နှစ်တွေလတွေသည် တရွေ့ရွေ့နဲ့ ကုန်ဆုံးလာသည်မှာ ၇နှစ်ဆိုသော အချိန်ကို ကျော်လွန်လာခဲ့ပြီ ဖြစ်သည်။
ဒီ၇နှစ်ကျော်ကာလမှာ လူကတော့ ဘာလင်မှာပဲ ရှိနေပြီး စိတ်ကတော့ ညီရှိရာ ရန်ကုန်မှာပဲ တဝဲလည်လည်နဲ့ အရူးလိုနေ့ရက်များကို ခက်ခဲစွာ ဖြတ်သန်းခဲ့ရလေသည်။
နှင်းကျတဲ့ နေ့တွေဆိုလည်း အခန်းပြတင်းတံခါးပေါ်မှာ တင်ကျန်နေတဲ့ နှင်းမှုန်၊နှင်းခဲတွေကို ကြည့်ရင်း ညီ့ကို သတိရမိသလို၊မိုးတွေ သည်းထန်စွာရွာတဲ့ နေ့ရက်တွေမှာဆိုလည်း မိုးစက်တွေကို ငေးရင်း လွမ်းစိတ်ပိုရပြန်သည်။ရောက်ပြီး တစ်နှစ်ကျော်လောက်တုန်းက ကျနော် စိတ်ပြေလက်ပျောက်ဖြစ်အောင်ဆိုပြီး ဦးငယ်က ဥရောပဖက် ခရီးထွက်ဖို့ စီစဥ်ပြီး တူဝရီးနှစ်ယောက် လှိမ့်ခဲ့ကြသေးတယ်။
ဂျာမနီကနေ ပြင်သစ်ကိုရောက်တော့ ညီနဲ့အတူသွားဖို့ ပြောခဲ့တဲ့ နေရာဆိုပြီး စိတ်တွေက ပိုကြေကွဲ၊မြင်သမျှမြင်ကွင်းတိုင်းက ညီ့ပုံရိပ်တွေပဲ ဖြစ်နေပြီး လွမ်းနာကျသွားလို့ ဘယ်ကိုမှ ခရီးမဆက်နိုင်ဘဲ ဦးငယ်အဆဲအဆိုခံပြီး ဘာလင်ကို ပြန်ခဲ့ရတာလည်း မှတ်မှတ်ရရပါပဲ။
နောက်ပြီး အရင်ကဆို ကျနော် ရန်ကုန်မှာရှိတာမို့ ရှမ်းပြည်က အလုပ်ကိစ္စတွေကို ဦးငယ်လှည့်ကြည့်စရာမလိုပေမယ့် အခုတော့ နှစ်ချုပ်စာရင်းကိစ္စတွေအတွက် တစ်နှစ်တစ်ခါ မြန်မာပြည်ပြန်ရတဲ့အလုပ် တိုးလာတာမို့ ဦးငယ်တစ်ယောက် ပွစိပွစိနဲ့ ဆူလို့မပြီးတော့။မြန်မာပြည်ပြန်ရမှာ ကြောက်တဲ့ကျနော်က ဘယ်လိုမှ ပြန်ခိုင်းမရ၊ဒီက အလုပ်တွေပဲ လုပ်ပါ့မယ်ဆိုပြီး ကော်နဲ့ကပ်ထားသလို ကပ်နေတာမို့ နောက်ပိုင်းနှစ်တွေမှာ ဦးငယ်က ဘာမှမပြောတော့။သူ့ဘာသူပဲ မြန်မာပြည်ပြန်တော့တာပဲ။"သုတ ဘာတွေလုပ်နေတာလဲ"
ကွတ်ကီးအတွက် မုန့်နယ်ပြီး ovenထဲထည့်ဖို့ ပြင်နေတုန်း မီးဖိုခန်းထဲဝင်လာတဲ့ ဦးငယ်
ကွတ်ကီးဗန်းကိုမြင်တော့ ရှုံ့မဲ့သွားလေပြီ
ညီ့ကို လွမ်းတိုင်း ညီသိပ်ကြိုက်တဲ့ ကွတ်ကီးတွေလုပ်၊ပြီးရင် ဦးငယ်ကိုပဲ ဒိုင်ခံကျွေးတာမို့ ၇နှစ်လုံး ဆဲရင်းဆိုရင်း စားလာရတဲ့ ဦးငယ်က ကွတ်ကီးမြင်ရင်ကို လန့်တဲ့အဆင့်ရောက်နေပြီ။တစ်ခါကဆို "ညီသုတ မင်းကြောင့် ငါ ကွတ်ကီးထရော်မာရနေပြီ အမျိုးတစ်ခြမ်းယုတ်ရဲ့"ဆိုပြီး သူကြည့်မရတဲ့ ဒယ်ဒီ့ကိုပါ ထိခိုက်ပြီး ဆဲသွားသေးတယ်။
အခုလည်း ရန်ကုန်ကနေ လေယာဥ်အကြာကြီး စီးလာရပြီး ခရီးပန်းလို့ အိပ်နေတဲ့ဦးငယ်၊နိုးနိုးချင်း အမောဆို့စရာ တွေ့တော့မယ်ထင်ပ။စပ်ဖြဲဖြဲမျက်နှာနဲ့ပဲ
ESTÁS LEYENDO
Sixteen(Remade version)(Completed)
RomanceStart date:17Jan,2022 End date :24March,2022