားထောင်ပြီး
မျက်လုံးတွေကိုမှိတ်ချလိုက်တဲ့သူ။
သူ့စိတ်ကိုတည်ငြိမ်အောင်လုပ်နေတာပေါ့။
မင်းကြီးမှာသားတော်တွေသမီးတော်တွေအများကြီးရှိပေမဲ့
သားတော်Minကိုတော့ မင်းကြီးကအချစ်ဆုံး။
မင်းကြီးအကြောက်ဆုံးက သားတော်လေး သူ့ကိုထားရစ်ခဲ့မှာ တဲ့လေ။
ခဏကြာတော့ မျက်လုံးတွေပွင့်လာတဲ့မင်းကြီး။
ခုနတုန်းကနဲ့ မတူညီစွာ တည်ငြိမ်နေတဲ့မင်းကြီးရဲ့မျက်လုံးတွေ။
"အထိန်းတော်ကြီး"
မင်းကြီးခေါ်လိုက်တော့
နန်းဆောင်အဝမှာစောင့်နေတဲ့အထိန်းတော်ကြီးက
"မင်းကြီး ဘာများအလိုရှိပါသလဲ"
"တိုင်းပြည်တစ်ခုလေးကိုအသိပေးလိုက်
မင်းသမီးYoonရဲ့လက်ဆက်ပွဲနဲ့အတူ
မင်းသားလေး Jiminရဲ့လက်ဆက်ပွဲကိုပါကျင်းပပေးမှာလို့"
"မင်းကြီး သားတော်Minရဲ့ကြင်ဖက်ကရော"
"လီအမတ်ကြီးရဲ့သမီး Lee Soo နဲ့"
"အမိန့်တော်အတိုင်းပါမင်းကြီး"
မင်းကြီးက သက်ပြင်းတစ်ခုချလိုက်သည်။
အိပ်မက်ကဖြစ်လာမဲ့အနာဂတ်ကိုပြတယ်ဆိုရင်တောင်
ကံကြမ္မာကိုဒီလိုဖန်တီးခွင့်ပေးမှာမဟုတ်။
VOUS LISEZ
Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေး
FanfictionUnicode ကြယ်တာရာ ကောင်းကင်းကြီးအောက် လမင်းကြီးကို မျက်ကွယ်ပြုပြီး ကြာပန်းဖြူတွေကိုင်ထားတဲ့ ကိုယ်တော်ရဲ့အဖြူရောင်လေးကို နမ်းပါရစေ။ Jeon မင်းကြီး သူရိန်နေမင်းရဲ့ အရှိန်အဝါကိုသက်သေပြုပြီး ဓားကိုင်ထားတဲ့ အရှင့်ရ...