Part2(U,Z)

7.2K 582 28
                                    

"လာပါ ​ကောင်းဆက်ရဲ့၊ မကြီးသူငယ်ချင်း​တွေက ကိုက်မစားတတ်ပါဘူး"

ကိုက်မစားတတ်​ပေမယ့် လူကို ပြူးပြဲကြည့်​နေကြတာကြီးကလည်း ​​နေရခက်​စေတာပဲ မဟုတ်ဘူးလား
​ကျောင်တက်ရင် လူအများနဲ့ ​ခင်ခင်မင်မင်​နေတတ်​အောင်ဆိုပြီး သူ့သူငယ်ချင်း​တွေနဲ့ မိတ်ဆက်​ပေးမယ်၊ရုပ်ရှင်ကြည့်ကြမယ်ဆိုပြီး အိမ်ထိ တကူးတကလာ​ခေါ်တဲ့ အစ်မ​ကြောင့် ​ယောင်လည်လည်နဲ့ပဲ JSထိ ပါလာရတာ။

"​ဟေး...​ရောက်​နေကြပြီလား၊ငါ ကားပိတ်​နေလို့ ​နောက်ကျသွားတယ် ​ဆောရီးပါ ​ဘော်ဒါတို့​ရေ"

"အဲ့လိုမှ ​နောက်မကျရင် နင်ဘယ်ဟုတ်ပါ​တော့မလဲ
ဟဲလို ချာတိတ်"

တခြားလူ​တွေက ဘာမှမ​ပြောကြ​ပေမယ့် အားလုံးထဲမှာ ထင်းထွက်​နေတဲ့ TUရဲ့ ကင်း​ကောင်က​တော့ ဖုန်းကြည့်​နေရင်းက​နေ မမဝတ်ရည်ကို တမင်ရန်စ​နေ​တော့တယ်။ထိုမျှမကဘဲ ရုတ်တရက် ​ခေါင်းကို​မော့လို့ လက်​​ချောင်းရှည်သွယ်သွယ်​တွေကို လှုပ်ခတ်ရင်း ကျ​နော့်ကို ပြုံးပြနှုတ်ဆက်လာတာ
ရုတ်တရက်မို့ ​ကြောင်အ​နေတဲ့ ကျ​နော်က မျက်မှန်ကို လက်ညှိုး၊လက်ခလယ်နဲ့ အသာပင့်ရင်း ​ပြန်နှုတ်ဆက်ဖို့ အရှိန်ယူ​နေရတယ်။

"ဟုတ် မင်္ဂလာပါ အစ်ကိုတို့၊အစ်မတို့ဗျ...ကျ​နော်က မမဝတ်ရည်ရဲ့​မောင် ​ကောင်းဆက်လျှံပါဗျ"

Formalကျလွန်း​နေတဲ့ နှုတ်ဆက်ပုံကို ​​ပေါ့​ပေါ့ပါးပါး ရွှင်ရွှင်ပျပျ တုံ့ပြန်လာတဲ့ မမဝတ်ရည်ရဲ့ သူငယ်ချင်း​တွေက တစ်ကယ်ခင်မင်စရာ​တွေပါ။Social mediaမှာ မျက်မှန်းတန်း​နေခဲ့တာမို့ အချိန်သိပ်မယူလိုက်ရဘဲ ရင်းနှီးကုန်တာလည်း ပါပါလိမ့်မယ်။

အချိန်​စော​သေးတာမို့ ​ဟိုဟိုဒီဒီပတ်ကြ​တော့ စ​နောက်သံ၊ရယ်​မောသံ​တွေက ကျ​​နော်အရင်က မရခဲ့ဘူးတဲ့ အ​တွေ့အကြုံသစ်ကို​ပေးတယ်။
ဒီ​လို​နေရာကိုလည်း မာမီနဲ့သာ တစ်ခါတစ်ရံလာ​လေ့ရှိပြီး၊မာမီကိုယ်တိုင် ​ရွေး​ပေးခဲ့တဲ့ လက်​ရွေးစင်သူငယ်ချင််း​တွေကလည်း ကျ​နော့်လိုလူ​တွေပဲမို့ ဒီလို ​အ​ခြေအ​နေမျိုးက ကြုံ​တောင့်ကြုံခဲပါပဲ။
မုန့်ဆိုင်မှာထိုင်ရင်း မုန့်စားကြ​တော့လည်း စကားနိုင်လုကြ၊ဟာသထုတ်ကြနဲ့ နား​ထောင်သူကျ​နော်က ကိတ်စားလိုက်၊​ချောကလက်ပူပူ​သောက်​လိုက်၊ရယ်စရာပါရင် လိုက်ရယ်လိုက်နဲ့သာ ရှိ​နေရတယ်။ဟာသညဏ်မရွှင်တဲ့ ကျ​နော်က နား​ထောင်ရင်းရယ်ရုံပဲ တတ်နိုင်တာမျိုးပါပဲ။

Sixteen(Remade version)(Completed)Hikayelerin yaşadığı yer. Şimdi keşfedin