အပိုင်း (၂၂)

245 38 2
                                    

Unicode

"ဘယ်လိုတောင် ဖြတ်လျှောက်ရဲတာလဲ"

အတွေးလွန်နေတာမို့ ပတ်ဝန်းကျင်ကို သတိမထားမိတဲ့အဖြစ်မှာ အသံစူးစူးကြောင့်
နံဘေးကိုကြည့်လိုက်မိသည်။

မိန်းမပျိုလေးတစ်ဦး....သူမရဲ့နံဘေးမှာတော့
အရောင်အဝါတွေနဲ့နောက်ထပ်မိန်းမပျိုတစ်ဦး။
သူတို့ရဲ့အနောက်မှာကတော့ ရံရွေတော်တွေအမြောက်အမြား။

"မေးနေတယ်လေ.....မကြားဘူးလား
အခုချက်ချင်းဒူးထောက်တောင်းပန်စမ်း....."

ရိုင်းလွန်းတဲ့သူမရဲ့စကားတွေကြောင့်
အံ့သြနေမိသည်။
သူမဘေးနားမှာ ရပ်နေတဲ့နောက်ထပ်မိန်းမပျိုလေးရဲ့မျက်ခုံးတွေတွန့်ချိုးလာတော့သည်။
ထိုမိန်းမပျိုလေးက.....

"ဖမ်းလိုက်စမ်း......တစ်ခါတည်း....
တစ်ခါတည်းသတ်လိုက်....."

သူမရဲ့အလှတွေနဲ့ဆန့်ကျင်ဘက်အရိုင်းဆန်စွာ
ထွက်လာတဲ့စကားလုံးတွေကြောင့်
တစ်ခုခုရှင်းပြဖို့ကြံရွယ်လိုက်ပေမဲ့
ချည်းကပ်လာနေတဲ့တပ်သားတွေကြောင့်
ခုခံဖို့ဟန်ပြင်လိုက်စဥ်။

တပ်သားနှစ်ဦးရဲ့ခန္ဓာကိုယ်ဟာ မြေပြင်ပေါ်
လဲကျသွားလျက်။
စင်ထွက်လာတဲ့သွေးတွေဟာ လီသခင်မလေးရဲ့မျက်နှာပေါ် ရဲရဲတောက်လျက်။
အဖြူရောင်လေးအပေါ်ကျရောက်လာမဲ့သွေးစက်တွေကို ကာထားလိုက်တဲ့
အနွေးအထည်အနီရောင်။

ရုတ်တရက်လန့်သွားတာမို့
မျက်စိရှေ့လူသားကိုသာ ကြည့်နေမိလိုက်သည်။
ထိုလူသားက မီးတောက်နေတဲ့မျက်ဝန်းတွေကနေချက်ချင်း စိုးရိမ်သွားကာ ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

"လန့်သွားတာလား.....တောင်းပန်ပါတယ်
ကိုယ်တော်မရည်ရွယ်ပါဦး"

လက်ဖဝါးလေးတစ်ဖက်ကို ​ကိုင်လိုက်တော့
အရမ်းအေးနေတာမို့ မျက်မှောင်ကျုံလိုက်မိသည်။

ချက်ချင်းဒူးထောက်လိုက်ကာ
ခြေဖဝါးလေးတွေကို စမ်းကာ
သူ့လက်တွေကို အာငွေ့ပေးပြီး
ခြေဖဝါးလေးတွေကို ထိတွေ့ပေးနေသည်။

မျက်နှာပေါ် သွေးစင်သွားတာထက်
ရူးပစ်လိုက်ချင်စရာကောင်းတဲ့မြင်ကွင်းဟာ
သူမအနေနဲ့ မစခင်ကတည်းက ရှုံးနိမ့်မဲ့နိမိတ်များလား။
မျက်နှာတောင် မ​မြင်ရတဲ့သူဟာ ဘယ်သူမှန်းမသိပေမဲ့ ထိုသူအပေါ် ယုယနေလိုက်ခြင်း။
အဖြူရောင်တွေဟာ မုန်းချင်စရာ။

Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေးHikayelerin yaşadığı yer. Şimdi keşfedin