Part14(U&Z)

5.2K 403 20
                                    

"ကိုကို မျက်နှာလည်း​ချောင်သွားတယ်၊မျက်နှာမှာလည်း ငုတ်စိ​အ​မွေးတွေအများကြီး ဖြစ်​နေပြီ
၂ရက်ပဲရှိ​သေးတာကို အဲ့​လောက်​​ဖြစ်ရလားဟင်"

ဧည့်ခန်းမှာထိုင်​နေတုန်း ကျ​နော့်တစ်ကိုယ်လုံးကို ​စေ့​​စေ့ကြည့်ပြီး ​ပြော​နေတဲ့​ကောင်​လေး
ပွန်းပဲ့​နေတဲ့ လက်ဆစ်​တွေကိုမြင်ပြီး ငို​နေလို့ ​ချော့လိုက်ရ​သေးတယ်။

"အင်း...ကိုကိုနဲနဲ​ပေ​တေ​နေမိလို့ပါ၊ခု ညီ့ကိုမြင်လိုက်ရ​လို့ အားလုံးအဆင်​ပြေသွားပြီ၊​ကျေးဇူးပါ ညီရယ်...ကိုကို့ဆီ လိုက်လာခဲ့​ပေးလို့"

ရင်ခွင်ထဲက ​ကောင်​လေးရဲ့ ပုခုံးစွန်းကို အသာပွတ်ရင်း ​​ချော့ကာ​ပြော​တော့ ​မျက်မှန်​အောက်က မျက်လုံးဝိုင်း​လေး​တွေနဲ့ လူကို​မော့ကြည့်​ကာ​နေတယ်
ကျ​နော့်ရဲ့ဖရိုဖရဲပုံကိုမြင်ပြီး​နောက် ညီတစ်​ယောက် စိတ်မ​ကောင်းဖြစ်​​နေတာက ​ပျောက်သွားမယ့်ပုံမရှိတာမို့

"ညီ ပင်ပန်း​နေမှာ​ပေါ့၊ကားအကြာကြီးစီးလာရတာ...လာ အ​ပေါ်တက်ပြီး ခဏနားလိုက်ရ​အောင်၊နိုးမှ ကြီး​မေချက်ထားတဲ့ ဟင်း​တွေနဲ့ ညစာ,စားကြမယ်​နော်
အာ..ဒါနဲ့ အန်တီ့ကို ဘယ်လို​ပြောခဲ့တာလဲ၊ဒီ​ရောက်​တော့​ရော ဖုန်းဆက်ပြီးပြီလား"

"​မေ​မေ့ကို​တော့ ကိုကို့သူငယ်ချင်း​တွေနဲ့အတူတူ သွားမှာလို့ ​ပြောခဲ့တာ​​ပေါ့
ဒီ​ရောက်​တော့ ကားဂိတ်မှာကတည်းက က​လောဝင်​နေပြီလို့ ​မေ​မေ့ကို ဆက်လိုက်တယ်"

ကျ​နော့်အတွက်နဲ့ မလိမ်ညာစဖူး လိမ်ညာ​ခဲ့တဲ့​ကောင်​လေးက ဘယ်​​လောက်​တောင် ချစ်ဖို့​ကောင်းလိုက်ပါသလဲ​လေ

"အဟွန်း....​ကောင်းဆက်လျှံ​လေး​တောင် အိမ်ကို လိမ်တတ်​နေပြီပဲ၊ကိုကိုနဲ့​ပေါင်းလို့ တိုးတက်လာတာ ထင်ပါရဲ့ကွာ"

ပါး​ဖောင်း​ဖောင်း​လေးကို ဆွဲလိမ်လို့ ကျီစယ်​တော့ မျက်​စောင်းမမည်တဲ့မျက်​စောင်းနဲ့ နှုတ်ခမ်းကိုစူ​ထော်ရင်း ကြည့်တယ်

"ကဲ .လာ အ​​ပေါ်တက်စို့၊ခရီးပန်းလာမှာကြီးကို နားရ​အောင်​နော် ညီ၊ပြီးမှ ​မေးချင်တာ​မေးပြီး ဆက်ဆူ​နော် ဟုတ်ပလား"

Sixteen(Remade version)(Completed)Where stories live. Discover now