Part3(U,Z)

6K 511 19
                                    

ရက်​​တွေဟာ အ​ကြောင်းအမျိုးမျိုးနဲ့ အချိန်ကုန်ခဲ့တာ ၁လဆိုတဲ့အချိန်​လေးဟာ ဘာမှမဟုတ်သလိုပါပဲ။
ဒီ၁လအတွင်း ဘာ​တွေ​ပြောင်းလဲလာလဲဆို ကျ​နော်နဲ့အစ်ကို့ကြား ဆက်ဆံ​ရေးက ပိုပြီးရင်းနှီးလာတယ်။ညတိုင်းလိုလို စာ​တွေပို့ရင်း စကား​ပြောဖြစ်ကြတယ်၊တစ်ခါတစ်​လေ ပျင်းတယ်ဆိုပြီး အစ်ကိုက ကွန်ဒိုထိ ​ရောက်လာ​လေ့ရှိတယ်။
​​အစ်ကို့ရဲ့ မိသားစုအ​ခြေအ​နေကို သိပြီး​နောက် ​​​ကျ​နော်နဲ့​မေ​မေက အစ်ကို့အ​ပေါ်ကို ပို​ပြီးနွေး​ထွေးစွာ ဆက်ဆံ​ပေးဖြစ်ကြတယ်။
အ​နေ​အေးပြီး ဘာသိဘာသာ​နေတဲ့ ​ဖေ​ဖေ​တောင် ခင်မင်လာတဲ့အထိလည်း ကိုကိုက အကြည်ဓါတ်အပြည့်နဲ့ ချစ်​မွှေးပါတဲ့ လူတစ်​ယောက်ပါ။

ဒီ၁လအတွင်းမှာ ကျ​နော့်ကိုကျ​နော် ဆန်းစစ်မိပြီး မယုံနိုင်စွာပဲ သိရှိလာတာ တစ်ခုရှိပါတယ်။
အဲ့ဒါက​တော့ ကျ​နော့်ရဲ့ စိတ်ခံစားချက်​တွေဟာ အစ်ကို့အ​ပေါ်မှာ သာမန်ထက်ပို​နေတယ်ဆိုတာပါပဲ။မဖြစ်သင့်မှန်း သိလျက်နဲ့​တောင် ကျ​နော့်ရဲ့ အစ်ကို့အ​ပေါ် ထားရှိတဲ့ စိတ်​​တွေကို ပြန်မရုတ်သိမ်းနိုင်ခဲ့ပါဘူး။
အစ်ကိုပို့မယ့် စာတို​တွေကို ​မျှော်တတ်လာတယ်။ပို့ချိန်​ရောက်လို့ စာမလာတဲ့အခါဆို တစ်​ယောက်ထဲ မျက်စိမျက်နှာပျက်ပြီး အ​တွေး​တွေနဲ့ ​သောက​ဝေ​နေရ​သေးတယ်။
အ​ပျော်ရည်းစားထား​လေ့ရှိတဲ့ အစ်ကိုက ညဖက် စကား​ပြောတိုင်း၊စာပို့တိုင်း ကျ​နော်နားမ​ထောင်ချင်တဲ့ ထိုအ​ကြောင်း​တွေကို ​ပြောပြတတ်ပါ​သေးတယ်။
​​​ကျ​နော် ​မျှော်လင့်မိပါတယ်...​ကျောင်းဖွင့်ရင်​တော့ ​နေရာသစ်၊ပတ်ဝန်းကျင်အသစ်မှာ ကျ​နော့် စိတ်အာရုံ​တွေကို အစ်ကို့ဆီက​နေ ဆုတ်ခွာနိုင်မလားလို့​ပေါ့။

>>>ph ringtone>>>
'I'm only one call away
I'll be there to save the day
Superman got nothing on me
I'm only one call away'

စားပွဲမှာ ငိုင်​နေရင်း ​ပေါ်ထွက်လာတဲ့ သီးသန့်ဖုန်းမြည်သံ​ကြောင့် ဘယ်သူဆိုတာ အထူးတလည်စဥ်းစားစရာမလို

"ဟဲလို ကိုညီ"

"ကိုကိုလို့​ခေါ်ပါဆို"

ရယ်သံ​နှောရင်းထွက်လာတဲ့ တစ်ဖက်ကအသံ
ဒီရက်ပိုင်း ခဏခဏ​ကြားရတဲ့စကားက ကိုကိုလို့​ခေါ်ပါဆိုတဲ့ အသံပါပဲ
စိတ်ထဲက အကြိမ်ကြိမ်​ခေါ်မိတဲ့ ထိုနာမ်စားကို အပြင်မှာ​တော့ မ​ခေါ်ဖြစ်၊ကိုယ့်စိတ်ကိုယ် ကိုယ်သာအသိဆုံးမို့ ဒီ့ထက်ပိုပြီး ​​နီးစပ်ဖို့ မကြိုးစားချင်တာလည်း ပါတာ​ပေါ့။

Sixteen(Remade version)(Completed)Onde histórias criam vida. Descubra agora