Part1(U,Z)

15.4K 653 22
                                    

2015,Oct

"Congratulations သား​လေး...ဒီမယ် သားအတွက် ဟန်းဖုန်းဝယ်လာပြီ၊သားက ၁၀တန်း​အောင်ပြီးပြီ၊တက္ကသိုလ်လည်း တက်ရ​တော့မှာဆို​တော့ တရားဝင်ဖုန်းကိုင်ခွင့် ရသွားပြီ​ပေါ့"

"​ကျေးဇူးပါ ​ဖေ​ဖေ၊သား ​သေချာသုံးပါ့မယ်"

"ဖုန်းရပြီဆိုပြီး ညနက်တဲ့အထိ ဖုန်းပဲကြည့်မ​နေနဲ့​နော် သား​လေး၊မျက်မှန်က ပါဝါ​တွေတိုးပြီးကျန်းမာ​ရေးကိုထိခိုက်မယ်​နော်
အချိန်နဲ့သုံး​​နော် ဟုတ်ပလား သား"

"ဟုတ် ​မေ​မေ၊သား ညနက်တဲ့အထိ မသုံးပါဘူးဗျ၊​အာ့ဆို သားအခန်းထဲသွား​တော့မယ်​နော် ​ဖေ​ဖေနဲ့​မေ​မေ...သူငယ်ချင်း​တွေကိုလည်း ဖုန်းဆက်လိုက်ဦးမယ်"

​ဖေ​ဖေနဲ့​မေ​မေ့ကို နှုတ်ဆက်ပြီး အခန်းထဲဝင်လာလိုက်တယ်။​ဖေ​ဖေဝယ်လာ​ပေးတဲ့ အသစ်စက်စက် iphone6s​လေးကို သ​ဘောတကျ လှည့်ပတ်ကြည့်ရှုရင်း sim cardထည့်ပြီး သူငယ်ချင်း​တွေကို ဆက်သွယ်ဖို့ပြင်လိုက်တယ်။
သူငယ်ချင်း​တွေဆိုလို့လည်း များများစားစားရှိတာ မဟုတ်ပါဘူး။​ကျောင်းမှာ အရမ်းရင်းနှီးပြီး လည်ပင်းဖက်​ပေါင်းလာတဲ့ ၂​ယောက်​လောက်ပဲ ရှိတာပါ။Introvertဖြစ်တဲ့ ကျ​နော်က ​မေးထူး​ခေါ်​ပြောမိတ်​​ဆွေ​တွေ​တော့ ​ပေါပြီး သူငယ်ချင်း​တော့ နည်းပါတယ်။​ကျ​နော်အရမ်းသ​ဘောကျတဲ့ အဆို​တော်အဖွဲ့နဲ့ ပက်သက်တာ​တွေရှာရင်း၊သူတို့သီချင်း​တွေနား​ထောင်ရင်းပဲ အခန်းထဲ ငြိမ်​နေ​လေ့ရှိတယ်။အပြင်ထွက်ဖြစ်တာလည်း နည်းပါတယ်။​နောက်ပြီး ငယ်ငယ်က ကျန်းမာ​ရေးချူချာတာမယ် စည်းကမ်းကြီးတဲ့ ​မေ​​မေရဲ့ အမူအကျင့်​တွေ ထည့်​ပေါင်းလိုက်​တော့ အခန်းထဲတင်​နေတဲ့ ​ကောင်​လေးသာဖြစ်လာ​တော့တာပဲ။

​​ဆောက်လုပ်​ရေးကုမ္ပဏီအ​သေးစား​လေး ဖွင့်ထားတဲ့ ​ဖေ​ဖေက ရုံးအလုပ်တစ်ဖက်နဲ့မို့ ကျ​နော့်ကို ​မေ​​မေ​လောက် ဂရုမစိုက်နိုင်၊လိုတာ​မေးပြီး ​မေ​မေခွင့်ပြုရင် ဝယ်​ပေးလိုက်တာမျိုးပဲ။အခုပဲကြည့်​လေ ၁၀တန်း​ဖြေပြီးကတည်းက ​လိုချင်တဲ့ ဟန်းဖုန်းက ​တက္ကသိုလ်တက်ခါနီးမှပဲ လက်ထဲ​ရောက်လာရ​တော့တယ်။ဒါဟာ ​နောက်ဆုံး ​မေ​မေခွင့်ပြုလိုက်လို့ ​ဖေ​ဖေကဝယ်လာ​ပေးတာပါပဲ။
နှစ်​ယောက်တစ်ဘဝ ရုန်းကန်လာတဲ့ ​ဖေ​ဖေနဲ့​မေ​မေက တစ်​ယောက်ကိုတစ်​ယောက်လည်း သိပ်ချစ်ပါတယ်။ဘာမဆို စည်းကမ်းတရှိနဲ့ ဒီလိုအ​ခြေအ​နေအထိ ​နေနိုင်​အောင် ထိန်းသိမ်း​ပေးနိုင်တဲ့ ​မေ​မေ့စကားကို ​​ဖေ​ဖေက ဘယ်​တော့မှမလွန်ဆန်​လေ့လည်း မရှိပါဘူး။'က​​လေးက ငယ်​သေးတယ်၊ဖုန်းကိုင်ဖို့ ၁၆နှစ်​တောင် ​ပြည့်​သေးတာမဟုတ်ဘူး'ဆိုတဲ့​နောက်မှာ ဖုန်းမကိုင်ရဘဲ tabletနဲ့ ဂိမ်း​ဆော့လိုက်၊စာအုပ်ဖတ်လိုက် ​နေခဲ့ရတဲ့ ကျ​​နော်လည်း ​မေ​မေ့စကားကို မလွန်ဆန်နိုင်တဲ့ သူပါပဲ။

Sixteen(Remade version)(Completed)Where stories live. Discover now