Part16(U&Z)

4K 358 13
                                    

အချိန်​တွေတ​ရွေ့​ရွေ့နဲ့ ကူး​ပြောင်းလာတာ ပထမနှစ်ဝက်စာ​မေးပွဲပြီးတဲ့အချိန် ​​ရောက်လို့လာပြီ။
လတ်လျားလတ်လျား​လေလွင့်​နေတဲ့ ကျ​နော်က​တော့ ညီ,တက်သမျှသင်တန်း​တွေကို အကြိုအပို့လုပ်​ပေး၊ဆိုင်အသစ်ဖွင့်တာ​တွေ့ရင် ​ခေါ်သွားပြီး မုန့်လိုက်ဝယ်​ကျွေးရင်းနဲ့ ​ကျောင်းပိတ်ရက်​တွေကို စိတ်ချမ်းသာ၊အကျိုးရှိစွာ အသုံးချ​နေမိိတယ်။
ပုံမှန် ဒီလိုပထမနှစ်ဝက်ပြီးချိန်ဆို ​အပူ​ရှောင်ရင်း က​လောအိမ်မှာ အချိန်သွားကုန်​​​လေ့ရှိ​ပေမယ့် အခု​တော့ မြို့​တော်ရန်ကုန်က​နေ တစ်ဖဝါးမှမခွာဖြစ်​တော့။
အရင်က လူသွားလူလာရှုပ်လို့ ​၊ကားပါကင်ခက်လို့ ​ခြေဦးမလှည့်ဖြစ်တဲ့ ​လှည်းတန်းတစ်ခွင်ဟာ ညီ့​ကြောင့်နဲ့ ​​နေ့တိုင်းနီးပါး​ရောက်တဲ့ ​နေရာ​​တွေ ဖြစ်လို့​​နေပြီ။

သူတက်ချင်တဲ့သင်တန်း​တွေတက်သလို တစ်ဖက်မှာလည်း အင်္ဂလိပ်ရုပ်ရှင်ကား​တွေ ဘာသာပြန်​ပေးတာကို အချိန်ပိုင်းအဖြစ်လုပ်​သေးတယ်။သူ့အိပ်မက်က ဘာသာပြန်စာ​ရေးဆရာတစ်​ယောက် ဖြစ်ချင်တာလို့ အမြဲ​ပြောတဲ့ ​ကောင်​လေးက သူတတ်​မြောက်ထားတဲ့ ဘာသာစကားစွမ်းရည်ကို အမြဲ အကျိုးရှိရှိ အသုံးချ​လေ့ရှိတယ်။
ဘာသာပြန်​နေရတဲ့အချိန်နဲ့ ကျ​နော့်အနားမှာရှိ​နေရချိန်က အ​​​ပျော်ဆုံးပဲလို့​ပြောပြီး ​​​​ခြွေတတ်​သေးတဲ့ ထို​ကောင်​လေးဟာ ကျ​နော့်ဘဝမှာ​တော့ တန်ဖိုးအရှိဆုံး အသက်ဆက်​သွေး​ကြော​လေးပါပဲ။

အခုက​တော့ ညီ အချိန်ပိုင်းဘာသာပြန်လုပ်​နေတဲ့ ရုံးရှိရာ လှည်းတန်းတစ်​နေရာမှာ ညီ့ကိုလာကြိုဖို့ ​ရောက်​နေတာပါ။အမြဲလူမပြတ်၊​သင်တန်းမျိုးစုံ၊လူမျိုးစုံနဲ့ ဒီ​နေရာဟာ ကျ​နော့်အတွက်​တော့ ​ဟို​ဟိုဒီဒီ​ငေးရင်း အိပ်ငိုက်​စေတဲ့အထိပါပဲ။
ညီ့​မေ​မေသ​ဘောအရဆို ညီ ဒီလို​တွေလုပ်​​နေတာကို ​သေချာ​ပေါက် ခွင့်ပြုမှာမဟုတ်
အလုပ်လုပ်ချင်တာ ​ကောင်းတဲ့စိတ်ပဲဆိုပြီး ခွင့်ပြု​ပေးတဲ့ ညီ့​ဖေ​ဖေ​ကြောင့် ညီတစ်​ယောက် လွတ်လပ်​ရေးအပြည့်ရပြီး ဝါသနာပါရာ​တွေ လုပ်နိုင်​နေတာပါ။
​နောက်ပြီး ကျ​နော်တို့ရဲ့ဆက်ဆံ​ရေးကို လူကြီး​တွေအမြင်မှာ သံသယမဝင်​စေဖို့လည်း ကြိုးစားရ​​သေးတယ်။နှစ်​ယောက်ရဲ့ အ​နေမှန်မှု​ကြောင့်လည်း ညီ့​မေ​မေတစ်​ယောက် ဘယ်လိုသံသယမှ မဝင်လာတာမျိုး ထင်ပါရဲ့။
ဒီလို​တွေ​တွေးမိတိုင်း သက်ပြင်းချရတာလည်း အကြိမ်ကြိမ်ပါပဲ။အချိန်ဘယ်​လောက်ကြာ​အောင် ဒီလိုပုံစံနဲ့ ​နေသွားနိုင်မှာလဲ၊ညီ့မိဘ​တွေ၊အထူးသဖြင့် ညီ့​​မေ​မေ သိသွားမယ့် တစ်​​နေ့​နေ့ဆိုတာကို ​တွေးကြည့်ရင် ဘာလုပ်ရမယ်မှန်း မသိ​အောင် ​ကြောက်ရွံ့မိတာ အကြိမ်ကြိမ်ပါပဲ။
ဖြစ်နိုင်ရင် ညီ့လက်ကိုဆွဲပြီး ကျ​နော်တို့ကို နားလည်လက်ခံနိုင်မယ့် ​နေရာတစ်ခုကို အ​ပြေးသွားပုန်းချင်မိတယ်။
ဆိုညည်း​နေကျ အဲလက်စ်သီချင်းအတိုင်းဆို
'တစ်​ယောက်လက် တစ်​ယောက်ကိုတွဲပြီး ဟိုအ​ဝေးကြီးကိုထွက်သွားချင်..ဘာ​တွေဖြစ်ဦးမလဲ'ဆိုသလိုပါပဲ။ညီ့လက်ကိုဆွဲပြီး အားလုံးရဲ့အ​ဝေးကို ​ပြေးချင်မိတာ တကယ်ပါ။

Sixteen(Remade version)(Completed)Where stories live. Discover now