နှစ်ခြိုက်စွာ အိပ်မောကျနေတဲ့ ကိုကို့မျက်နှာကို မျက်တောင်မခတ်စတမ်းငေးရင်း ဒီလူနဲ့အတူ နိုးထရင်း နေ့တစ်နေ့ကို အစပြုရတော့မယ်ဆိုတဲ့ အတွေးဝင်တော့ ခံစားချက်က သိပ်ကိုကောင်းမွန်လွန်းလို့ နှိုင်းယှဥ်ပြရစရာပင်မရှိ။
ခပ်တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်း၊ဖြောင့်စင််းနေတဲ့ နှာတံချွန်ချွန်နဲ့ အဖျားနားတွေကော့ညွတ်ချင်နေတဲ့ မျက်တောင်မွေးစတွေကို အသာတို့ထိမိတော့ တွန့်ခနဲဖြစ်သွားတဲ့ ကိုကို
ဘေးမှာရှိနေတဲ့ ကျနော့်ကို တိုးလို့ဖက်ရင်း ဆက်လက်အိပ်မောကျနေလေတယ်။
အိပ်နေတာတောင် ပြေလျော့သွားခြင်းမရှိတဲ့ နှုတ်ခမ်းတွေ...ဒီလူဟာ စာရင်းဝင်သူဌေးမျိုးနွယ်က တစ်ဦးတည်းသော အမွေဆက်ခံသူ၊အချောလှလှတွေ ဝိုင်းဝိုင်းလည်နေခဲ့တဲ့ မာနခပ်ကြီးကြီး တက္ကသိုလ်ကျောင်းသား၊သူသာအလိုရှိရင် အားလုံးအဆင်သင့်ဖြစ်အောင် ဖန်တီးနိုင်တဲ့သူ
ဒီလိုလူက ကျနော့်အတွက် မေမေ့ရဲ့ နစ်နစ်နာနာပြောတာတွေကို ငြိမ်ခံခဲ့ရတယ်၊မိသားစုကို ထိပါးပြောဆိုတာကို ခေါင်းငုံ့ခံခဲ့ရတယ်၊ပြီးတော့ အဝေးဆုံးကို ထွက်သွားပေးရတယ်
ဒါတွေကို ပြန်တွေးမိတိုင်း ကိုကို့ကို သနားရတယ်၊အားနာတယ်။
ထားခဲ့သူနဲ့ကျန်ခဲ့သူမှာ ကျန်ခဲ့သူက ပိုလို့နာကျင်ခံစားရတယ်တဲ့။အင်း....ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ကျနော်ရခဲ့တဲ့ စိတ်အနာတရတွေဟာ ကျနော်သာ အသိဆုံးပဲမဟုတ်လား
ဒါပေမယ့် ကိုကို့ကို ပြန်လည်ပိုင်ဆိုင်ခွင့်ရတာနဲ့တင် နာကျင်မှုအားလုံးကို မေ့နိုင်တဲ့အထိ ကိုကိုက ကျနော့်အတွက် အရေးပါ,ပါတယ်။
ကိုယ့်ကိုယ်ကိုယ်ထက် ထိုလူကို ပိုချစ်မိတဲ့နောက် ကိုယ့်နာကျင်မှုတွေကို မေ့လျော့ပြီး သူထပ်မနာကျင်ဖို့ကိုသာ တွေးပေးမိနေတာမျိုးပါပဲ။ဒါနဲ့ မနေ့ကတွေ့ပြီးကတည်းက နှစ်ယောက်သား အိပ်မက်လိုမယုံနိုင်တွေဖြစ်၊အလွမ်းသယ်မဝ၊ချစ်မဝနဲ့ ဖြစ်နေခဲ့တာ ကိုကို ဒီကို ဘယ်ကတည်းက ပြန်ရောက်နေခဲ့တာလည်း မသိရသေး။အလုပ်ကိစ္စအတွက်ပဲ ဒီကိုပြန်လာတာလား၊ကျနော်နဲ့တွေ့ဖို့ရော စိတ်ကူးမရှိဘူးလား၊မနေ့က တိုက်တိုက်ဆိုင်ဆိုင် ပြန်မတွေ့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ...ဒီလိုတွေ တွေးမိတော့ စိတ်က မကျေနပ်ချင်တော့။လုပ်ငန်းခွင်မှာ အတွေးအခေါ်ရင့်ကျက်တဲ့ လူငယ်တစ်ယောက်ဆိုပေမယ့် ကိုကိုနဲ့ဆိုရင်တော့ အရင်လို စိတ်ကောက်၊စိတ်ဆိုးတတ်တဲ့ မရင့်ကျက်တဲ့ ကောင်လေး ဖြစ်လို့ရသေးတာပဲမလား။နိုးလာရင်တော့ သေချာစစ်ဆေးမေးမြန်းပြီး စိတ်ကောက်ရမယ်..မလုပ်တာကြာလို့ မေ့သွားတဲ့ပညာရပ်ထဲမှာ စိတ်ကောက်ခြင်းအတတ်ပညာတော့ မပါဘူးမဟုတ်လား။
YOU ARE READING
Sixteen(Remade version)(Completed)
RomanceStart date:17Jan,2022 End date :24March,2022