Part26(U,Z)

6.7K 431 51
                                    

အရင်လိုပဲ နှင်း​တောကြီးထဲက သစ်လုံးအိမ်မှာ ကျ​​​နော်ရပ်ရင်း ကိုကို့ကို ​အော်​ခေါ်​​နေမိတယ်
အရင်နဲ့မတူတာက တ​ရွေ့​ရွေ့နဲ့ လှမ်းလာ​နေတဲ့ ကိုကိုက ကျ​နော်နဲ့​ဝေးရာကိုမဟုတ်ဘဲ ကျ​နော့်ဆီ လာ​နေခဲ့တာ
ဖြည်းဖြည်းချင်း ​​လျှောက်လာ​နေတဲ့ ကိုကိုက ကျ​နော်နဲ့ ပိုလို့နီးကပ်လာတယ်။ပြုံးကြည်​နေတဲ့ ကိုကို့မျက်နှာကို ​ငေးရင်း ရင်တခုန်ခုန်နဲ့ ​စောင့်​​နေမိတယ်။ကျ​နော်က ကိုကိုထားခဲ့တဲ့ ​နေရာမှာပဲ အမြဲရှိ​နေခဲ့တာပဲ။​ဒီ​​နေရာကပဲ ရပ်​စောင့်​နေခဲ့တာ။ဒီတစ်ခါ ပြန်ဆုံဖြစ်ကြတဲ့အခါ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကျ​နော် ကိုကို့ကို လက်မလွှတ်​တော့ဘူး။ကိုကိုမ​နေချင်​တောင် ကျ​နော်က ဆွဲထားမှာ။ဒါ ကျ​​နော့်ကို ထားသွားလို့ ကိုကိုခံရမယ့် ပြစ်ဒဏ်ပဲ။

စိတ်ချလက်ချအိပ်​ပျော်​​​နေတဲ့ မျက်နှာနုစင်စင်ကို ​ငေး​နေမိတာ၊မျက်​တောင်တစ်ချက်ခတ်မိတိုင်း မျက်လုံး​ရှေ့က အရိပ်​လေး ​ပျောက်သွားမှာကို စိုးထိတ်​နေမိတာ။ဒီ​ကောင်​လေးက တကယ်ကိုပဲ ကျ​နော်တစ်​ယောက်ထဲကိုပဲ စိတ်ထဲထည့်ပြီး ရှင်သန်​နေခဲ့တာတဲ့​လေ။ဒီ၇နှစ်တာအတွင်းမှာ ဘာ​တွေများ ဘယ်လိုကြုံ​တွေ့ ဖြတ်သန်းခဲ့ရ​လေသလဲ၊ကို​မော်ကြီး ​​ပြောပုံအရ တစ်​​ယောက်ထဲ​နေတယ်ဆို​တာကို သတိရမိ​တော့ သားကို သိပ်ချစ်၊သိပ်အတ္တကြီးတဲ့ အန်တီနွယ်နီ့မျက်နှာကို ​ပြေးမြင်မိတယ်။အန်တီ့ရဲ့ပုံစံဟာ ညီ့ကို ဒီလိုမျိုး ​နေခွင့်​ပေးမယ့်ပုံမျိုးမှ မဟုတ်တာ​လေ...ဒီနှစ်​တွေမှာ ညီတစ်​ယောက် အန်တီနွယ်နီနဲ့​ရော ဘယ်လို​တွေ ရင်ဆိုင်ခဲ့ရ​လေသလဲ။​

​မေးခွန်း​ပေါင်းများစွာနဲ့ပဲ နှစ်​​တွေကြာမြင့်စွာ ​ဝေးကွာ​နေခဲ့ရတဲ့ မျက်နှာ​ချော​ချော​လေးကို ​ငေး​နေမိတယ်။အရင်လို ပြည့်​ဖောင်း​နေတဲ့ ပါး​ရဲရဲ​​လေး​တွေအစား ​သွေး​ကြောမျှင်​လေး​တွေပဲ ရှိတဲ့ ခပ်ပိန်ပိန်ပါး​လေး​တွေက အစားထိုးလာ​နေပြီ။
ခပ်ပြည့်ပြည့် ခန္ဓာကိုယ်​​နေရာမှာ ပိန်ပါးပါး ခန္ဓာကိုယ်​​လေးက အစားထိုးလားပြီး အရပ်ကလည်း အရင်ကထက် ၂လက်မ​လောက် ပိုရှည်လာသလိုပါပဲ။
​အမြဲ​သွေး​ရောင်လွှမ်း​နေတဲ့ လက်သည်းခွံကြည်ကြည်​လေး​တွေကို တယုတယပွတ်သပ်ရင်း အခုအ​ခြေအ​နေ​တွေကို မယုံနိုင်သလို ပြန်​တွေး​​နေမိတယ်။ဒီလိုအ​နေအထားနဲ့ ညီနဲ့ပြန်​တွေ့ရမယ်လို့ ဘယ်လိုမှ ထင်မထားခဲ့တာ​လေ။
​နောက်​ကျော​နောက်က အသက်ရှူသံခပ်ပြင်းပြင်း​ကြောင့် လှည့်ကြည့်မိတဲ့အခါ ​အေဂျင်စီအသိုင်းအဝိုင်းက နာမည်ကြီးအကြံ​ပေးဆိုသူက ရင်နှင့်အမျှချစ်ရတဲ့ ဒီ​ကောင်ငယ်​လေး ဖြစ်​နေလိမ့်မယ်လို့ ဘယ်ထင်ထားခဲ့ပါ့မလဲ။
ကျ​နော်မှန်း သိသွားပုံရပြီး စိတ်လှုပ်ရှား​နေတဲ့ မျက်ဝန်းဝိုင်းဝိုင်း​လေး​တွေနဲ့ မျက်နှာချင်းဆိုင်မိတဲ့အခါ တဆတ်ဆတ်တုန်ယင်​နေတဲ့ နှုတ်ခမ်းပါးရဲရဲ​တွေက မယုံကြည်နိုင်​အောင် စိတ်လှုပ်ရှား​နေပါတယ်ဆိုတဲ့ ခံစားချက်တစ်ချို့ရဲ့ ​ရှေ့​ပြေးသင်္ကတ​တွေ​ပေါ့...

Sixteen(Remade version)(Completed)Kde žijí příběhy. Začni objevovat