အပိုင်း (၂)ကျိန်စာဆိုတာ ဘယ်လိုမျိုးလဲ

443 55 3
                                    

မနက်ခင်းနေရောင်ခြည်တွေအစား
ဖြူဖွေးလွန်းတဲ့နှင်းတွေနေရာယူနေတဲ့
ဆောင်းရာသီရဲ့နေ့ရက်တိုင်းက
တစ်စုံတစ်ဦးအရမ်းကြိုက်တဲ့
နေ့ရက်တွေပေါ့။
ဆောင်းရာသီမှာ နန်းတော်ရဲ့နေရာတိုင်းမှာ
နှင်းတွေကျနေတာကိုကြည့်နေရတာက
ထိုလူသားလေးအတွက်အရာရာဟာပြီးပြည့်စုံနေသလိုပါပဲ။
မနက်ခင်းငှက်ကလေးတွေရဲ့တေးသံတွေအစား
သာယာလှပတဲ့သံစဥ်တွေကိုတီးခတ်နေတဲ့လူသားလေးဟာ
စဥ်ဆက်မ​ပြတ်ကျနေတဲ့ နှင်းတွေကိုကြည့်ရင်းပေါ့။
လမ်းတွေမှာနှင်းတွေဖုံးလွှမ်းနေတော့ ရှင်းလင်းနေရတဲ့
ရံ​ရွေတော်တွေကလည်း ချမ်းလို့ဆိုပြီး မငြီးငြူ။
နှင်းတွေကိုရှင်းနေရတာက သူတို့အတွက်တော့
အပျော်ရွှင်ဆုံးအချိန်။
တိတ်ဆိတ်နေတဲ့ဆောင်းရာသီမှာ နေ့တိုင်းကြားနေရတဲ့
စောင်းသံတွေက သူတို့တွေရဲ့မနက်ခင်းလေးကိုပြည့်စုံစေတယ်။
"သားတော် မနက်အစောကြီးစောင်းတီးနေတာလား"
ကြင်ယာတော် Yoonရဲ့စကားကြောင့် ရပ်ဆိုင်းသွားသောလက်တို့နဲ့အတူ ပြတ်တောက်သွားသောစောင်းရဲ့သံစဥ်တွေ။မျက်နှာပေါ်မှာပေါ်လာတဲ့အပြုံးလေးတစ်ခုက သူရဲ့မူပိုင်လက်နက်တစ်ခု။
ထိုင်နေရာမှ ထလိုက်ကာ ဝတ်ရုံတော်ကိုလက်ဖြင့်သပ်ရပ်အောင်ခါလိုက်ပြီး ဂါရဝပြုလိုက်သူ။
"မယ်တော်ကို ဂါရဝပြုပါတယ်"
သူမရဲ့သားတောက်ကို သူမပြန်ငေးကြည့်နေမိသည်။
သူမရဲ့သားဟာ အခုမှ၁၀နှစ်သားသာရှိပါသေးသည်။
ယဥ်ကျေးတဲ့နှုတ်အမူအယာ ကိုယ်အမူအယာတွေဟာ
သူ့ဘာသာသူဖြစ်တည်လာတဲ့ သားတော်ရဲ့မူပိုင်တွေ။
သူမသင်ကြားထားလို့မဟုတ်။
"မယ်တော် စောင်းသံကြားလို့ရောက်လာတာ"
"သားတော်က ဆောင်းဝင်နေပြီဆိုတော့
နှင်းတွေကိုကြည့်ပြီး ​တီးခတ်ချင်လို့ပါ"
"မယ်တော်နားထောင်ချင်လို့ ဆက်တီးပြပါလား သားတော်"
"သားတော်တီးပြပါ့မယ်"
သူမပြောလိုက်တော့ ဂါရဝ​ပြုရာကနေဖြေးညင်းစွာထိုင်လိုက်ပြီး
စောင်းပေါ်ရောက်လာတဲ့ သားတော်ရဲ့လက်တွေ။
ထွက်ပေါ်လာတဲ့တေးသံတွေဟာ
