Part15(U&Z)

4.8K 366 11
                                    

​"ညီ ပြီးရင် သွားကြစို့​၊အပြင်မှာပဲ မနက်စာစားကြမယ်​နော်"

"ပြီးပြီ ကိုကို၊သွားကြမယ်​လေ"

Hoodieအဝါ​ရောင်​​လေးနဲ့ အဖြူ​ရောင်ဂျင်း​ဘောင်းဘီနဲ့​ကောင်​လေးက ကြက်​ပေါက်​လေးနဲ့​တောင် တူ​နေ​သေး
ရှမ်းပြည်ရဲ့ အ​အေးဓါတ်​ကြောင့် ရဲ​​နေတဲ့ပါး​လေး​တွေဟာ တစ်ချိန်လုံး​မွှေးကြူချင်စရာ
အသဲယားလို့ ပါး​လေး​တွေကို ဖျစ်ညှစ်မိ​တော့

"အာ့ ကိုကို နာတယ်ဗျ၊သူ့အသားမဟုတ်တိုင်း"

"အဟွန်း...အသဲယားလို့ပါကွာ၊ပါး​​​လေး​တွေက အိအိ​လေးနဲ့ရဲ​နေ​ရော​လေ"

နာသွားတဲ့ပါး​တွေကို ပွတ်ရင်း လူကိုမ​​ကျေမနပ်ကြည့်​နေပုံက ​ရန်လို​နေတဲ့​ခွေး​​ပေါက်​လေးလိုပါပဲ
ဒီ​ကောင်​လေးဟာ ကျ​နော့်​ကောင်​​လေးဖြစ်​နေပြီလို့များ ​တွေးလိုက်မိရင် ကြည်နှူးစိတ်တို့ဟာ အ​တောမသတ်နိုင်​တော့။တကယ်ကို ကျ​နော့်ရဲ့ အသက်ဆက်ကြိုး​လေးပဲ ဖြစ်ဟန်တူပါတယ်။

"အဲ့တိုင်းကြီးကြည့်​နေ​တော့မှာလား...မသွား​တော့ဘူးလား"

"အဟွန်း...သွားမှာပါဗျာ၊သွားမှာ..လာ သွားစို့"

ရန်​ထောင်​နေတဲ့​ကောင်​လေးရဲ့ လက်​နုနုအိအိ​လေးကို ဆုပ်ကိုင်လို့ဆွဲ​ခေါ်​တော့ အသာတကြည်လိုက်လာတယ်။
ညီ့လက်ကို ဆုပ်ကိုင်ချိန်တိုင်း ​ပြောမပြတတ်​အောင် ​​ပျော်ရွှင်ရင်ခုန်တဲ့ ခံစားချက်ကိုရမှန်း ​ကျောင်း​မွေး​နေ့ပွဲမှာကတည်းက ကျ​နော်သိလိုက်မိပါတယ်။

"​​ဟော...လူ​လေးတို့ သွားကြ​တော့မလို့လား"

"ဟုတ် ကြီး​မေ၊ည​နေမှ ပြန်လာ​တော့မယ်​နော်
သားတို့ကို မ​မျှော်​​​နေနဲ့ဦး​နော်"

"​အေးပါ​တော် ​အေးပါ"

ကြီး​မေကိုနှုတ်ဆက်ပြီး အပြင်ထွက်လာ​တော့ အဖြူနဲ့အနီ​​​ရောစပ်ထားတဲ့ ducatiအမျိုးအစား ဆိုင်ကယ်ကြီးက စီးကြို​နေ​လေတယ်။

​ကျ​နော့်ကိုဦးထုပ်​ဆောင်း​ပေးပြီး​နောက် ​ခြေတံရှည်ကြီး​တွေနဲ့ ဆိုင်ကယ်​ပေါ်ခွတက်လိုက်တဲ့ ကိုကို့ပုံဟာ တကယ်ကိုရူး​လောက်​အောင် မိမိုက်​နေတယ်
အနက်​ရောင်သား​ရေလက်အိတ်၊အနက်​ရောင်သား​ရေဂျာကင်အင်္ကျီနဲ့ ဦးထုပ်အနက်​ရောင်ကို ​ဆောင်း​နေတဲ့ ကိုကို့ပုံဟာ ​ဟန်ပြ​မော်ဒယ်တစ်​ယောက်နဲ့​တောင်တူပါတယ်
(A/N:ကိုကိုဆိုင်ကယ်စီးတဲ့ပုံစံကို မြင်​ယောင်ချင်ရင် Yiboပုံကိုသာ မြင်​ကြည့်လိုက်ပါ)

Sixteen(Remade version)(Completed)Onde histórias criam vida. Descubra agora