>>>Time skip>>>>>
ကိုကို့ရဲ့ စီစဥ်မှုတွေနဲ့ showပွဲမစခင် ၃ရက်လောက်အလိုတည်းက ကျနော်တို့ ဂျပန်ရောက်ခဲ့ကြတယ်။ဟိုရောက်တော့ ကိုကို့သူငယ်ချင်း အစ်မတို့စုံတွဲက လာကြိုပြီး ကျနော်တို့တည်းရမယ့် ဟိုတယ်ကို လိုက်ပို့တယ်။
သူတို့နဲ့အတူ ညစာစားရင်း မိတ်ဆက်စကားတွေပြောမှ ကိုကိုနဲ့သူနဲ့က မူကြိုတည်းက သူငယ်ချင်းတွေဖြစ်ကြောင်း၊အလယ်တန်းမှာ မိသားစုလိုက် ဂျပန်ရောက်ကြောင်းတွေ၊ကျောင်းမှာ အကိုစွံကြောင်းတွေ၊ကျနော့်ကို မြင်တော့ ကိုကိုမပြောနဲ့ သူတောင်လိုချင်မိကြောင်း ပြောလို့ ကိုကို့ရဲ့ နင်နော်အော်သံတွေရယ်၊ကျနော်တို့ရဲ့ ရယ်သံတွေရယ်နဲ့ ပြည့်နေတော့ပါတယ်။
ဟိုတယ်အခန်းမှာ ပစ္စည်းတွေဝင်ထားကြတော့
ကျနော် မနေနိုင်စွာမေးမိတော့တယ်
"ကိုကို ဂျပန်ကို ခဏခဏ ရောက်ဖူးတာလား၊ကိုကို့ကြည့်ရတာ ဒီနေရာတွေနဲ့ မစိမ်းနေသလိုပဲ""အင်း ငယ်ငယ်က ၂ခေါက်လောက်ပဲရောက်ဖူးတာ..ဂျာမနီက ကိုကို့ဦးလေးလာရင် သူကငြိမ်ငြိမ်မနေဘူးလေ၊ကိုကို့ကိုခေါ်ပြီး ပတ်သွားတော့တာပဲ..ကိုယ့်အတွက် အဖေလိုမျိုးပဲ သူက"
"ကိုကို့မှာ ညီမသိသေးတဲ့ အကြောင်းတွေ အရမ်းများတယ်နော်၊တစ်ခါတစ်လေ ကိုကိုက လျှို့ဝက်ချက်တွေနဲ့ ပြည့်နေသလို ခံစားရတယ်"
"မဟုတ်တာ ညီရယ်၊ ကိုကိုက အကြောင်းမတိုက်ဆိုင်လို့ မပြောပြတာပါ၊အထူးတလည် ပြောပြနေရမယ့် ကိစ္စတွေမဟုတ်လို့လေ..အခုလို တိုက်ဆိုက်လာတော့ ညီမေးတဲ့အခါ ကိုကို ပြောပြတာပဲ မဟုတ်လား ရစ်စိန်လေးရဲ့"
သိပ်မကျေနပ်ပေမယ့် ဒီအခိုက်အတံ့လေးတွေကို မပျက်စီးစေချင်လို့ ကျနော် ခေါင်းပဲညိတ်ပြမိတယ်
"ကဲ ကိုယ်တော်လေး အတွေးတွေတအားမများနဲ့
အရမ်းလှတဲ့နေရာကို လိုက်ပို့ပေးမယ်၊မုန့်သွားစားမယ်၊ပြင်စရာရှိတော့ ပြင်တော့..နော်"

YOU ARE READING
Sixteen(Remade version)(Completed)
RomanceStart date:17Jan,2022 End date :24March,2022