ဂျူဂျိုမင်တိုင်းပြည့်ရဲ့အရှားပါးဆုံး အသာယာဆုံးတေးသံတွေ။
ထွက်ပေါ်လာတဲ့တေးသံတွေကိုနားဆင်ပြီးငေးကြည့်နေမိတာက
သားတော်ရဲ့ဖြစ်တည်မှုအစိတ်အပိုင်းတွေကို။
အနက်ရောင်ဆံပင်တွေအစား ရွှေဝါရောင်ဆံပင်တွေနဲ့
သား​တော်ကအထူးခြားဆုံးလူသားလေး။
သားတော်ကိုမွေးဖွားပြီးရက်အနည်းငယ်ကြာတော့
ပေါက်ဖွားလာတဲ့ရွှေဝါရောင်ဆံပင်တွေ။
ရွှေဝါရောင်ဆံပင်တွေရဲ့နူးညံ့မှုက ပိုးသားလေးတွေလိုပဲ။
သားတော်ရဲ့မျက်လုံးတစ်စုံက ဒီတိုင်းပြည်ရဲ့အေးချမ်းရာ။
ထူးဆန်းတာက သားတော်လေးရဲ့မျက်အိမ်ဟာ
မွေးဖွားတုန်းက သာမန်မျက်အိမ်တွေလို့ထင်ခဲ့ပေမဲ့
ကြာလာတော့ သားတော်ရဲ့မျက်အိမ်တွေဟာ
အပြာရောင်ဖျော့ဖျော့တွေ။
တိမ်ကင်းစင်နေတဲ့မိုးကောင်းကင်အရောင်လို့ပြောရင်လည်း
မမှားဘူး။
နှာတံလေးတွေကလည်း သူမ အသဲယားစရာတွေထဲကတစ်ခု။
နှာခေါင်းလုံးလုံးလေးတွေက သူမအသက်။
သားရဲ့အထူးခြားဆုံးအစိတ်အပိုင်းတစ်ခုကျန်သေးတယ်။
မွေးဖွားကတည်းကမပြောင်းလဲတဲ့ ဖူးကြွပြီးနီရောင်သန်းနေတဲ့နှုတ်ခမ်းထူထူလေးတစ်စုံ။
သားတော်လေးရဲ့ဆန်းကြယ်တဲ့ဖြစ်တည်မှုတွေကို မိမိတို့တိုင်းပြည်ကလွဲပြီးတစ်ခြားမည်သည့်တိုင်းပြည်ကမှမသိ။
ဒါဟာ ဂျူဂျိုမင်တိုင်းပြည်ရဲ့ပြဋ္ဌာန်းထားသောသတ်မှတ်ချက်တွေရဲ့ထိပ်ဆုံးနေရာ။
ပြည်သူပြည်သားတွေကလည်း မင်းသားလေးဟာသူတို့ရဲ့စိတ်နှလုံးတွေကိုပြောင်းလဲနိုင်တဲ့သူမို့ မင်းသားလေးကိုလိုချင်တပ်မက်သူတွေမရှိအောင်မည်သူမှမပြော။
သူမငေးကြည့်နေရာကနေ ရပ်သွားအောင်ပြုလုပ်လိုက်တာက
တိတ်ဆိတ်သွားသောပတ်ဝန်းကျင်။
"မယ်တော် နေရောင်ထွက်လာပြီ"
သူမကြည့်လိုက်တော့ သူမရဲ့သားတော်ပေါ်ကျရောက်နေတဲ့နေရောင်ခြည်တွေ။သူမနှစ်ခြိုက်စွာပြုံးလိုက်ပြီး
"မယ်တော်ရဲ့သားတော်လေးက သဘာဝကပေးတဲ့လက်ဆောင်"
"မယ်တော်ရဲ့ဒီစကားကို သားတော်ကြားလာရတာ
ငယ်ငယ်ကတည်းက"
"ကြင်ယာတော်Yoonပြောတာမမှားဘူး သားတော်Min"
စကားဝင်ဖြတ်ပြောလိုက်တဲ့သူကိုသူတို့နှစ်ဦးလှည့်လိုက်လိုက်တော့
နဂါးဝတ်ရုံဝတ်ဆင်ထားပြီးကျက်သရေတော်နဲ့ပြည့်စုံနေတဲ့
