"ညီ ကိုကိုတို့ ဒီမှာပဲနေကြမယ်နော်"
နှင်းတွေအထပ်ထပ်ဖုံးလွှမ်းနေတဲ့ နှင်းလွင်ပြင်မှာ ရှိနေတဲ့ သစ်သားအိမ်လေးကို လက်ညှိုးညွှန်ပြရင်း ကိုကိုကပြောတော့ သဘောတကျ ခေါင်းညိတ်ပြမိလိုက်တယ်ထင်၊ကျနော်နဲ့အတူရှိတိုင်း ပြုံးကြည်နေတဲ့ မျက်နှာချောချောက ပါးချိုင့်ရာတစ်ဖက်ထင်းနေအောင်ပါ ပြုံးပြလာတယ်။
"ကိုကိုသာရှိရင် ညီက ဘယ်မှာပဲဖြစ်ဖြစ်နေမှာပဲလေ ကိုကိုရဲ့
ညီ့အတွက် ဘယ်နေရာ၊ဘယ်ဒေသဆိုတာက အဓိကမကျဘူး၊ကိုကို ရှိခြင်းမရှိခြင်းကပဲ အဓိကကျတာ"ကျနော့်အဖြေကို သဘောတကျရယ်နေတဲ့ ကိုကိုကို့ကြည့်ရင်း အေးသောအရပ်မှာ နွေးနေမိတယ်။
ကျနော့်အတွက် ကိုကို့ဖြစ်တည်မှုက ဒီလိုထင်ပါရဲ့....အကြင်သူဟာ ပူသောအရပ်မှာ အေး၍၊အေးသောအရပ်မှာ နွေးစေတယ် ဆိုတာမျိုးပေါ့။
ဒီလိုနဲ့ ပတ်ဝန်းကျင်တစ်ခုလုံးက ရုတ်တရက်မှောင်မိုက်သွားတယ်
တဝုန်းဝုန်းမြည်သံတွေနဲ့အတူ နှင်းလုံးတွေ လိမ့်ဆင်းလာတယ်။ပြီးတော့ ကိုကိုက ကျနော်နဲ့ အဝေးကို တဖြည်းဖြည်းချင်း လှမ်းသွားနေလေတယ်။
ကျနော် အော်နေမိတယ်...ကြောက်ရွံ့စွာ၊ထိတ်လန့်စွာနဲ့ လည်ပင်းကွဲမတတ် အော်နေမိတယ်"ကိုကို...ဘယ်သွားမှာလဲ...ကျနော့်ကိုထားပြီး ဘယ်သွားမှာလဲ...ကိုကို ညီ,မေးနေတာကြားလားလို့...ကျနော့်ကို တစ်ယောက်ထဲထားပြီး ဘယ်သွားမှာလဲလို့"
ဖြေသံရယ်မကြားရ....ကိုကို့မျက်ဝန်းမှာ စီးကျနေတဲ့ ခပ်ရဲရဲစီးကြောင်းတွေ
ကိုကိုက သွေးမျက်ရည်တွေ ကျနေတာလား"ကိုကို ကျနော် မေးတာကို ဖြေပါဦးဗျ...ဘာလို့ထွက်သွားတာလဲလို့..
ကျနော့်ကို တစ်ယောက်ထဲ မထားခဲ့ပါနဲ့ ကိုကိုရဲ့"ဒီလိုနဲ့ အရူးလိုအော်နေမိတယ်
အော်ရလွန်းလို့ လည်ချောင်းတစ်ခုလုံး နာကျင်ပြီး အသံအိုးဟာ ကွဲမတတ်
ကိုကိုကတော့ ကျနော့်ကို ကျောခိုင်းလျက်၊သွေးမျက်ရည်ကျနေတဲ့ မျက်ဝန်းတွေနဲ့ သမင်လည်ပြန်ကြည့်လျက် ကျနော်နဲ့ဝေးရာဆီကို ဆက်ကာ၊ဆက်ကာ သွားနေလေတယ်
ရင်ဘတ်အတွင်းပိုင်းကလည်း စူးနစ်နေအောင်နာတယ်၊နှလုံးတစ်ခုလုံးကို ဓါးထက်ထက်နဲ့ထိုးလို့ သွေးစိမ်းရှင်ရှင်ထွက်လာနေတဲ့ နာကျင်မှုမျိုးက ဒီလိုခံစားချက်မျိုးလား
ရာဇဝင်ထဲက ပုံပြင်တွေထဲက ရင်ကွဲနာကျသေတယ်ဆိုတဲ့ ခံစားချက်မျိုးက ဒီလိုမျိုးပဲလား
ဒီလိုနဲ့ပဲ ကျနော်က သေသွားရတော့မှာလား
နောက်ဆုံးအကြိမ်အဖြစ် သေလုမြောပါး ထပ်အော်ရင်ရော ကိုကိုကြားနိုင်မလား၊ပြန်လာနိုင်မလား.......
YOU ARE READING
Sixteen(Remade version)(Completed)
RomanceStart date:17Jan,2022 End date :24March,2022