အပိုင်း (၂၁)

275 37 5
                                    

Unicode

"တော်ပြီJeon
ဒီအကြောင်းကို ဆက်မပြောကြရအောင်
Minတို့ ဓားရေးယှဥ်ကြမလား"

"ဟင်"

Jeonကသွေသွေလေးကြည့်လာတော့ပြုံးလိုက်မိသည်။

"သွားရအောင်"

ဆွဲခေါ်လာတော့လည်း အလိုက်သင့်လေး။

"ရော့Jeon"

"မကိုင်နဲ့ Min
လက်လေးတွေ ရှသွားမှဖြင့်"

"Minက မင်းသားတစ်ပါးပါ
ဓားရေးက မင်းသားတိုင်းကျွမ်းကျင်နေသင့်တဲ့အရာလေ"

"Minလည်း ဓားရေးကိုစိတ်ဝင်စားလို့လား"

သက်ပြင်းလေးတစ်ချက်ချကာ

"ခမည်းတော်က ငယ်ငယ်တုန်းက
Minကို အရမ်းအလိုလိုက်ခဲ့တာ.....
အစ်ကိုတော်တွေ အစ်မတော်တွေ ညီမတော်တွေ
အများကြီးရှိခဲ့ပေမဲ့ ခမည်းတော်က
Minအပေါ်မှာတော့ အရမ်းကောင်းခဲ့တာ.....
Minအရွယ်ရောက်လာတော့ ဓားရေးကို
စိတ်မဝင်စားမှန်း ခမည်းတော်ရိပ်မိခဲ့တယ်
အဲဒါကြောင့်လည်း Minကို
ဓားရေးမသင်ခိုင်းခဲ့ဘူး..........
မယ်တော်က အဆင့်မြင့်တဲ့အိမ်တော်က
သမီးမလို့ ဘိုးတော်တို့က Minကို
ထီးနန်းဆက်ခံဖို့အတွက် ဓားရေးကို
လေ့ကျင့်ခိုင်းဖို့ ခမည်းတော်ကို
အကျပ်ကိုင်ခဲ့တယ်
အခြေအနေတွေ ရှုပ်ထွေးလာမှာစိုးလို့
Minဓားရေးကို သင်ယူခဲ့တယ်.......
ယှဥ်ပြိုင်မှုတစ်ခုမှာ Minလက်မောင်းမှာ
ဒဏ်ရာရခဲ့တယ်........"

"ဘယ်မှာလဲMin
ဘယ်သူလုပ်တာလဲ ကိုယ်တော်ကိုပြော
ကိုယ်တော်သွားသတ်......"

စူးခနဲမျက်စောင်းတစ်ချက်ကြောင့်
ငြိမ်ငြိမ်လေး ပြန်ထိုင်လိုက်ရသည်။

"ခမည်းတော်နဲ့မယ်တော် အရမ်းလန့်သွားခဲ့တယ်
အဲဒီအချိန်ကစပြီး ခမည်းတော်က
Minဆန္ဒအတိုင်းလုပ်ခွင့်ကိုပေးခဲ့တယ်..........
Minမှတ်မိသေးတယ်
ခမည်းတော်နဲ့မယ်တော်က
အိပ်နေတဲ့Minရဲ့ကုတင်အောက်မှာ
Minလက်လေးတွေကို
တစ်ယောက်တစ်ဖက်စီဆုပ်ကိုင်ပြီးငိုနေကြတာ...
Minလည်း အဲဒီတုန်းက ငိုခဲ့မိတယ်
ဝမ်းသာလွန်းလို့......
ခမည်းတော်လို့ဖခင်မျိုး နဲ့ မယ်တော်လို့မိခင်မျိုး
ကို ပိုင်ဆိုင်ခွင့်ရခဲ့လို့.....

Jeonမင်းကြီး၏အဖြူရောင်နှင်းပွင့်လေးDonde viven las historias. Descúbrelo ahora