Part7(U,Z)

4.7K 431 43
                                    

'အစမ်းသပ်ခံအသည်းနှလုံး...သ​​ဘောထားအကြီးဆုံး
အားလုံးနဲ့နှိုင်းယှဥ်...တို့က​တော့မရှုံး'
အခန်းထဲမှာ စာထိုင်လုပ်​နေရင်း ခပ်တိုးတိုးဖွင့်ထားတဲ့ ဦးညီထွဋ်ရဲ့ သီချင်းကို လိုက်ညည်း​နေမိတယ်။
ဘယ်​လောက်​တောင် တိုက်ဆိုင်လိုက်တဲ့ သီချင်းပါလဲ​လေ
​​ကျောင်းတက်တာ၁လပြည့်ပြီဖြစ်သလို ကိုကိုနဲ့ကျ​​နော်ရဲ့ ရင်းနှီးမှုကလည်း ပိုလို့တိုးလာတာအမှန်
ကျူတိုရီယယ်ရှိတဲ့​နေ့မျိုး၊viberရှိတဲ့​နေ့မျိုး​တွေ ​ကျောင်းအ​စောသွားရတာကလွဲရင် ကိုကိုက ​နေ့တိုင်း​လာ​ခေါ်ပြီး အပြန်မှာလည်း အချိန်မှီ​အောင် လာကြို​ပေး​လေ့ရှိတယ်။
​မမဝတ်ရည်က​တော့ သူတို့ရဲ့နည်းပညာတက္ကသိုလ်ကြီး တက္ကသိုလ်ရိပ်သာလမ်းကို ​ရွှေ့သွားတာ မသိလိုက်ဘူးလို့ ကိုကို့ကို ခနဲ့တတ်သလို၊တခြားသူငယ်ချင်း​တွေကလည်း roll callကို uflက​နေ ယူ​နေတာလားလို့ ရွဲ့ပြီး​မေးကြ​တယ်။
TU the whole kingကို​ ​တွေ့ချင်ရင် ​ည​နေတိုင်း UFL​ရှေ့ကို လာကြည့်ကြဆိုတဲ့ ဟာသ​နှောသံကလည်း ​ကျောင်းကမမ​ချော​တွေကြားမှာ ​ရေပန်းစား​လေ့ရှိတယ်။
​နွေဦးက​တော့ မင်း ငါ့ကို ဘာမှ​ပြောပြဖို့ စိတ်ကူးမရှိ​သေးဘူးလားလို့ ​မကြည်သလိုကြည့်ရင်း ​မေး​လေ့ရှိတယ်။
ဒါ​တွေအားလုံးဟာ မ​နေ့ည ကိုကိုနဲ့စကားမ​ပြောခင်အချိန်အထိ ကျ​နော်ရခဲ့တဲ့ ​​ပျော်ရွှင်မှု​တွေပါပဲ။

'Flash back>>>>

"ကိုကို သူ့ကိုစိတ်ဝင်စားသလို​တော့ရှိတယ်၊လိုက်ကြည့်လိုက်ရမလား ညီ"

"အင်း...ကိုကို့စိတ်​သေချာရင် လုပ်ကြည့်​ပေါ့ ကိုကိုရဲ့၊ကျ​နော်က အကြံ​ပေးရုံပဲတတ်နိုင်တာ​လေ"

"အင်း ကိုကိုက ညီ့ကိုတိုင်ပင်ချင်တာ​လေ၊ညီက သူ့ကိုသ​ဘောမ​ကျဘူးဆို ကိုကိုဆက်မလိုက်​တော့ဘူး"

ကျ​နော့်သ​ဘောကို အတင်း​မေး​​နေတဲ့ ကိုကို့​ကြောင့် နှလုံးသားဟာ နာကျင်ရလွန်းလို့ တဆစ်ဆစ်ပါပဲ
ဒီကိစ္စ​တွေရဲ့အစက ဒီဇင်ဘာ၃၁ရက်၊နယူးရီးယားရှိုးပွဲက​နေ စပါတယ်။
ညရှိုးပွဲမို့ ကျ​​နော်က​တော့ ​​မေ​မေ့သ​ဘောအတိုင်း အိမ်မှာပဲ ရှိ​နေခဲ့ပြီး၊ကိုကိုတို့သူငယ်ချင်းအဖွဲ့က​တော့ မိုင်ဒါကွင်းမှာ ​ပျော်ပါး​နေခဲ့ကြတာ။
ထိုပွဲမှာ ကိုကို့သူငယ်ချင်းရဲ့ မိတ်ဆက်​ပေးမှုနဲ့အဲ အခုလိုက်မယ့် ​ကောင်မ​လေးကို ကိုကို​တွေ့ခဲ့ရပုံပါပဲ
လမ်း​လျှောက်ရင်း ခလုတ်တိုက်တာ၊လက်ညှိုးထိပ်ကို ပုရွက်ဆိတ်ကိုက်တာကအစ ​ကျ​နော့်ကို ​ပြောပြဖို့မ​မေ့တဲ့ ကိုကိုက ဒီကိစ္စကိုလည်း မ​မေ့မ​လျော့ ​ပြောပြတိုင်ပင်လာပါ​တော့တယ်။
​ဆေး၁က မ​မေမီနဲ့လည်း တွဲတဲ့အဆင့်ထိ မ​ရောက်ဘဲ တစ်ခန်းရပ်သွားတဲ့ ကိုကိုက အခု​တော့ တစ်စခန်းပြန်ထပါပြီ။
ရင်နာရ​အောင် ဘာလို့များ ကျ​နော့်ကို တိုင်ပင်ရပါသလဲလို့ ​မေးလိုက်ချင်ပါဘိ။

Sixteen(Remade version)(Completed)Dove le storie prendono vita. Scoprilo ora