ဂျူဂျိုမင်တိုင်းပြည်ရဲ့ မင်းကြီး
"မင်းကြီးကို အရိုအသေပေးပါတယ်"
"ခမည်းတော်ကို အရိုအသေပေးပါတယ်"
"ခမည်းတော်က ကြင်ယာတော်Yoon သားတော်Minနဲ့အတူ
စာကြည့်ဆောင်ကိုသွားချင်လို့"
"သားတော်အဖော်ပြုပေးမယ် ခမည်းတော်"
"နှမတော်လည်း အဖော်ပြုပေးမယ် မောင်တော်"
"ဒါဆို ကောင်းပြီလေ စာကြည့်ဆောင်သွားကြရအောင်"
ခန့်ညားပြီးကျက်သရေအဖြာဖြာပြည့်စုံနေတဲ့မင်းကြီးရဲ့လက်ဝဲဘက်မှာ အလှတရားတို့ရဲ့ဘုရင်မဖြစ်တဲ့ကြင်ယာတော်Yoonဟာ နှင်းဆီရောင်ဝတ်ရုံတော်ကိုဝတ်ဆင်ထားပြီး
လက်ယာဘက်မှာရှိနေတဲ့ အေးချမ်းခြင်းနတ်ဘုရားလေးကတော့
အဖြူရောင်ဝတ်ရုံတော်ကိုဝတ်ဆင်ထားတယ်။မင်းသားလေးJiminကအဖြူရောင်ကိုသာအမြဲတမ်းဝတ်ဆင်လေ့ရှိတယ်။
ခဏလောက်ကြာအောင်လမ်းလျှောက်ပြီးတော့သူတို့ရဲ့ဦးတည်ရာစာကြည့်ဆောင်ရောက်လာကြတယ်။
သူတို့သုံးဦးတည်း မည်သူမျှမပါ။ဒါဟာမင်းသားလေးရဲ့နေထိုင်မှုပုံစံ။မင်းသားလေးက အခြားမင်းသားတွေလိုမဟုတ်။တစ်ကိုယ်တည်းနေရတာ သဘောကျသူ
တိတ်ဆိတ်ခြင်းကိုအလွန်နှစ်သက်သူဖြစ်တာကြောင့် သူ့နားလာသူတိုင်း တော်ဝင်မင်းသားမင်းသမီး အကုန်လုံး မိဘုရား မင်းကြီး မယ်တော်ပါမကျန်တစ်ယောက်တည်းလာတွေ့ကြသည်။
ဒီလိုလာတွေ့ခြင်းက မင်းသားလေးကိုစိတ်အနှောက်အယှက်မဖြစ်စေချင်လို့။တစ်ယောက်သောသူကလွဲလို့ပေါ့။
စာကြည့်ဆောင်ရောက်တော့ စားပွဲပေါ်တင်ထားတဲ့စာအုပ်၅အုပ်
"သားတော်Minက အခြားတိုင်းပြည်တွေရဲ့အနေအထိုင် အပြောအဆို ယဥ်ကျေးမှုတွေကိုသိချင်တယ်ဆိုလို့
ခမည်းတော် မှာထားတာ"
"ကျေးဇူးတင်ပါတယ် ခမည်းတော်"
"သားတော်Min ရွေးလေ"
Jiminဟာစားပွဲပေါ်သူရဲ့ညာဘက်လက်ကို
စာအုပ်ရွေးဖို့တင်လိုက်တဲ့အခါ သူ့ရဲ့စိတ်အစုံကိုဆွဲဆောင်သွားနိုင်တဲ့ စာအုပ်ခွံပေါ်ကစားသားလေးကိုသူရေရွတ်လိုက်မိသည်။
"ကျိန်စာ ဆိုတာဘာလိုမျိုးလဲ
ပူပြင်းလွန်းတဲ့မီးတောက်လို တိုင်းပြည်တစ်ခုလုံးရဲ့
စိတ်နှလုံးသားတွေကိုပူလောင်စေတဲ့
မင်းသားလေးရဲ့အေးချမ်းရာက ဘယ်မှာမှ မရှိနိုင်တော့ဘူး"
