အပိုင်း (၁၈)

304 46 1
                                    

Unicode

ညလေးဟာ အေးစိမ့်စိမ့်
လေပြေလေးတွေတိုးဝှေ့လာတော့
လက်နှစ်ဖက်ကို ပွတ်နေမိသည်။
တော်တော် အေးတာပဲ။

"Min ဘာလုပ်နေတာလဲ
ဒီလောက်အေးနေတာကို......"

နဂိုကတည်းက အသံဟာ
သြဇာအာဏာအပြည့်နဲ့ သြရှရှအသံမို့
အနည်းငယ်ရှိန်ရပါသည်။

ဒေါသအသံလေးအနည်းငယ်ပါနေပေမဲ့
ထိန်းပြီးတော့ ပြောနေတဲ့သူ။
ကိုယ်ပေါ်က ဝတ်ရုံတော်ကို ချွတ်လိုက်ကာ
အဖြူရောင်လေးပေါ် တင်ပေးလိုက်တော့
မော့ကြည့်လာသူ။

"Jeonလည်းအေးနေမှာပေါ့......"

"တစ်ခြားသူတွေ အရမ်းအေးရင်တောင်
ကိုယ်တော်က နွေးရုံလောက်ပဲရှိတာ....."

"အော်......"

"Minအထဲဝင်ရအောင်
အရမ်းအေးလာလိမ့်မယ်......"

"ဆာကူရာတွေကို ကြည့်ကြည့်Jeon
လှတယ်မလား"

"အရမ်းကြီးမလှပါဘူး
အမြင်တင့်တယ်ရုံ.........."

"ဟုတ်လား..........."

ကြွေနေတဲ့ ဆာကူရာလေးတွေကို
လက်ဖဝါးလေးနဲ့ ဖမ်းယူလိုက်ကာ

"Jeon......."

"အင်း......"

"ဆာကူရာတွေက အပင်ပေါ်မှာရှိနေရင်
သိပ်လှတယ်...........
ဆာကူရာတွေကြွေကျလာရင်
လေပြေလေးတွေ လွှင့်ရာတိုင်းလွှင့်နေကြတော့
ပိုလှတာပေါ့.......
အင်း....ကြည့်မဝအောင်ပါပဲ
ဒါပေမဲ့ ဒီလိုလေး....အောက်ကိုကျသွားရင်တော့
ဘယ်သူမှဂရုမစိုက်တော့ဘူးမလား......"

ဖမ်းထားတဲ့ ဆာကူရာပွင့်ဖက်လေးကို
လွှတ်ချလိုက်တဲ့ အဖြူရောင်လေး။

"Minပြောချင်တာက.........."

"Minတို့မှာ ဖြစ်တည်မှု ကိုယ်စီရှိတယ်Jeon
Jeonအနေနဲ့ အရှိန်အဝါ ကြီးသူပီပီ
ကိုယ့်နောက်မှာရှိနေတဲ့ ပြည်သူတွေကိုတော့
ကြည့်အုံးမှပေါ့........
ကိုယ်အတွက် မှန်နေခဲ့ရင်တောင်
အများအမြင်မှာတော့
မဖြစ်သင့်တဲ့ကိစ္စဖြစ်နေတတ်တယ်Jeon....."

ကျောခိုင်းထားရာကနေ
မီးတောက်လေးဘက်လှည့်လိုက်ကာ

"Jeonကို ကြွေကျသွားတဲ့ဆာကူရာမျိုး
မဖြစ်စေချင်ဘူး.........."

Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေးWhere stories live. Discover now