"ကိုကို ကောင်မလေးတစ်ယောက်ကို လိုက်တော့မယ်
အဲ့ဒါ ညီ့ကိုတိုင်ပင်တာ၊ကိုကို့ကို အကြံပေးရမယ်နော်"နားထဲမှာထပ်ခါ၊ထပ်ခါ ပြန်ကြားနေတဲ့စကား
စာပို့ရုံတင်မလုံလောက်လို့ ဖုန်းခေါ်ပြီးပါ ထပ်ပြောလာတဲ့ ထိုစကားလုံးတွေ
ကျနေတဲ့မျက်ရည်တွေ မြန်မြန်အဆုံးသတ်ဖို့၊မျက်ရည်တွေ နောက်ထပ် ထပ်မရှိနိုင်ဖို့ ရေပန်းအောက်မှာရပ်ရင်း ဆုတောင်းနေမိတယ်။
ရည်းစားထဲလဲတွဲလာတဲ့ ကိုကိုက ဘယ်သူ့ကိုမှ မချစ်ဖူး၊မကြိုက်ဖူးသေးတဲ့ ကျနော့်ဆီက ဘာကြောင့်များ အကြံလိုချင်ရပြန်ပါသလဲ
"ကိုကိုတော့ ဘာလုပ်လုပ် ညီ့ကိုတိုင်ပင်ချင်နေတော့တာပဲ"ဆိုတဲ့ထဲမှာ ဒီကိစ္စသည်လည်း မဖြစ်မနေအပါအဝင်ပဲလား။အချိန်အတော်ကြာ ရေပန်းအောက်ရပ်မိပြီးနောက် စိတ်တို့ဟာ အနည်းငယ်တော့ တည်ငြိမ်စပြုလာသလိုပါပဲ။
အနည်းငယ်အေးတဲ့ ရာသီဥတုမှာ ဒီလို ညဖက်၁၀နာရီကြီး ရေချိုးနေတယ်ဆိုတာသာ မေမေသိရင် ကျနော့်ကို ဘယ်လိုထင်ပြီး ဘယ်လိုပြောမလဲမသိ။
အချစ်က လူကို ဒီလိုပဲ ရူးသွပ်စေတာမျိုးလား။
ဆင်ခြင်တုံတရားမဲ့စေတာမျိုးပဲလား။
ဒီလိုဆိုတော့လည်း ဆင်ခြင်တုံတရားနဲ့ပြည့်စုံတဲ့ ကိုကို့ကို အားကျမိပါရဲ့။
••••••••••"Relationshipတွေနဲ့ပက်သက်ပြီး အတွေ့အကြုံမရှိပေမယ့် ကိုကိုသာလိုအပ်ရင် အကောင်းဆုံးအကြံပေးနိုင်အောင် ကြိုးစားမှာပေါ့ဗျာ"ဆိုတဲ့ စကားသံဟာ အကြားအာရုံကနေတဆင့် နှလုံးသားဆီ စီးဝင်တဲ့အခါ ရင်ဘတ်တစ်နေရာက နာကျင်လာတယ်။
ဒါပေမယ့် ဒါကပဲ အဖြစ်သင့်ဆုံးအဖြေဖြစ်လိမ့်မယ် မဟုတ်လား
ကျနော့်ခံစားချက်တွေ ရှေ့မတိုးဖြစ်ဖို့ဆို ဒါက အကောင်းဆုံးအဖြေပဲ ဖြစ်ပါလိမ့်မယ်။
အရင်လို ကောင်မလေးတွေနဲ့ ပြန်တွဲတာကပဲ ညီနဲ့ပက်သက်ပြီး ဖြစ်လာနေတဲ့ ထူးဆန်းတဲ့ခံစားချက်တွေကို တားဆီးဖို့ အဖြေဖြစ်ပါလိမ့်မယ်။
တစ်နည်းပြောရရင် ကျနော်နဲ့ညီ တစ်သက်လုံး အခင်အမင်မပျက် အတူတူရှိနိုင်ဖို့၊ကျနော် ညီ့အနားမှာ အမြဲရှိနေနိုင်ဖို့ဆို ဒီနည်းက အကောင်းဆုံးပါပဲ။
YOU ARE READING
Sixteen(Remade version)(Completed)
RomanceStart date:17Jan,2022 End date :24March,2022