သူရေရွတ်လိုက်တဲ့ စကားသံဟာသူ့ရဲ့နှလုံးသားထဲမှာပဲ့တင်ထပ်နေတယ်။​အမြဲစဥ်အေးချမ်းနေတဲ့သူရဲ့စိတ်ဟာ ပူပန်နေသလိုခံစားနေရတယ်။သူ့ရဲ့နှလုံးသားကိုလည်း အမည်တပ်လို့မရတဲ့လှိုင်းလေးတစ်ခုဖြတ်သန်းသွားတယ်။
သူ့ရဲ့နှလုံးသားလေးက တစ်စုံတစ်ခုကိုဆောင်ရွက်ချင်နေသလို ဖြစ်နေတယ်။
"ငါဘာဖြစ်နေတာလဲ ဘာကိုပူပန်နေတာလဲ
ဘာကိုလုပ်ဆောင်ချင်နေတာလဲ"
သူစိတ်ထဲပထမဆုံးယောက်ယှက်ခက်ပြီးသိပ်လှတဲ့အပြာရောင်မျက်လုံးတွေတောင် ဂနာမငြိမ်ဖြစ်နေတယ်။
"သားတော် ဘာဖြစ်နေတာလဲ
နေမကောင်းလို့လား"
သူ့ရဲ့လက်ကလေးကိုထိပြီးမေးလိုက်တဲ့မယ်တော်စကားသံကြောင့်
သူအတွေးတွေထဲကလွတ်ထွက်လာသည်။
"ကောင်းပါတယ် မယ်တော်"
"သားတော်ရဲ့မျက်နှာကနီလာသလိုပဲ
အိပ်ဆောင်ပြန်ပြီးနားလိုက်ပါလား"
မယ်တော်ပြောတဲ့စကားကိုနားထောင်ပြီးအိပ်ဆောင်ကိုပြန်လာလိုက်သည်။အိပ်ဆောင်ရောက်တော့ကုတင်ပေါ်မှာထိုင်ပြီးသူရဲ့စိတ်ကိုပြန်လည်သုံးသပ်နေတယ်။ သူ့ရဲ့စိတ်တွေကအရမ်းကိုပင်ပန်းနေတယ် တစ်ခုခုခံစားနေရသလို။ သူရဲ့စိတ်ကိုသက်သာစေဖို့ ခုနကသူရေရွက်လိုက်မိတဲ့စာသားရဲ့အဓိပ္ပါယ်နဲ့ဆန့်ကျင်ဖို့ ဆုံးဖြတ်လိုက်တယ်။သူချက်ချင်းပင်ထိုင်နေရာမှထလိုက်ပြီးသူရဲ့စာရေးရာစားပွဲဆီကူးပြောင်းလိုက်ကာ သူရဲ့စိတ်နှလုံးထဲမှာရှိနေတဲ့အတိုင်းရေး​နေလိုက်သည်။
မင်းသားလေးရေးနေလိုက်တာ ညရောက်မှန်းတောင်သူမသိ။
ညဟာပိုပိုပြီးအေးလာပြီး အားလုံးအိပ်ဆောင်ဝင်နေကြပေမဲ့
အိပ်ဆောင်လေးတစ်ခုရဲ့မီးအိမ်လေးကတော့ သန်းခေါင်ယံမှငြိမ်းသွားတယ်တဲ့။ ညဟာပိုပိုအေးစိမ့်လာတယ်။
နောက်နေ့မနက်ရောက်တော့ မင်းကြီးရဲ့နန်းဆောင်ရှေ့မှာအဖြူရောင်ဝတ်ရုံတော်ဝတ်ထားတဲ့လူသားလေးဟာ ကျနေတဲ့နှင်းတွေထက်တောင်သူရဲ့အသားအရေက
ဖြူဖွေးနေလွန်းတယ်။
"မင်းကြီး မင်းသားလေးJiminအခစားဝင်ပါတယ်"
မင်းကြီးခဏတာစဥ်းစားနေမိတယ်။
သားတော်Minဟာ သူအခစားဝင်ဖို့မခေါ်မချင်းသူ့ဆီမလာတတ်။
ဒါဟာ သူ့ကိုမချစ်လို့ မလေးစားလို့မဟုတ် သားတော်ရဲ့သီးသန့်နေထိုင်ခြင်း။
