အပိုင်း (၁၄)

367 52 1
                                    

Unicode

"အိမ်ရှေ့စံ...ဟို"

"ဘာပြောမလို့လဲ....သမားတော်ကြီး"

"ကျွန်တော်မျိုးဘယ်လိုစမ်းသပ်ရမလဲ
ဒီလိုအနေအထားမျိုးကိုလေ....."

သတိမေ့နေတဲ့သူလေးကို ရင်ခွင်ထဲထည့်ကာ
သမားတော်ကြီးကို ကျောခိုင်းထားတဲ့သူ။

"ဘယ်နေရာကို စမ်းသပ်မှာလဲ....ပြော"

"သွေးခုန်နှုန်းကို စမ်းသပ်မှာမို့
လက်လေးကို......"

"ဘယ်လို အတင့်ရဲမှုမျိုးလဲ
အခုဘယ်သူ့လက်ကို စမ်းသပ်မယ်လို့
ပြောလိုက်တာလဲ"

မင်းကြီးရဲ့အော်သံကြောင့်
နန်းဆောင်အပြင်က ရဲမက်တွေ
ဒူးထောက်လိုက်ပေမဲ့
နန်းဆောင်ထဲမှာ ရှိတဲ့အထိန်းတော်ကြီးကတော့
လွန်လွန်းတဲ့ဆိုတဲ့အကြည့်မျိုးနဲ့။

ဘယ်လိုတွေတောင် သဲသဲလှုပ်နေရတာလဲ
အိမ်ရှေ့စံရယ်လို့သာ အော်​မေးချင်တဲ့အထိ။
တိုက်ပွဲတွေ ဘယ်လောက်တောင်ဆင်နွှဲခဲ့လဲ
ရဲမက်တွေ ဒဏ်ရာအကြီးအကျယ်ရလဲ
မတုန်လှုပ်ခဲ့။
ကိုယ်တိုင်ဒဏ်ရာရရင်တောင်
ဆေးမထည့်တတ်တဲ့သူမျိုး။
သမားတော်ဆိုတာမျိုးတောင် အခုမှမြင်ဖူးတဲ့
ဖြစ်တည်မှုမျိုး။

ဘေးကနေ ကြည့်နေလို့လဲ မရတော့တဲ့
အခြေအနေမျိုးဖြစ်နေတော့

"မင်းကြီးရယ်....
သမားတော်ဆိုတာမျိုးကလေ
လူတိုင်းကို အဲလိုစမ်းသပ်နေကျမို့လို့ပါ"

"Minက တစ်ခြားသူတွေနဲ့မတူဘူး
ကိုယ်တော့်ရဲ့ Min....ကိုယ်တော်ရဲ့ပိုင်ဆိုင်မှု"

"စိုးရွံမိပါတယ်....အိမ်ရှေ့စံ
ကျွန်တော်မျိုးက သမားတော်ကိုယ်စား
လျှောက်တင်ပေးတာပါ"

သက်ပြင်းလေးချလိုက်တဲ့အိမ်ရှေ့စံဟာ
စိတ်ကို ထိန်းချုပ်နေပုံ။

"လက်ကို စမ်းသပ်ရင်ရပြီမလား"

"အိမ်ရှေ့စံ စိတ်မပူပါနဲ့
ပဝါလေးခြားပြီး စမ်းသပ်မှာပါ"

သမားတော်ကြီးရဲ့လှုပ်ရှားမှုတွေကို
မျက်မှောင်လေးကျုံကာ
ကြည့်နေတဲ့အိမ်ရှေ့စံဟာ
ရင်ခွင်ထဲက သူလေးကိုလည်းထွေးပွေးထားလျက်။

Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေးWhere stories live. Discover now