ပျော်ရွှင်ခြင်း၊ချစ်ခြင်း၊မြတ်နိုးခြင်းတွေ ခြံရံလို့ အခက်အခဲမရှိ ကုန်ဆုံးလာတဲ့အချိန်တွေဟာ ၁နှစ်ဆိုတဲ့ ကိန်းဂဏန်းတစ်ခုကို ရောက်လာပြီဆိုတာ တွေးကြည့်တိုင်း အိပ်မက်လိုပါပဲ။
ကျောင်းဆင်းတိုင်း အဖြူနက်ပြာယူနီဖောင်းမ်နဲ့ ကားတံခါးကိုမှီရင်း ရပ်စောင့်နေတတ်တဲ့ ကိုကို
ဘာစားချင်လဲ၊ဘာလုပ်ချင်လဲ၊ဘယ်သွားချင်လဲ ဆိုတဲ့ ကျနော့်သဘောကို ဦးတည်တဲ့ မေးခွန်းတွေနဲ့ တစ်နေ့တာကို ဖြတ်သန်းပြီး *ကိုကိုက ညီ့ကို သိပ်ချစ်တာ၊ကိုကို့မှာ ညီပဲရှိတာ*ဆိုတဲ့ မျက်ရည်ဝဲစရာ တီတီတာတာစကားတွေနဲ့ တစ်ညတာကို ကုန်ဆုံးစေခဲ့တာ တစ်နှစ်တောင်ရှိပြီတဲ့လေ။စနေ၊တနင်္ဂနွေဆိုရင် စိတ်ဝင်စားတဲ့ Managementနဲ့ပက်သက်တဲ့ သင်တန်းတွေတက်၊အချိန်ပိုင်း ဘာသာပြန်အတိုအထွာလေးတွေလည်းလုပ်၊contentလည်းရေးနဲ့ မအားလပ်တဲ့ ကျနော့်ကို ကျန်းမာရေးဂရုစိုက်ဖို့၊အိပ်ချိန်၊စားချိန်ဂရုစိုက်ဖို့ကလွဲရင် သူ့ကို အချိန်မပေးလို့ဆိုပြီးလည်း စိတ်ဆိုး၊စိတ်ကောက်လုပ်တာမျိုးမရှိ။ကျနော်သွားတဲ့နေရာမှန်သမျှကို လိုက်ပို့ရင်း၊အားတဲ့အချိန်လေးတွေမှာ တီတီတာတာစကားတွေ ပြောရင်းနဲ့သာ နေတတ်တဲ့ ကိုကို၊ညီ စိတ်ပျော်ရာကိုလုပ်ပါ၊ကိုကို့စိတ်ပျော်ရာက ညီပဲမို့ ညီ့အနားမှာနေရရင် ပြီးရောဆိုတဲ့ ထိုလူသားကို ကျနော့်ကိုကျနော်ထက် ပိုချစ်ရပါတယ်။
ဒီနှစ်တွေမှာ ခြေအရမ်းငြိမ်သွားတယ်ဆိုတဲ့ ကိုကို့သတင်းကလည်း တက္ကသိုလ်အသိုင်းအဝိုင်းမှာ ပြောစရာ၊ဆွေးနွေးစရာ သတင်းအချက်အလက်တစ်ခုပါပဲ။
အရင်က ရည်းစာတွေထည်လဲတွဲတယ်ဆိုတဲ့ ညီသုတက ရည်းစားမထားဘဲ ကျောင်းမှန်မှန်တက်နေတာ တစ်နှစ်ကျော်ပြီဆိုတာလည်း အံ့သြဖွယ် သတင်းတစ်ရပ်ကို ဖြစ်နေခဲ့တာပေါ့။
ကိုကိုကတော့ ကျနော်ကလွဲရင် ဘယ်အရာကိုမှ အာရုံထဲမထည့်၊ဂရုမစိုက်ခဲ့ပါဘူး။မမဝတ်ရည်တို့အဖွဲ့ကတောင် ညီသုတမျက်လုံးထဲမယ် ကောင်းဆက်လျှံကလွဲပြီး ဘာမှကိုမမြင်တော့တာလို့ ပြောကြတဲ့အထိ ကိုကို့ရဲ့ အကြင်နာချစ်ခြင်းတွေကို ကျနော်ရခဲ့ပါတယ်။
![](https://img.wattpad.com/cover/297909190-288-k875213.jpg)
YOU ARE READING
Sixteen(Remade version)(Completed)
RomanceStart date:17Jan,2022 End date :24March,2022