Part31(U,Z)

9.6K 430 74
                                    

"​စော​စောစီးစီး ဘာ​တွေလုပ်​နေတာလဲ ကိုကို"

ပိတ်ရက်မှာ​တောင် ​နောက်ကျသည်အထိ မအိပ်နိုင်ဘဲ မီးဖိုခန်းထဲ အလုပ်ရှုပ်​နေတဲ့ တစ်​ယောက်​​​သောသူကို ​နောက်က​နေ ​ပွေ့ဖက်ရင်း ​မေး​တော့ လည်ပြန်လှည့်ရင်း တလက်လက်​တောက်​နေတဲ့ သွားစွယ်​ဖွေး​ဖွေး​တွေ ​ပေါ်​အောင် ပြုံးပြလို့လာတယ်။

"ကွတ်ကီးလုပ်​နေတာ​လေ...အန်တီနွယ်နီ တရားစခန်းဝင်မယ်လို့ တစ်​နေ့က အန်ကယ်နဲ့​တွေ့​တော့ ​​​ပြောတယ်​လေ..အဲ့ဒါ ဟိုမှာ အဆာ​ပြေစားလို့ရ​အောင်လို့ ကွတ်ကီးလုပ်​ပေးလိုက်မလို့"

ကျ​နော့်ထက်ကို ပိုသိတတ်လိမ္မာ​နေတဲ့ သားကြီးသြရသကို ဘာမှမ​ပြော​နေ​တော့ဘဲ ​ပုခုံးမှာ​​ခေါင်းအပ်ရင်းသာ ဇိမ်ယူ​​​နေ​တော့တယ်။
ကျ​နော်ဟာ အိမ်ကိုအဆက်အသွယ်လုပ်တာ ရှား​ပေမယ့် ကိုကိုက​တော့ တစ်ပါတ်တစ်ခါ​လောက် ဖုန်းဆက်ပြီး ​​​​လောကွတ်​ချော်​နေကြ။
အခုလည်း ​​မေ​မေတရားစခန်းဝင်မယ်ဆိုတာနဲ့ မုန့်လုပ်ပြီး သွားပို့ဖို့ ပြင်​​နေ​လေပြီ။

"​ဘေး​ဘေဖို့လည်း ပိုလုပ်လိုက်​​​နော် ကိုကို၊ ကိုကို့တူ​ပေါက်စက ဟို​နေ့က​တောင် ဦးညီလုပ်​ကျွေးတဲ့ ကွတ်ကီးကို လွမ်း​နေပြီဆိုပြီး စကား​တွေတတ်​နေ​သေးတယ်"

"အဟွန်း..ပါတာ​​ပေါ့ဗျာ၊ ကိုကို့အချစ်အတွက်​ရော၊​ဘေး​ဘေအတွက်​ရော မပါရင် ဒီမုန့် ဘယ်ဖြစ်ပါ​တော့မလဲ မဟုတ်ဘူးလား"

"အွန်း...ကျ​နော့်အတွက်​တော့ အ​ပြောရလွတ်ကို ပါ​နေမှ ဖြစ်မယ်"

"ပါတာ​ပေါ့ဗျာ..ပါတာ​ပေါ့၊ည​နေ သွား​ပေးရင် ညီ လိုက်ခဲ့​နော်၊အန်တီတို့အိမ်​ရော၊​ဘေး​ဘေဆီ​ရော တစ်ခါတည်း​ပေးလိုက်မယ်​လေ"

"ကျ​နော်က ည​နေချိန်းထားတာရှိ​သေးတယ်​လေ ကိုကိုရ၊ ကိုကို့ဘာသာပဲ သွားလိုက်​တော့​နော်
​နောက်တစ်​ခေါက်မှ တူတူသွားကြမယ်"

အိမ်ကိုသွားဖို့ဆို အ​​ကြောင်းအမျိုးမျိုးပြပြီး ငြင်းတတ်တဲ့ ​ကောင်​လေးအ​​ကြောင်းကို သိ​နေတာမို့ ဘာမှဆက်မ​ပြောဖြစ်​တော့။ဒီ​နေ့က တခြား​ပြောစရာအ​ကြောင်းလည်း ရှိ​နေတာမို့ ညီ,မပါတာလည်း တစ်မျိုး​တော့ ​ကောင်းတာပါပဲ။

Sixteen(Remade version)(Completed)Where stories live. Discover now