အခုတော့ ဆောင်းရာသီမနက်ပိုင်းစောင်းတီးတာကိုရပ်ပြီးသူ့ဆီလာတာ အကြောင်းအရင်းတစ်ခုခုတော့ရှိလိမ့်မည်။အဘယ်အကြောင်းကြောင့်နည်း။
မင်းကြီးအထိန်းတော်ကိုခေါင်းညိမ့်ပြလိုက်တော့
အထိန်းတော်သည်နန်းဆောင်အပြင်ထွက်သွားသည်။ခဏကြာတော့
"ခမည်းတော်ကို ဂါရဝပြုပါတယ်"
"ထိုင် သားတော်Min
ဘာကိစ္စရှိလို့လဲ သားတော်"
"မနေ့ကစာကြည့်ဆောာင်မှာရှိတဲ့စာအုပ်ထဲက သားတော်ရေရွတ်လိုက်တဲ့ စာအုပ်က ဘယ်တိုင်းပြည်ကလဲ ခမည်းတော်"
မင်းကြီးဟာအကြမ်းရည်ကိုတစ်ငုံမျှသောက်ပြီးစဥ်းစားနေသည်။
"အော် ခမည်းတော်သိပြီ
အဲဒါလျိုဂူဂျောင်တိုင်းပြည်က မှုးမတ်တစ်ယောက်ကရေးထားတာလေ"
"အဲစာအုပ်ရဲ့အရေးအသားနဲ့ပတ်သက်ပြီး
သားတော်စာအုပ်တစ်အုပ်ရေးသားထားတယ်"
"အော်...အဲဒါဘာဖြစ်လို့လဲ"
"ခမည်းတော်ဆီက အကူအညီတစ်ခုတောင်းချင်လို့ပါ"
"သားတော်တောင်းတဲ့ဘယ်အရာကိုမဆို
ခမည်းတော်ပေးဖို့အသင့်ပါ"
သားတော်ဟာငယ်ငယ်ကတည်းက ခု၁၀နှစ်သားအရွယ်ထိ
သူ့ဆီကဘာတစ်ခုမှမတောင်းဆိုဖူး။
"သားတော်ရဲ့စာအုပ်လေးကို အဲမှုးမတ်ဆီပို့ပေးပါ"
"အကြောင်းပြချက်ပေးနိုင်မလား သားတော်"
"အကြောင်းပြချက်က သားတော်ဆီမှာမရှိပါဘူး
သားတော်ရဲ့နှလုံးသားက စေခိုင်းနေလို့ပါ"
Jiminဟာသူရဲ့အဖြူရောင်လက်ရှည်ထဲက စာအုပ်လေးကိုထုတ်ပြလိုက်တယ်။
"ခမည်းတော် ကူညီပေးပါ့မယ်
ဒါပေမဲ့သားတော်ဟာ ဒီတိုင်းပြည်ရဲ့မင်းသားတစ်ပါး
မင်းသားတစ်ပါးအနေနဲ့ စာအုပ်စာပေကိုလေ့လာသင့်ပေမဲ့
စာအုပ်ထုတ်ပိုင်ခွင့်မရှိဘူး"
"သားတော်သိပါတယ်
ဒါကြောင့်ခမည်းတော်ကိုအကူညီတောင်းတာပါ"
"ဒါဆိုသားတော်Minသွားနိုင်ပြီ
ခမည်းတော်စီစဥ်လိုက်မယ်"
မင်းသားလေးထွက်သွားတော့
မင်းကြီးဟာ စာအုပ်အဖုံးလေးရဲ့ထောင့်နေရာလေးမှာရေးထားတဲ့စာသားလေးကိုသူ့နံဘေးမှာရှိနေတဲ့စုတ်တံလေးနဲ့ခြစ်လိုက်ပြီး
စာလုံးအသစ်တို့ကို ရေးချလိုက်သည်။

Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေးOù les histoires vivent. Découvrez maintenant