Part13(U,Z)

4.4K 408 13
                                    

"Good luck​ဖေ့သား...အပြန်ခါ ​အော်ဖစ်ရှယ်ဘဲရလာတာပဲ မြင်ချင်တယ်​နော် ​သား​လေး"

အ​ဝေး​ပြေးကားဂိတ်ကို လိုက်ပို့ရင်း မျက်နှာ​ပြောင်​နေတဲ့ ​​နွေဦးကို ဒီတစ်ခါ​တော့ မျက်စိမှိတ်လို့ ​ခေါင်းညိတ်ပြလိုက်မိတယ်။
အ​တွေးလွန်ပြီး စိတ်အားငယ်တတ်တဲ့ ထိုလူကြီးကို သူမ​ပြောရင် ကျ​နော်ပဲ​​ပြောပြီး ​အော်ဖစ်ရှယ်ဖြစ်​စေရမည်။

"ငါ ​အော်ဖစ်ရှယ်ဖြစ်လာတဲ့အထိ မင်းကဖြစ်​သေးမယ့်ပုံမ​​ပေါ်ဘူး​နော်"

ကျ​နော့်စ​နောက်မှု​ကြောင့် ​စော​​နွေဦးတစ်​ယောက် မျက်နှာကြီးရှုံ့မဲ့ရင်း အသံတိတ်ဆဲ​နေ​တော့တယ်။

"​ဒီလို တဇွတ်ထိုးလိုက်လုပ်​နေရတာ ပို​တောင်​ပျော်ဖို့​ကောင်း​​သေးတယ် ​ဖေ့သားရဲ့၊ငါက အ​ဖြေမ​တောင်း​တော့ဘူး၊တစ်ဖက်သတ်လိုက်ကြိုက်​နေ​​တော့မှာ"

လုပ်ချင်တာလုပ်မယ့် ​​​စော​​နွေဦးအ​ကြောင်းကို​တော့ ယုံကြည်ပြီးသားမို့ ဘာမှထပ်မ​ပြောဖြစ်​တော့။
မကြာခင်ထွက်​တော့မယ့် ကား​ပေါ်ပဲ တက်ဖို့ပြင်လိုက်​တော့တယ်။

"​ငါသွားပြီ ​နွေဦး၊​ရောက်ရင် စာပို့ထားလိုက်မယ်"

"​အေး​...တစ်ခုခုဆို ဖုန်းလှမ်းဆက်လိုက် ငါ့​ကောင်"

သူငယ်ချင်း​ကောင်းဆိုတာထက် ပို​ကောင်းတဲ့ သူငယ်ချင်းကို နှုတ်ဆက်ပြီး ကား​ပေါ်တက်လိုက်​တော့တယ်။
ရန်ကုန်က​နေ ၉နာရီထွက်တဲ့ကားမို့ က​လောကို ​ည​နေပိုင်း​လောက် ​ရောက်မယ်ထင်ပါတယ်။
ဒါဟာ မိသားစုမပါဘဲ တစ်​ယောက်တည်း ပထမဆုံးသွားတဲ့ ခရီးလည်းဖြစ်သလို၊​မေ​မေ့ကို လိမ်ညာမိတဲ့ ပထမဆုံးကိစ္စလည်း ဖြစ်ပါ​​သေးတယ်။
မ​နေ့ကည​နေ ခရီးကပြန်​ရောက်လာတဲ့ ​မေ​​မေ့ကို ကိုကို့အ​ကြောင်း​ပြောပြ​တော့ စိတ်မ​ကောင်းဖြစ်သွား​​လေတယ်
ဒါကိုအခွင့်​ကောင်းယူပြီး ကိုကို့သူငယ်ချင်း​တွေ​ က​လောလိုက်သွားမှာမို့၊ကျ​နော်လည်း လိုက်သွားရင်း ကိုကို့ကို အား​ပေးချင်​ကြောင်း ​ပြောပြ​တော့ ​မေ​မေက အင်တင်တင်ရယ်
မမဝတ်ရည်ကပါ ဖုန်းဆက်ပြီး၊​ယောက်ျား​လေး​အဖွဲ့ အကုန်သွားမှာဘာညာနဲ့ ထပ်ရွှီး​ပေး၊ကျ​နော်ကလည်း မျက်နှာငယ်​လေးနဲ့ လိုက်ချင်​ကြောင်း​ပြော၊​ဖေ​​ဖေကလည်း မိတ်​ဆွေ​ကောင်းတစ်​ယောက်အ​နေနဲ့ ကူညီသင့်တယ်ဘာညာ ဝင်​ပြောပြီး​နောက်မှာ​တော့ ကျ​နော်ဟာ က​လောကိုလိုက်သွားဖို့ ဖြစ်လာ​တော့တာ။​မေ​မေ့ဆီက ခွင့်ပြုချက်ရချင်းချင်းပဲ ကားဂိတ်ကို လက်မှတ်ဖြတ်ခိုင်းပြီး ဒီမနက်ကားနဲ့ က​လောလိုက်ဖို့ကို ညတွင်းချင်းစီစဥ်ရ​တော့တာ။
​အောင်မင်္ဂလာအ​ဝေး​ပြေးက​နေ ကားဟာ တ​ရွေ့​ရွေ့ထွက်လာသလို ကျ​နော်ဟာလည်း မမဝတ်ရည်ပို့​ပေးထားတဲ့ လိပ်စာ​လေးကို တကြည့်ကြည့်နဲ့ ရင်တခုန်ခုန်ဖြစ်​နေရပါတယ်။
လူဆိုးကိုကိုဟာ အခုအချိန်ထိ ဖုန်းပိတ်ထားဆဲမို့၊ကျ​​နော် လိုက်လာတာကို​တော့ သိနိုင်မည်မဟုတ်။
•••••••••

Sixteen(Remade version)(Completed)Donde viven las historias. Descúbrelo ahora