ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
တစ်နည်းအားဖြင့် အပြိုပြိုအလဲလဲ ထွက်ပြေးခဲ့ရတဲ့ နေရာ၊ပြန်လည်ခြေချဖို့ မဝံ့ရဲမှု၊စိုးထိတ်မှုများစွာနဲ့ ရှိနေခဲ့ရတဲ့ နေရာ
ထွက်သွားချိန်မှာလည်း လူမသိသူမသိ အားလုံးနဲ့ အဆက်အသွယ်ဖြတ်၊နှုတ်ဆက်ခွင့်မရှိဘဲ တစ်ယောက်ထဲ ကျောခိုင်းထွက်ခွာခဲ့ရသလို၊ပြန်ရောက်လာတဲ့အခါမှာလည်း ဖက်လှဲတကင်း ကြိုဆိုသူမဲ့စွာနဲ့ အိမ်ကလာကြိုတဲ့ကားပေါ်တက်ရင်း တိတ်ဆိတ်စွာ လိုက်ပါလာရတယ်။၇နှစ်အတွင်း ပြောင်းလဲသွားတဲ့ မြင်ကွင်းတွေကို အဓိပ္ပါယ်မဲ့စွာ ငေးနေရင်း၊တစ်ယောက်တည်းသော အသက်ရှင်ရာလေးရော ဘာတွေပြောင်းလဲသွားပြီလဲလို့ တွေးမိတော့ အပြုံးပန်းတွေနဲ့ လွမ်းမျက်ရည်တွေပါ မခေါ်ဘဲ အလည်ရောက်လာတယ်။
စာတော်တဲ့ကောင်လေးက တခြားအရာတွေမှာလည်း ထူးချွန်တာပဲ။ကျောင်းရဲ့ ကြက်တောင်ပွဲတိုင်းမှာ ဆုရတဲ့ကောင်လေး၊ကျောင်းရဲ့ဂီတသင်တန်းမှာလည်း သေချာဂရုတစိုက်လေ့လာတဲ့ ကောင်လေး၊သူချစ်တဲ့ အဆိုတော်တွေနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ရေပက်မဝင်အောင် ပြောပြတတ်တဲ့ကောင်လေး၊ဝါသနာပါတဲ့ အလုပ်တွေ လုပ်ရင်း ထမင်းမေ့ဟင်းမေ့ ဖြစ်နေတတ်လို့ အမြဲဂရုတစိုက်နဲ့ကျွေးရတဲ့ကောင်လေး
ကျနော့်ကို သိပ်ချစ်ပေးတတ်ပြီး၊ကျနော်က သိပ်ချစ်ရတဲ့ကောင်လေး
ထိုကောင်လေးရဲ့ ပြောင်းလဲမှုတွေကိုလည်း ရင်ခုန်စွာနဲ့ သိချင်မိပါသေးတယ်။ဘာမှမပြောင်းလဲတဲ့ အခန်းထဲကို ခြေချမိတော့ အရင်ဆုံးသတိတရကြည့်မိတာက ပြောင်ရှင်းနေတဲ့ စာကြည့်စားပွဲ
ဒီပေါ်မှာတင်ခဲ့တဲ့ စာနဲ့stickကို ဘယ်သူယူသွားသလဲ သိချင်လာတယ်
ဦးငယ်ပြောပြလို့ အကြောင်းအရာတစ်ချို့ကို သိသွားတဲ့ မာမီက ရန်ကုန်ကအကြောင်းတွေနဲ့ ပတ်သက်လို့ ဘာတစ်ခွန်းမှ ပြောပြတာမျိုးမရှိ၊ကိုယ့်စိတ်နဲ့ကိုယ် ပြန်သေနေတဲ့ ကျနော်ကလည်း ရန်ကုန်ဆိုတဲ့အသံတောင် မကြားနိုင်တဲ့အထိ အခြေအနေဆိုးခဲ့တာမို့ ကျနော်မရှိတဲ့နောက် ဘာတွေဖြစ်ပျက်သွားလည်း မသိတော့။
KAMU SEDANG MEMBACA
Sixteen(Remade version)(Completed)
RomansaStart date:17Jan,2022 End date :24March,2022