အပိုင်း (၂၇)

231 20 5
                                    

Unicode

"ထွက်သွားကြ"

အဖြူရောင်လေးအား ပွေ့ချီလာကာ
နန်းဆောင်သို့ရောက်လျှင် အစောင့်တွေအား
မောင်းထုတ်လိုက်သည်။

နန်းဆောင်ထဲရောက်တဲ့အခါJeonက
အဖြူရောင်လေးအား ခုံပေါ် နူးနူးညံ့ညံလေး
ချပေးလိုက်သည်။

"မသွား...မသွားပါနဲ့"

"အပေါ်ဝတ်ရုံယူပေးမလို့လေ..."

Jeonက ကုတင်ပေါ်ထိုင်နေတဲ့သူရှေ့
ဒူးထောက်လိုက်ကာ

"နောက်တစ်ခါ ဘယ်လို အရေးကြီးတဲ့ကိစ္စမျိုး
ဖြစ်စေ...ထွက်မလာနဲ့Min...အခုကဒီလိုပုံစံနဲ့
ထွက်လာတော့ ကိုယ်စိတ်ဆိုးတယ်Min"

"..."

"ကိုယ်တော့ကိုချော့"

"ဟင်...ဘာကို..."

သူ့အားမျက်နှာလွဲကာ ပြောလာတဲ့သူရဲ့စကား
ကြောင့် ကြောက်နေတာတောင်ဘယ်ရောက်သွားမှန်းမသိ။

ချော့ပါတဲ့လေ...ဒီခန္ဓာကိုယ်အကြီးကြီးနဲ့
တိုင်းပြည်တစ်ပြည်လုံးကို အုပ်ချုပ်နေတဲ့
ဧက္ကရာဇ်တစ်ပါးကိုလေ။

"ဘာကိုချော့ရမှာလဲJeon"

"Minတကယ်မသိဘူးလား...ဒီလိုပုံစံမျိုးနဲ့
ထွက်လာတာ ကိုယ်တော်ရူးတော့မလိုပဲ
ငိုလည်း ငိုချင်နေတယ်...
ဒေါသလည်းထွက်နေတယ်..."

"ဘာလို့ငိုချင်တာလဲ"

မျက်နှာလွဲထားတဲ့သူရဲ့ခါးအား
ခပ်ဖွဖွလေးဖက်ကာ ဆိုလိုက်တော့
တုန်သွားတဲ့ခန္ဓာကိုယ်လေး။

"သိပ်ကြောက်လို့လေ...အဲမိန်းကလေးပြောတဲ့
စကားထက်...ဟိုတစ်ခါတုန်းကလို
Minက လက်ခံခိုင်းမှာစိုးလို့ရယ်..."

"ချစ်တယ်...သိပ်ချစ်တာမို့
Minက လက်လွှတ်ပါ့မလား"

ကျောပြင်ကြီးပေါ် မျက်နှာအပ်ကာ
ခပ်တိုးတိုးလေးပြောတဲ့အခါ Jeonတစ်ကိုယ်လုံး
ကြက်သီးတွေ ဖြန်းခနဲ။

"ချစ်တယ်...Minတကယ်ပြောတာလား"

"Minက လိမ်ဖူးလို့လား"

ကျောခိုင်းထားတဲ့သူဟာ
ချက်ချင်းပြန်လှည့်လာပြီး အဖြူရောင်လေးအား
ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။

Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေးWhere stories live. Discover now