"ကောင်း မင်းအတန်းပြီးရင် ဘယ်သွားမှာလဲ"
"အင်း...ဒီနေ့ သင်တန်းလည်းမရှိတော့ လှည်းတန်းစင်တာဝင်ပြီး မုန့်စား၊ဟိုဟိုဒီဒီကြည့်ပြီး အိမ်ပြန်ရုံပေါ့၊ ဘာလို့လဲ မင်းလိုက်မလို့လား လိုက်ခဲ့လေ"
"တော်စမ်းပါ...မင်းတို့အတွဲတစ်တီတူးတာကို ငါက ထိုင်ကြည့်ဖို့တော့ လိုက်မနေဘူး
ဒီတိုင်း ဘယ်သွားစရာရှိလဲ မေးတာ"မဲ့ကာရွဲ့ကာဆိုလာတဲ့ နွေဦးကြောင့် အပ်ထားတဲ့ ဘာသာပြန်အလုပ်အတွက် စာပြန်စစ်နေရင်း ရယ်မိတယ်။အတန်းချိန်အားနေတုန်း ကန်တင်းမ်လည်း မသွားဖြစ်၊ဘယ်မှလည်း ခြေဦးမလှည့်ဖြစ်နဲ့ စာသင်ခန်းထဲတင် သောင်တင်နေကြတဲ့ နှစ်ယောက်ပါ။
ဒုတိယနှစ်ဝက်ပြန်ဖွင့်တဲ့အထိ စောနွေဦးတစ်ယောက်ကတော့ ဆရာလင်းထင်ရဲ့ ပြန်ချစ်ခြင်းကို မခံရသေးပါဘူး။ကျောင်းပိတ်ရက်မှာ သူ့ဒယ်ဒီနဲ့အတူ ဘန်ကောက်လိုက်သွားရသေးတာမို့ ဆရာနဲ့သူကြား မနီးတဲ့အခြေအနေက အနည်းငယ်တောင် ပိုဝေးသွားသေး။
ဆရာကလွဲရင် အားလုံးကို ရနိုင်တဲ့ စောနွေဦးကလည်း လာသမျှကို လျစ်လျူရှုပြီး ဆရာမှဆရာပါပဲ။ကျနော်တို့သူငယ်ချင်းနှစ်ယောက်လည်း တော်တော်အချစ်ကြီးတဲ့ အမျိုးအစားထဲမှာ ပါတယ်ထင်ပါရဲ့။"နွေဦး...မင်းလည်း ခြေအရမ်းငြိမ်နေတယ်နော်၊ဆရာ့ကိုလည်း ဌာနမှာတောင် မတွေ့မိသလိုပဲ"
"ဌာနမှူးနဲ့အတူ MUFLကို လိုက်သွားတယ်၊သူတို့ စာတမ်းကိစ္စတွေပဲ၊ငါ ဘာလို့ငြိမ်နေလဲဆို သူမှမရှိတာ ကျောင်းထဲပတ်ပြီး ဘာလုပ်နေရမလဲ"
"သြော် ဟော...ဒါကြောင့် ကြက်ကြီးလည်လိမ်ထားတဲ့ရုပ် ဖြစ်နေတာပေါ့၊လွမ်းနာကျနေတာပဲ ငါ့သူငယ်ချင်းက"
"ခွေးကောင်....ပြောင်နိုင်တုန်းပြောင်ထားဦးပေါ့ကွာ၊ငါနဲ့ငါ့ဘေဘီနဲ့ တွဲပြမှ မင်းရော၊ညီသုတရော အားကျလို့ ထိုင်ငိုသွားရမယ် ဟွန်း"
မစားရဝခမန်းပြောနေတဲ့ နွေဦး၊ဆရာလင်းထင်နဲ့ ပက်သက်ပြီး သူ့ယုံကြည်မှုကတော့ ဘယ်တော့မှ လျော့သွားတယ်လို့မရှိ
ဒါကြောင့်လည်း ဆရာလင်းထင်လို ရေခဲတုံးနားမှာ သူကပ်နေနိုင်တာပေါ့
တော်ရုံယုံကြည်မှုမရှိရင် ဟေဇယ်ရောင်မျက်ဝန်းတွေနဲ့ အေးစက်စက်ကြည့်တဲ့ ဆရာ့အကြည့်နဲ့တင် စိတ်ဓါတ်ကျပြီး ပြန်ပြေးလောက်တယ်။
![](https://img.wattpad.com/cover/297909190-288-k875213.jpg)
YOU ARE READING
Sixteen(Remade version)(Completed)
RomanceStart date:17Jan,2022 End date :24March,2022