Part5(U,Z)

5.4K 467 41
                                    

နာမည်ကြီးပုဂ္ဂလိက​ဆေးရုံကြီးရဲ့ VIPခန်းထဲမှာ အသံ​တွေဆူညံလို့ ကျွက်ကျွက်ညံကာရှိ​နေတယ်။
တခြား​တော့မဟုတ်၊​နေမ​ကောင်းတဲ့ ညီသုတကို သတင်းလာ​မေးကြတဲ့ သူငယ်ချင်းအဖွဲ့ရဲ့ အသံ​တွေပါပဲ။
တစ်​ယောက်တစ်​ပေါက်​တွေ ​ပြောချင်ရာ​ပြောပြီး  ဝက်ဝက်ကွဲ​သောင်းကျန်း​နေတဲ့အဖွဲ့ကို ကြည့်ပြီး မျက်​​မှောင်ကြုံ့ထားရလွန်းလို့ အ​ကြောကပ်သွားမှာ​တောင် စိတ်ပူ​နေရပြီ။ကျ​နော့်ဖုန်းကို ဆက်မရလို့ အိမ်ဖုန်းကိုဆက်ရင်း အ​ကြောင်းစုံသိသွားတဲ့ ဒီအုပ်စုက ​ဆေးရုံထိ ​​ရောက်လာကြတာ။ညီ,​ရော ကျ​နော်ဒီလိုဖြစ်တာ သိသွားပြီလား၊ဒီကိုမလာဘူးလားဆိုတဲ့ သိချင်​နေတဲ့​မေးခွန်းအတွက် ဝတ်ရည်ကိုလိုအပ်​နေ​ပေမယ့် ထိုသူငယ်ချင်းမရဲ့ သင်္ကာမကင်းအကြည့်​တွေကို မလိုချင်။

"သားငယ် ​​​နေရတာအဆင်မ​ပြေဘူးလား၊မျက်နှာလည်းမ​ကောင်းပါလား"

လက်ပံပင်ဆက်ရက်ကျ​နေတဲ့အဖွဲ့​ကိုကြည့်ရင်း ရယ်​နေတဲ့မာမီက ကျ​နော့်အ​ခြေအ​နေကို သတိထားမိပုံနဲ့ ​မေးလာတယ်
ညက ကျ​နော့်ရဲ့အသည်းအသန်အ​ခြေအ​​နေကို မြင်ပြီးတဲ့​နောက် ​မာမီဟာ ကျ​နော့်အ​ခြေအ​နေ၊အရိပ်အကဲကိုပဲ ကြည့်​နေ​တော့တာ။​ကျ​နော်ကိုယ်တိုင်​တောင် သတိမပြုမိလိုက်တဲ့ အ​ခြေအ​နေမို့ မာမီသာ​ရောက်မလာခဲ့ရင် ဘာ​တွေဖြစ်ကုန်မလဲဆိုတာလည်း ​တွေးကြည့်ချင်စရာ​တောင်မရှိ။

"ဘာမှမဖြစ်ပါဘူး မာမီ၊​ဆေးရုံမှာ ​ပျော်မြူး​နေတဲ့ အရူး​တွေကို ကြည့်မရလို့ပါ"

"​​သြော် သားရယ်..က​လေးကျ​နေတာပဲ ဟင်းဟင်း"

"ထားလိုက် အန်တီ၊ဒီ​ကောင် ကျ​နော်တို့လို မကြွနိုင်လို့ မနာလိုဖြစ်​နေတာ
​ရေချိုးရင်း​တောင် အိပ်​ပျော်ရတယ်လို့၊မင်းကိုလည်း ငါတို့အံ့သြတယ် ငညီ​ရေး"

အဖွဲ့ထဲမှာ အပွားနိုင်ဆုံးဖြစ်တဲ့ မြတ်မင်းက ​ပြော​တော့ ကျန်တဲ့​ကောင်တွေကပါ ​ထောက်ခံ​ကြောင်း ​ခေါင်းတညိတ်ညိတ်၊လက်မ​တ​ထောင်​ထောင် လုပ်​နေကြတယ်
ကိုယ့်ဝမ်းနာကိုယ်သာသိမို့ ငနာ​ကောင်​တွေကို စိတ်ထဲက​နေပဲ ကျိန်ဆဲလိုက်မိတယ်။
ကျ​နော့်ကို ​​သေချာကြည့်​နေတဲ့ ဝတ်ရည်က​တော့ တစ်ခုခုကို ​ပြောချင်​နေတဲ့ပုံပါပဲ။

Sixteen(Remade version)(Completed)Dove le storie prendono vita. Scoprilo ora