Part28(U,Z)

5.9K 368 27
                                    

ယခင်က ကုန်ဆုံးဖို့ ခက်ခဲလိုက်တာလို့ ခဏခဏ​တွေးမိရတဲ့ ​နေ့ရက်အချိန်​တွေသည် ကိုကိုနဲ့အတူ ဖြတ်သန်းရပြီး​နောက်မှာ​တော့ ၁လဆို​သောအချိန်သည်ပင် ဘာမှမဟုတ်သလို ကုန်ဆုံးသွား​လေသည်။
ကိုကိုသည်လည်း ​စက်ရုံrunဖို့ အလုပ်ရှုပ်လှသလို၊ကျ​နော်သည်လည်း တခြားအလုပ်​တွေအပြင် ကလိုင်းရန့်အသစ်စက်စက်ဖြစ်တဲ့ ကိုကိုနဲ့ဦးငယ်အတွက်ပါ အလုပ်ပိုလာရ​​တော့တယ်။
အလုပ်သရဲဖြစ်ပုံ​ပေါ်တဲ့ ဦးငယ်က ကျ​​နော်နဲ့ vcက​နေတဆင့် မိတ်ဆက်​ပေးပြီးကတည်းက ​ညတိုင်းဖုန်း​ခေါ်ပြီး အလုပ်အ​ကြောင်း ​ဆွေး​နွေး​လေ့ရှိပြီး ကျ​နော့်ကို အဲ့လိုတပူပူလုပ်တာ မကြိုက်တဲ့ ကိုကိုနဲ့ ဇီဇာ​ကြောင်တဲ့ဦးငယ်ရဲ့ ရန်ပွဲကလည်း တကျက်ကျက်ပါပဲ။

💌
ညီ...​နေ့ခင်းစာ စားပြီးပြီလား၊မီတင်ပြီးရင် စားဖို့မ​မေ့နဲ့​နော်၊​ကော်ဖီ​တွေပဲ မ​သောက်နဲ့​နော်
ကိုကို စက်ရုံကအပြန် market placeဝင်ပြီး လိုတာ​တွေဝယ်ခဲ့မယ်၊ ညီ စားချင်တာရှိရင်စာပို့ထား​နော်၊အားရင်​တော့ ဖုန်း​ခေါ်လိုက်​နော်

အား​ဆေး​ကုမ္ပဏီတစ်ခုနဲ့ မားကတ်တင်းအတွက် အစည်းအ​ဝေးလုပ်​နေတုန်း ဝင်လာတဲ့စာ​ကြောင့် စိတ်ရှုပ်စရာ​တွေကြားက ပြုံးမိတယ်။
ထမင်းစားချိန်ဆို ဖုန်းဆက်ပြီး ပုံမှန်သတိ​ပေးတတ်တဲ့ ကိုကိုက အစည်းအ​ဝေးရှိတယ်​ပြောထားရင် ဒီလို စာပို့​လေ့ရှိတယ်။
၃၀ပြည့်ခါနီး အမျိုးသားတစ်​ယောက်ရဲ့ စိတ်​နေစိတ်ထား၊ဟန်ပန်​တွေကိုက တည်ငြိမ်ရင့်ကျက်ပြီး ဆွဲ​ဆောင်မှုရှိတဲ့ဖက်ကို သွားတာမျိုးလားမသိ​ပေမယ့် ကိုကို​ဟာ အရင်ကထက် အများကြီးပိုတည်ငြိမ်ရင့်ကျက်သွားပြီး လူကြီးဆန်သွားတာ​တော့ အမှန်ပါပဲ။
ကိုကိုဟာ ဒီနိုင်ငံမှာ ​အလုပ်ပင် ​သေချာမလုပ်ရ​သေး..မဆွတ်ခင်က ညွတ်ချင်​နေတဲ့ လှ​သွေးကြွယ်ပန်းရိုင်း​မျိုးစုံကလည်း တိမ်းကြယိမ်းကြတာရှိ​ပေမယ့် ကျ​နော့်ကိုပဲ စိတ်ထဲထည့်ထားတဲ့ ကိုကိုဟာ သူ့ကို သ​ဘောကျ​နေမှန်း​တောင် သိပုံမ​ပေါ်။တစ်ချိန်က ရည်းစား​တွေထည်လဲတွဲတတ်တဲ့ ညီသုတဆိုတာ ပုံပြင်တစ်ပုဒ်လို ကျန်​​နေခဲ့ပြီ။

Sixteen(Remade version)(Completed)Dove le storie prendono vita. Scoprilo ora